ရုန်းကန်နေရတဲ့ တိုက်စစ်ပိုင်းပြဿနာတွေကိုဖြေရှင်းဖို့ စပါးတိုက်စစ်မှူး ကို မျက်စိကျလာတဲ့ ပတ်ဂွာဒီယိုလာ

Premier League

ရုန်းကန်နေရတဲ့ တိုက်စစ်ပိုင်းပြဿနာတွေကိုဖြေရှင်းဖို့ စပါးတိုက်စစ်မှူး ကို မျက်စိကျလာတဲ့ ပတ်ဂွာဒီယိုလာ
——————-

လက်ရှိရာသီမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ မန်စီးတီး နည်းပြ ပတ်ဂွာဒီယိုလာက တိုက်စစ်ပိုင်းအင်အားဖြည့်တင်းဖို့ တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူပေးဖို့ အသင်းဘုတ်အဖွဲ့ကို တောင်းဆိုလိုက်တယ်လို့ The Sun ကဖော်ပြသွားပါတယ်။ မန်စီးတီး ဟာ အသက်အရွယ်အရ အကျပိုင်းကိုရော်ရှိလာပြီဖြစ်တဲ့ တိုက်စစ်မှူ အဂွဲရိုးရဲ့ နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူးတစ်ဦးရှာဖွေနေတာဖြစ်ပြီး ဟယ်ရီကိန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဟယ်ရီကိန်းကိုတိုင်ကလည်း အသက် ၂၇ နှစ်ကိုရောက်ရှိလာပြီဖြစ်လို့ လက်ရှိရာသီမှာ စပါးအသင်းအနေနဲ့ ဆုဖလားအောင်မြင်မှုသာမရရှိခဲ့ဘူးဆိုရင် အသင်းကနေထွက်ခွာသွားဖွယ်ရှိနေပါတယ်။ လက်ရှိ မန်စီးတီးအသင်းမှာ အထောင်တိုက်စစ်မှူးကစားနေတဲ့ အဂွဲရိုးကလည်း ဒဏ်ရာပြဿနာတွေကြောင့် ပုံမှန်ပွဲထွက်ခွင့်မရသလို ဂျေဆုကလည်း စီးတီးတိုက်စစ်ကို ဦးဆောင်ဖို့ ရုန်းကန်နေရတာကြောင့် ဂွါဒီယိုလာက အထောင်တိုက်စစ်မှူးတစ်ဦး ခေါ်ယူချင်နေတာဖြစ်ပါတယ်။ သို့သော်လည်း စီးတီးတို့ ဟယ်ရီကိန်းကိုခေါ်ယူနိုင်ရေးဟာလက် ပေါက်ကပ်တဲ့ စပါးဥက္ကဋ္ဌ ဒန်နီရယ်လီဗိုင်းကြောင့် ခက်ခဲဖွယ်ရှိနေပြီး ကစာသမားကိုယ်တိုင်က ထွက်ခွာချင်မှသာ ဖြစ်နိုင်ဖွယ်ရှိနေပါတယ်။

[unicode]



Leave a Reply

Your email address will not be published. Required fields are marked *