မန်ချက်စတာယူနိုက်တက် အသင်းထံကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်လာတဲ့ ရာအူးလ် ဂျေမီနက်ဇ်

Premier League

မန်ချက်စတာယူနိုက်တက် အသင်းထံကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်လာတဲ့ ရာအူးလ် ဂျေမီနက်ဇ်
——————

ဝုဗ်လ် အသင်းရဲ့ မက်ဆီကို တိုက်စစ်မှူး ရာအူးလ်ဂျီမီနက်ဇ်ဟာ လာမယ့်နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ကို ပြောင်းရွှေ့လာဖွယ်ရှိနေကြောင်း Daily Mail ကဖော်ပြနေကြပါတယ်။ တစ်ဆက်တည်းမှာပဲ ဝုဗ်လ် အသင်းဟာ ဂျေမီနက်ဇ်နေရာမှာ အစားထိုးဖို့ ဘရာဂါတိုက်စစ်မှူး ပေါ်လင်ဟိုကို ပေါင် သန်း ၃၀ နဲ့ ခေါ်ယူသွားမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပါတယ်။ ဂျီမီနက်ဇ်ဟာ ဒီရာသီမှာ ဝုဗ်လ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၆ ဂိုး သွင်းယူထားခဲ့သူဖြစ်သလို ဖေဖော်ဝါရီလကတည်းက အသင်းပြောင်းဖို့ ဆန္ဒရှိနေတာဖြစ်ပြီး ၎င်းကို မန်စီးတီးအသင်းကလည်း စောင့်ကြည့်နေတာဖြစ်ပါတယ်။

နောက်ဆုံးထွက်ပေါ်ထားတဲ့ ပေါ်တူဂီ သတင်းတွေမှာ ဂျေမီနက်ဇ် ဟာ သူ့ရဲ့ အိပ်မက်ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းထံကို ပြောင်းရွှေ့တော့မယ်လို့ ဖော်ပြသွားခဲ့ပါတယ်။ သို့ပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းကတော့ ဒေါ့မွန်ကြယ်ပွင့် ဆန်ချိူ နဲ့ နောက် ခံလူတစ်ဦးအတွက်ကိုသာပစ်မှတ်ထားရှာဖွေနေတာဖြစ်လို့ ဂျေမီနက်ဇ်ကို ယူနိုက်တက် က ခေါ်ယူမလားဆိုတာကတော့ စဉ်းစားစရာပါ။ တစ်ဖက်က ဝုဗ်လ်အသင်းကလည်း သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးပေါင် သန်း ၅၀ ဝန်းကျင်လောက်ရမှရောင်းချသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

[unicode]

Leave a Reply

Your email address will not be published. Required fields are marked *