အက်စတွန်ဗီလာ နောက်ခံလူကို လာမယ့်နွေရာသီ အဝယ်စာရင်းထဲထည့်သွင်းခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

Premier League

အက်စတွန်ဗီလာ နောက်ခံလူကို လာမယ့်နွေရာသီ အဝယ်စာရင်းထဲထည့်သွင်းခဲ့တဲ့ မန်ချက်စတာယူနိုက်တက်
—————–

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ်နွေရာသီမှာ နောက်ခံအင်အားဖြည့်တင်းဖို့အတွက် ကစားသမားတွေရှာဖွေလျက်ရှိနေတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ တန်းကျန်ရစ်ခဲ့တဲ့ အက်စတွန်ဗီလာအသင်းရဲ့ နောက်ခံကစားသမားတစ်ဦးဖြစ်တဲ့ တိုင်ရွန်မန်းစ်ကို ခေါ်ယူဖို့ အဝယ်စာရင်းထဲမှာ ထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။ နောက်ဆုံးထွက်ပေါ်ထားတဲ့ သတင်းတွေအရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနွေအပြောင်းအရွှေ့မှာ ခံစစ်မှူးနေရာအတွက် ခေါ်ယူဖို့ စာရင်းလုပ်ထားတဲ့ ခံစစ်မှူးနေရာအတွက် လျာထားတဲ့ ကစားသမား ၄ ယောက်ဦးထည့်သွင်းထားခဲ့တာဖြစ်ပြီး နသန်အကီ၊ ကူလီဘာလေ၊ တိုင်ရွန်မန်းစ်နဲ့ အလက်စီယို ရိုမာဂနိုလီ တို့ပါဝင်နေပါတယ်။

ဒီထဲမှာ နသန်အကီကို မန်စီးတီးအသင်းက လက်ဦးသွားပြီဖြစ်လို့ ကျန် ၃ ဦးထဲက တိုင်ရွန်မန်းစ်ကို သာ အဓိက ပစ်မှတ်ထားလာခဲ့တယ်လို့ သိရပါတယ်။ အက်စတွန်ဗီလာ အသင်းသာ တန်းဆင်းသွားခဲ့ရင် တိုင်ရွန်မန်းစ် ရဲ့ တန်ဖိုးက ကျဆင်းသွားနိုင်ပေမဲ့ တန်းမဆင်းခဲ့ရတာကြောင့် ပြောင်းရွှေ့ကြေးကတော့ မြင့်မားနေဖွယ်ရှိနေပါတယ်။ ဒါကြောင့်အသင်းက ခံစစ်မှူး အချို့ကို ရောင်းထုတ်သွားဖွယ်ရှိနေပြီး မန်ချက်စတာယူနိုက်တက် အသင်း ရောင်းချသွားဖွယ်ရှိနေတဲ့ ကစားသမားတွေမှာ ဖီးလ်ဂျူံး ရိုဂျိူ တို့လို ကစားသမားတွေပါဝင်နေတယ်လို့ သိရပါတယ

[unicode]

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ်နွေရာသီမှာ နောက်ခံအင်အားဖြည့်တင်းဖို့အတွက် ကစားသမားတွေရှာဖွေလျက်ရှိနေတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ တန်းကျန်ရစ်ခဲ့တဲ့ အက်စတွန်ဗီလာအသင်းရဲ့ နောက်ခံကစားသမားတစ်ဦးဖြစ်တဲ့ တိုင်ရွန်မန်းစ်ကို ခေါ်ယူဖို့ အဝယ်စာရင်းထဲမှာ ထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။ နောက်ဆုံးထွက်ပေါ်ထားတဲ့ သတင်းတွေအရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနွေအပြောင်းအရွှေ့မှာ ခံစစ်မှူးနေရာအတွက် ခေါ်ယူဖို့ စာရင်းလုပ်ထားတဲ့ ခံစစ်မှူးနေရာအတွက် လျာထားတဲ့ ကစားသမား ၄ ယောက်ဦးထည့်သွင်းထားခဲ့တာဖြစ်ပြီး နသန်အကီ၊ ကူလီဘာလေ၊ တိုင်ရွန်မန်းစ်နဲ့ အလက်စီယို ရိုမာဂနိုလီ တို့ပါဝင်နေပါတယ်။

ဒီထဲမှာ နသန်အကီကို မန်စီးတီးအသင်းက လက်ဦးသွားပြီဖြစ်လို့ ကျန် ၃ ဦးထဲက တိုင်ရွန်မန်းစ်ကို သာ အဓိက ပစ်မှတ်ထားလာခဲ့တယ်လို့ သိရပါတယ်။ အက်စတွန်ဗီလာ အသင်းသာ တန်းဆင်းသွားခဲ့ရင် တိုင်ရွန်မန်းစ် ရဲ့ တန်ဖိုးက ကျဆင်းသွားနိုင်ပေမဲ့ တန်းမဆင်းခဲ့ရတာကြောင့် ပြောင်းရွှေ့ကြေးကတော့ မြင့်မားနေဖွယ်ရှိနေပါတယ်။ ဒါကြောင့်အသင်းက ခံစစ်မှူး အချို့ကို ရောင်းထုတ်သွားဖွယ်ရှိနေပြီး မန်ချက်စတာယူနိုက်တက် အသင်း ရောင်းချသွားဖွယ်ရှိနေတဲ့ ကစားသမားတွေမှာ ဖီးလ်ဂျူံး ရိုဂျိူ တို့လို ကစားသမားတွေပါဝင်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *