ပေါ့ဂ်ဘာရဲ့ သွင်းဂိုးနဲ့ လီဗာပူးလ်ကို ၃ မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

Premier League

ပေါ့ဂ်ဘာရဲ့ သွင်းဂိုးနဲ့ လီဗာပူးလ်ကို ၃ မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်
——————————

ဘန်လေအသင်းနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ မန်ချက်စတာယူနိုက်တက် အသင်းက ပေါ့ဂ်ဘာရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အမှတ်ပေးဇယားထိပ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ယူနိုက်တက် တို့ဟာ ဒီပွဲစဉ်မှာ သရေ (သို့) အနိုင်ရရှိမယ်ဆိုရင် အ မှတ်ပေးဇယားကို ဦးဆောင်နိုင်မှာဖြစ်လို့ ပွဲစကတည်းက အင်တိုက်အားတိုက်နဲ့ ဂိုးရဖို့ ကြိုးစားလာတာကိုမြင်တွေ့ခဲ့ရပါတယ်။ ယူနိုက်တက်ရဲ့ ပွဲထွက်စာရင်းမှာ ကာဗာနီ၊ ရပ်ရှ်ဖို့ဒ်၊ မာရှယ်၊ ဘရူနိုဖာနန်ဒက်စ်၊ ပေါ့ဂ်ဘာ၊ မက်ဂွိုင်းရားတို့နဲ့ လူစုံပွဲထွက်ခဲ့ပြီး ဘန်လေအသင်းမှာလည်း ဘန်းစ်၊ ခရစ္စဝုဒ်၊ ဝက်စ်ဝုဒ်၊ ဘန်မီးတို့နဲ့ လူစုံခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ပွဲစကတည်းက ဘောလုံးပိုင် ဆိုင်မှု အသာရယူကာ ကစားနိုင်ခဲ့ပေမဲ့လည်း သွင်းဂိုးတွေကိုတော့ မြင်တွေ့ခဲ့ရခြင်းမရှိပါဘူး။

ဒုတိယပိုင်းမှာတော့ မန်ချက်စတာယူနိုက်တက် အသင်း ကစားပုံကောင်းမွန်လာခဲ့ပြီး ပွဲချိန် မိနစ် ၇၀ ကျော်မှာတော့ ညာခြမ်းကနေ ရက်ရှ်ဖို့ဒ်ရဲ့ ပေးပို့မှုကို ပေါ့ဂ်ဘာက မြေမကျကန်ချက်နဲ့ လှလှပပ ကန်သွင်းယူကာ ယူနိုက်တက်အတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။ ဂိုးပေး လိုက်ရတဲ့ ဘန်လေအသင်းကလည်း အဓိက ကစားသမားတွေဖြစ်တဲ့ မက်နေး၊ ဂျေးရိုဒရီဂွက်၊ ဗီဒရာတို့ကိုထည့်ပြီး တိုက်စစ်မြှင့်တင်ခဲ့ပေမယ့် ဘိုင်လီနဲ့ မက်ဂွာရီခံစစ်အတွဲက အကောင်းဆုံး ပုံစံမှာရှိနေခဲ့လို့ ထင်သလောက်အလုပ်မဖြစ်ခဲ့ပါဘူး။ ပွဲပြီးဆုံးချိန်မှာတော့ မန်ချက်စတာယူနိုက်တက် အသင်းက ၀ – ၁ နဲ့ အနိုင်ရရှိခဲ့ပြီး လီဗာပူးလ်အသင်းကို ၃ မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါဟာ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန် ရဲ့ ၂၀၁၂ – ၁၃ ဘောလုံးရာသီနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ် (၁၇)အပြီးမှာ အမှတ်ပေးဇ ယား ကို ပြန်လည်ဦးဆောင်နိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

[zawgyi]

ဘန္ေလအသင္းနဲ႔ မန္ခ်က္စတာယူႏိုက္တက္ အသင္းတို႔ရဲ႕ ပြဲစဥ္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္ အသင္းက ေပါ့ဂ္ဘာရဲ႕ တစ္လုံးတည္းေသာဂိုးနဲ႔ အမွတ္ေပးဇယားထိပ္ကို တက္လွမ္းႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္ တို႔ဟာ ဒီပြဲစဥ္မွာ သေရ (သို႔) အႏိုင္ရရွိမယ္ဆိုရင္ အ မွတ္ေပးဇယားကို ဦးေဆာင္ႏိုင္မွာျဖစ္လို႔ ပြဲစကတည္းက အင္တိုက္အားတိုက္နဲ႔ ဂိုးရဖို႔ ႀကိဳးစားလာတာကိုျမင္ေတြ႕ခဲ့ရပါတယ္။ ယူႏိုက္တက္ရဲ႕ ပြဲထြက္စာရင္းမွာ ကာဗာနီ၊ ရပ္ရွ္ဖို႔ဒ္၊ မာရွယ္၊ ဘ႐ူႏိုဖာနန္ဒက္စ္၊ ေပါ့ဂ္ဘာ၊ မက္ဂြိဳင္းရားတို႔နဲ႔ လူစုံပြဲထြက္ခဲ့ၿပီး ဘန္ေလအသင္းမွာလည္း ဘန္းစ္၊ ခရစၥဝုဒ္၊ ဝက္စ္ဝုဒ္၊ ဘန္မီးတို႔နဲ႔ လူစုံခဲ့ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ ပြဲစကတည္းက ေဘာလုံးပိုင္ ဆိုင္မႈ အသာရယူကာ ကစားႏိုင္ခဲ့ေပမဲ့လည္း သြင္းဂိုးေတြကိုေတာ့ ျမင္ေတြ႕ခဲ့ရျခင္းမရွိပါဘူး။ ဒုတိယပိုင္းမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္ အသင္း ကစားပုံေကာင္းမြန္လာခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၇၀ ေက်ာ္မွာေတာ့ ညာျခမ္းကေန ရက္ရွ္ဖို႔ဒ္ရဲ႕ ေပးပို႔မႈကို ေပါ့ဂ္ဘာက ေျမမက်ကန္ခ်က္နဲ႔ လွလွပပ ကန္သြင္းယူကာ ယူႏိုက္တက္အတြက္ ဦးေဆာင္ဂိုး ရယူေပးခဲ့ပါတယ္။ ဂိုးေပး လိုက္ရတဲ့ ဘန္ေလအသင္းကလည္း အဓိက ကစားသမားေတြျဖစ္တဲ့ မက္ေနး၊ ေဂ်း႐ိုဒရီဂြက္၊ ဗီဒရာတို႔ကိုထည့္ၿပီး တိုက္စစ္ျမႇင့္တင္ခဲ့ေပမယ့္ ဘိုင္လီနဲ႔ မက္ဂြာရီခံစစ္အတြဲက အေကာင္းဆုံး ပုံစံမွာရွိေနခဲ့လို႔ ထင္သေလာက္အလုပ္မျဖစ္ခဲ့ပါဘူး။ ပြဲၿပီးဆုံးခ်ိန္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္ အသင္းက ၀ – ၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီး လီဗာပူးလ္အသင္းကို ၃ မွတ္ျဖတ္ၿပီး အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ ဒါဟာ ဂႏၴဝင္နည္းျပႀကီး ဖာဂူဆန္ ရဲ႕ ၂၀၁၂ – ၁၃ ေဘာလုံးရာသီေနာက္ပိုင္း ပရီးမီးယားလိဂ္ပြဲစဥ္ (၁၇)အၿပီးမွာ အမွတ္ေပးဇ ယား ကို ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ျခင္းလည္းျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *