အက်စတွန်ဗီလာ ကြယ်ပွင့်ကို မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အပြိုင်စိတ်ဝင်စားလာတဲ့ အာဆင်နယ်

Premier League

အက်စတွန်ဗီလာ ကြယ်ပွင့်ကို မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အပြိုင်စိတ်ဝင်စားလာတဲ့ အာဆင်နယ်
—————————–

မန်ချက်စတာယူနိုက်တက် အသင်းက ခေါ်ယူဖို့စောင့်ကြည့်နေတဲ့ အက်စတွန်ဗီလာအသင်းရဲ့ ကွင်းလယ်ကစားသမား ဂျက်ဂရီလစ်ချ်ကို အာဆင်နယ်အသင်းကလည်း ကမ်းလှမ်းဖို့ စိတ်ဝင်စားလာခဲ့ပြီလို့ Sky Sports ကဖော်ပြသွားခဲ့ပါတယ်။ အသက် ၂၄နှစ်အရွယ် ဂျက်ဂရီလစ်ချ်ကို မန်ချက်စတာယူနိုက်တက် အသင်းက ကာလရှည်ပစ်မှတ်ထားလာခဲ့တာဖြစ်ပြီး လာမယ့်ရာသီအသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး အာဆင်နယ်အသင်းကလည်း ကွင်းလယ်ပိုင်းအင်အားဖြည့်တင်းဖို့ ဂျက်ဂရီလစ်ချ်ကိုစိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။

အက်စတွန်ဗီလာအသင်းကတော့ သူတို့ကစားသမားကို ပေါင် သန်း ၈၀ ထက်လျော့နည်းတဲ့ ဘယ်လိုအပြောင်းအရွှေ့မျိူးကိုမှ လက်ခံစဉ်းစားသွားမှာမဟုတ်ဘူးလို့ကြေငြာထားပါတယ်။ ဒီရာသီ အက်စတွန်ဗီလာအသင်းမှာ ခြေစွမ်းပြနေတဲ့ ဂျက်ဂရီလစ်ချ် ဟာ အေဗီလာကို ပရီးမီးယားလိဂ်မှာ တန်းတင်ကျန်ခဲ့အောင် အဓိကနေရာကနေ စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး လာမယ့်ရာသီမှာတော့ အသင်းကနေထွက်ခွာဖို့ ပြင်ဆင်ထားတယ်လို့သိရပါတယ်။ ကိုရိုနာရိုက်ခက်မှုကြောင့် အသင်းတိုင်း ငွေကြေးပိုင်းစီစစ်နေရတဲ့အချိန်မှာ အေဗီလာ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ဘယ်အသင်းက ပေးချေသွားမလဲဆိုတာတော့ စိတ်ဝင်စားစရာကောင်းလာပါတယ်။

[unicode]

Leave a Reply

Your email address will not be published. Required fields are marked *