ပြိုင်ဘက် ကစားသမားရဲ့ ငယ်ပါကို ကိုင်ညှစ်ခဲ့လို့ ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရတော့မယ့် ကစားသမား
—————————
ပြီးခဲ့တဲ့စနေနေ့က ပရက်စတန်အသင်းက ရှက်ဖီးဝမ်းနက်စ်ဒေး အသင်းကို ၁ – ၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အင်္ဂလန် ချန်ပီယံရှစ်ပွဲစဉ်တစ်ခုမှာ ရှက်ဖီးဝမ်းနက်စ်ဒေး ကစားသမားတစ်ဦးက ပရက်စတန်အသင်း ကစားသမားတစ်ဦးရဲ့ လိင်အင်္ဂါကို ကိုင်တွယ်ခဲ့လို့ စုံစမ်းစစ်ဆေးခံနေရပြီလို့ သိရပါတယ်။ ဒီဖြစ်စဉ်ကို ကွင်းလယ်ဒိုင်က အရေးယူမှု တစ်စုံတစ်ရာမပြုလုပ်ခဲ့ပေမယ့်လည်း FA ကတော့ အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေပြီး အတည်ပြုနိုင်ခဲ့ရင် ၃ ပွဲပယ်ပြစ်ဒဏ်အထိ ချမှတ်သွားဖွယ်ရှိနေပါတယ်။
ဒီဖြစ်စဉ်ဟာ ရှက်ဖီးဝမ်းနက်စ်ဒေး အသင်းက ဒေါင့်ကန်ဘောရရှိချိန်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဖစ်ရှာ ဟာ ပီတာဆန် ကို တမင်သက်သက်ကိုင်တွယ်ခဲ့ဟန်လည်းရှိပါတယ်။ အဲဒီလိုအချိန်မှာ ပီတာဆန်က ကွင်းလယ်ဒိုင်ဆီကို လှမ်းကြည့်ခဲ့ပေမယ့် တစ်စုံတစ်ရာပြစ်မှုကိုမှ မချမှတ်ခဲ့တာက ဖစ်ရှာအတွက် ကံကောင်းခဲ့တယ်လို့ ပြောရမှာပါ။ ခုချိန်မှာတော့ ဒီအဖြစ်အပျက်ကို FA ကစုံစမ်းနေပြီး ပြစ်မှု ကိုဖော် ထုတ်နိုင်ခဲ့ရင် ဖစ်ရှာတစ်ယောက် ပွဲပယ်ပြစ်ဒဏ်ကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။
[unicode]