လီဝန်ဒေါ့စကီးနဲ့ ရော်နယ်ဒို တို့ရဲ့ အိမ်မက်တွေရိုက်ချိူးပြီး ဥရောပရွှေဖိနပ်ဆုကိုရရှိဖို့ နီးစပ်လာတဲ့ အင်မိုဘီလီ

Italy Serie A

လီဝန်ဒေါ့စကီးနဲ့ ရော်နယ်ဒို တို့ရဲ့ အိမ်မက်တွေရိုက်ချိူးပြီး ဥရောပရွှေဖိနပ်ဆုကိုရရှိဖို့ နီးစပ်လာတဲ့ အင်မိုဘီလီ
——————-

လာဇီယိုအသင်းရဲ့ ဝါရင့်တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ အင်မိုဘီလီ ဟာ ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ရောဘတ်လီဝန်ဒေါ့စကီး၊ ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်တို့ကိုကျော်ဖြတ်ပြီး ဥရောပရွှေဖိနပ်ဆုကိုရရှိဖို့ လက်တစ်ကမ်းအလိုကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ရောဘတ်လီဝန်ဒေါ့စကီး ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ၃၁ ပွဲကစားပြီး ၃၄ ဂိုးသွင်းယူကာ ဘွန်ဒက်စ်လီဂါ ဂိုးသွင်းဘုရင်ဖြစ်လာခဲ့သလို စီးရီးအေပြိုင်ပွဲမှာလည်း ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ အပြိုင်ဖြစ်နေရာကနေ အခုတော့ ရာသီကုန်ဆုံးဖို့ တစ်ပွဲသာကျန်တော့ချိန်မှာ ရော်နယ်ဒိုထက် ၄ ဂိုးအသာရသွားခဲ့ပြီး ဖြစ်ပါတယ်။

ဒါကြောင့် စီးရီးအေ ပြိုင်ပွဲပြီးဆုံးဖို့ ၁ ပွဲသာကျန်ရှိတော့တဲ့ အချိန်မှာ ရော်နယ်ဒိုအနေနဲ့ကတော့ နောက်ဆုံး ရိုးမားအသင်းနဲ့ ပွဲစဉ်မှာ အနိမ့်ဆုံး ၄ ဂိုးသွင်းနိုင်ပြီး အင်မိုဘီလီက ဂိုးမသွင်းနိုင်ခဲ့မှသာ ပူးတွဲမျှော်လင့်ခွင့်ရှိမှာဖြစ်ပါတယ်။ လက်ရှိမှာ အင်မိုဘီလီ ဟာ စီးရီးအေ သွင်းဂိုးပေါင်း ၃၅ ဂိုးအထိရရှိခဲ့လို့ လီဝန်ဒေါစကီးထက် တစ်ဂိုးအသာနဲ့ ဥရောပရွှေဖိနပ်ဆုကို ရယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေဖြစ်လာခဲ့ပါတယ်။

[unicode]

Leave a Reply

Your email address will not be published. Required fields are marked *