FA ဖလား ရှုံးကြွေးဆပ်နိုင်ခဲ့သလို ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာအထိ တက်လှမ်းလာနိုင်ခဲ့တဲ့ အာဆင်နယ်

Premier League

FA ဖလား ရှုံးကြွေးဆပ်နိုင်ခဲ့သလို ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာအထိ တက်လှမ်းလာနိုင်ခဲ့တဲ့ အာဆင်နယ်
——————————-

ဆောက်သမ်တန်နဲ့ အာဆင်နယ်ပွဲမှာတော့ အာဆင်နယ်အသင်းက ဆောက်သမ်တမ်အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရပြီး FA ဖလား ရှုံးကြွေးကို ဆပ်နိုင်ခဲ့ပါတယ်။ဆောက်သမ်တန်အသင်းက ဒန်နီအင့်စ်၊ အဒမ်စ်၊ ဝက်စ်ပရောက်တို့နဲ့ လူစုံခဲ့သလို အာဆင်နယ်အသင်းကလည်း လာကာဇက် ဘာကာယိုဆာကာ နဲ့ နီကိုလက်စ် ပီပီ တို့လို့ အဓိက ကစားသမားတွေနဲ့ ရင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။ဆောက်သမ်တန်အသင်းဟာ ပွဲအစ (၃)မိနစ်မှာ အမ်းစထရောင်းရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမဲ့ း ပွဲချိန် (၈)မိနစ်မှာပဲ ပီပီ ကအာဆင်နယ်အသင်းအတွက်ချေပဂိုးပြန်လည်ရယူပေးနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲစဉ်မှာ ဆောက်သမ်တန်အသင်းက အာဆင်နယ်နောက်တန်းတွေကို အလုပ်ရှုပ်စေခဲ့ပေမယ့်လည်း တစ်ကယ်တန်း ဂိုးထပ်မံရရှိခဲ့တာကတော့ အာဆင်နယ်ဖြစ်ခဲ့ပြီး ဆာကာ ကပွဲချိန် (၃၉)မိနစ်မှာ ဦးဆောင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံး ဂိုးတွေရဖို့အတွက် ကြိုးစားခဲ့ကြပေမဲ့ ဂိုးထပ်ရခဲ့တာက အာဆင်နယ်ဖြစ်ပြီး ပွဲချိန် (၇၂) မိနစ်မှာ လာကာဇက်က အသင်းအတွက် တတိယဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ အနိုင်ရတဲ့ အာဆင်နယ်အသင်းဟာ ရမှတ် (၃၀)မှတ်နဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် (၈)နေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

[zawgyi]


Leave a Reply

Your email address will not be published. Required fields are marked *