ပထမအကျော့ရှုံးကြွေးကို အိုးထရက်ဖို့ဒ်ခေါ်ပြီး ဂိုးပြတ်လက်စားချေပြလိုက်တဲ့ မန်ချက်စတာယူနိုက်တက်

Premier League

ပထမအကျော့ရှုံးကြွေးကို အိုးထရက်ဖို့ဒ်ခေါ်ပြီး ဂိုးပြတ်လက်စားချေပြလိုက်တဲ့ မန်ချက်စတာယူနိုက်တက်
——————————-

မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အစ်စတန်ဘူလ် တို့ရဲ့ ပွဲစဉ်မှာတော့ မန်ချက်စတာယူနိုက်တက် အသင်းက အဝေးကွင်းရှုံးနိမ့်ခဲ့မှုကို အိမ်ကွင်းမှာ ၄ – ၁ ရလဒ်နဲ့ ကောင်းကောင်းလက်စားပြန်ချေနိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ကာဗာနီ၊ ရက်ရှ်ဖို့ဒ်၊ ဘရူနိုဖာနန်ဒက်စ်၊ မာရှယ်လ်၊ ဖရက်ဒ်၊ ဗန်ဒီဘိခ်တို့ ပါဝင်ခဲ့ပြီး ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းပြနဲ့ ပထမပိုင်းမှာတင် သွင်းဂိုး ၃ ဂိုး ရယူနိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းအတွက် သွင်းဂိုးတွေကိုတော့ ပွဲချိန် (၇)မိနစ်နဲ့ (၁၉) မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်၊ ပွဲချိန် (၃၅)မိနစ်မှာ ရပ်ရှ်ဖို့ဒ်က ပယ်နယ်တီကနေ သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ အစ်တန်ဘူလ်ဘက်ရှီးယား ကစားပုံမွန်လာခဲ့ပြီး အခွင့်အရေးတစ်ချိူ့လည်းရရှိခဲ့ပါတယ်။

ဆိုးလ်ရှားက လင်ဒီလော့ဖ်၊ ရက်ရှိဖို့ဒ်၊ ဖာနန်ဒက်စ်၊ ဝမ်ဘစ်ဆာကာတို့ကိုအနားပေးပြီး တွမ်ဇွမ်ဘီ၊ ဂရင်းဝုဒ်၊ ဒန်နီရယ်ဂျိမ်းစ် နဲ့ ဘရန်ဒန်ဝီလီယံ တို့ကိုထည့်သွင်းကစားခဲ့ပါတယ်။ ပွဲချိန် ၇၅ မိနစ်မှာတော့ ဒမ်ဘာဘကို ဖရက်ဒ်ကစားပုံကြမ်းတမ်းခဲ့လို့ ရရှိခဲ့တဲ့ ပြစ်ဒဏ်ဘောကို တူရက် လှလှပပ ကန်ခဲ့ပြီး ဒီဂီယာပုတ်ထုတ်ခဲ့ပေမယ့် ဂိုးလိုင်းနည်းပညာအရ ဘောလုံးကဂိုးစည်းကျော်သွားခဲ့တာကြောင့် အစ်စတန်ဘူလ်ဘက်ရှီးယား ချေပဂိုးတစ်ဂိုး ပြန်လည်ရရှိခဲ့ပါတယ်။ ပွဲပြီးဆုံးခါနီး နာကျင်ချိန်ပိုမှာတော့ မန်ချက်စတာယူနိုက်တက် အသင်းက သွင်းဂိုးတစ်ဂိုးထပ်မံရရှိခဲ့ပြီး အဆိုပါသွင်းဂိုးကိုတော့ ဂရင်းဝုဒ်ရဲ့ ဖန်တီးပေးမှုကတစ်ဆင့် ဒန်နီရယ်ဂျိမ်းစ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ နိုင်ပွဲရလဒ်ကြောင့် မန်ချက်စတာယူနိုက်တက် အသင်းဟာ အုပ်စုဇယားထိပ်မှာ ရမှတ် ၉ မှတ်နဲ့ နောက်တစ်ဆင့်တက်လှမ်းဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။

[unicode]


Leave a Reply

Your email address will not be published. Required fields are marked *