ရင်းနက်စ်နဲ့ ကစားမယ့် ချန်ပီယံလိဂ်လူစာရင်းမှာ ပါဝင်လာဖွယ်ရှိနေတဲ့ ကိုင်ဟာဗက်စ်

Premier League

ရင်းနက်စ်နဲ့ ကစားမယ့် ချန်ပီယံလိဂ်လူစာရင်းမှာ ပါဝင်လာဖွယ်ရှိနေတဲ့ ကိုင်ဟာဗက်စ်
——————-

ကိုရိုနာဗိုင်းရပ်စ် positive ကြောင့် ချယ်လ်ဆီးအသင်းရဲ့ ပွဲစဉ်တွေကိုလွဲချော်ထားတဲ့ ကွင်းလယ်ကစားသမား ကိုင်ဟာဗက်စ် နဲ့ပတ်သက်ပြီး နည်းပြလမ်းပတ်က ယနေ့ညကစားမယ့် ရင်းနက်စ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ပါဝင်ဖွယ်ရှိ မရှိထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဟာဗက်စ်ဟာ လက်ရှိအချိန်မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေခဲ့ပြီဖြစ်လို့ ရင်းနက်စ်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိနေတယ်လို့ လမ်းပတ်က ဆိုပါတယ်။

ဟာဗက်စ်ဟာ လွန်ခဲ့တဲ့ သုံးပတ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာဖြစ်ပြီး ၁၄ ရက်ကြာ Quarantine ဝင်ခဲ့ပြီးနောက် ဆေးစစ်မှုတွေပြန်လည်ပြုလုပ်ခဲ့ရာမှာတော့ ရောဂါပိုးကင်းစင်သွားခဲ့တာကြောင့် အသင်းနဲ့ ပြန်လည်ပူးပေါင်းခွင့်ရထားခဲ့သူလည်းဖြစ်ပါတယ်။ ဟာဗက်ဇ်ဟာ နယူးကာဆယ်နဲ့ပွဲမတိုင်ခင်ကတည်းက လေ့ကျင့်ခန်းဆင်းနေခဲ့တာဖြစ်ပေမယ့် ကြံ့ခိုင်မှုမပြည့်ဝသေးတာကြောင့် ပါဝင်ခွင့်မရခဲ့တာဖြစ်ပြီး ဒီနေ့ညကစားမယ့် ရင်းနက်စ်နဲ့ပွဲလူစာရင်းမှာတော့ ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။

[unicode]



Leave a Reply

Your email address will not be published. Required fields are marked *