ယူနိုက်တက်မှာ ပေါ့ဂ်ဘာ ဆက်ရှိနေနိုင်မယ့် တစ်ခုတည်းသောအကြောင်းအရင်းကို ဖာဒီနန် ထုတ်ဖော်ပြောကြား

Premier League

ယူနိုက်တက်မှာ ပေါ့ဂ်ဘာ ဆက်ရှိနေနိုင်မယ့် တစ်ခုတည်းသောအကြောင်းအရင်းကို ဖာဒီနန် ထုတ်ဖော်ပြောကြား
———————–

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နောက်ခံကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ရီယိုဖာဒီနန်ကတော့ ပေါ့ဂ်ဘာအနေနဲ့ ပရီးမီးယားလိဂ်ဖလားသာရရှိခဲ့ပါက အသင်းမှာဆက်ရှိနေမယ်လို့ ယုံကြည်ကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နိုဝင်ဘာလနောက်ပိုင်းကစလို့ ဒဏ်ရာကင်းစင်လာတဲ့ ပြင်သစ်သားဟာ ယူနိုက်တက် မှာ ပုံစံကောင်းတွေပြန်လည်ပြသထားနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ အသက် ၂၇နှစ် အရွယ် ပေါ့ဂ်ဘာတစ်ယောက် ပြီးခဲ့တဲ့ လပိုင်းအတွင်းက အသင်းကထွက်ခွာတော့မယ်လို့ အေးဂျင့်ဖြစ်တဲ့ ရွိုင်အိုလာ ကထုတ်ဖော်ပြောဆိုခဲ့ပေမယ့်လည်း လက်ရှိရာသီမှာသာ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် အသင်းမှာဆက်ရှိနေလိမ့်မယ်လို့ ဖာဒီနန်က ယုံကြည်နေတာဖြစ်ပါတယ်။

ဖာဒီနန်က ပြောဆိုခဲ့ရာမှာတော့” ကျွန်တော့ သူ့အကြောင်းကောင်းကောင်းမသိခဲ့ပေမယ့် သူနဲ့စကားပြောဆိုဖြစ်တိုင်း ပုံမှန်ကစားနေရရင် သူက ပျော်ရွှင်နေပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ဖလားသာ ယူနိုက်တက် ဆွတ်ခူးသွားမယ်ဆိုရင် သူလည်း အသင်းပြောင်းဖို့ ခက်ခဲသွားမယ်လို့ ထင်ပါတယ်။ သူက ယူနိုက်တက် နဲ့ အတူ ဆုဖလားတွေ ရယူချင်နေတဲ့ သူမျိူးပါ။ ယူနိုက်တက် က ဆုဖလားလမ်းကြောင်းပေါ်မှာ ရှိနေသရွေ့ သူနဲ့ စာချုပ်အသစ် ချုပ်ဆိုဖို့ကလည်း မဖြစ်လာနိုင်စရာ မရှိပါဘူး” လို့ ဖာဒီနန်ကပြောဆိုသွားခဲ့ပါတယ်။

[zawgyi]

မန္ခ်က္စတာယူႏိုက္တက္ အသင္းရဲ႕ ေနာက္ခံကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ရီယိုဖာဒီနန္ကေတာ့ ေပါ့ဂ္ဘာအေနနဲ႔ ပရီးမီးယားလိဂ္ဖလားသာရရွိခဲ့ပါက အသင္းမွာဆက္ရွိေနမယ္လို႔ ယုံၾကည္ေၾကာင္းထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ ႏိုဝင္ဘာလေနာက္ပိုင္းကစလို႔ ဒဏ္ရာကင္းစင္လာတဲ့ ျပင္သစ္သားဟာ ယူႏိုက္တက္ မွာ ပုံစံေကာင္းေတြျပန္လည္ျပသထားႏိုင္သူတစ္ဦးလည္းျဖစ္ပါတယ္။ အသက္ ၂၇ႏွစ္ အ႐ြယ္ ေပါ့ဂ္ဘာတစ္ေယာက္ ၿပီးခဲ့တဲ့ လပိုင္းအတြင္းက အသင္းကထြက္ခြာေတာ့မယ္လို႔ ေအးဂ်င့္ျဖစ္တဲ့ ႐ြိဳင္အိုလာ ကထုတ္ေဖာ္ေျပာဆိုခဲ့ေပမယ့္လည္း လက္ရွိရာသီမွာသာ ပရီးမီးယားလိဂ္ဖလား ဆြတ္ခူးႏိုင္ခဲ့မယ္ဆိုရင္ အသင္းမွာဆက္ရွိေနလိမ့္မယ္လို႔ ဖာဒီနန္က ယုံၾကည္ေနတာျဖစ္ပါတယ္။ဖာဒီနန္က ေျပာဆိုခဲ့ရာမွာေတာ့” ကြၽန္ေတာ့ သူ႔အေၾကာင္းေကာင္းေကာင္းမသိခဲ့ေပမယ့္ သူနဲ႔စကားေျပာဆိုျဖစ္တိုင္း ပုံမွန္ကစားေနရရင္ သူက ေပ်ာ္႐ႊင္ေနပါတယ္။ ဒီရာသီ ပရီးမီးယားလိဂ္ဖလားသာ ယူႏိုက္တက္ ဆြတ္ခူးသြားမယ္ဆိုရင္ သူလည္း အသင္းေျပာင္းဖို႔ ခက္ခဲသြားမယ္လို႔ ထင္ပါတယ္။ သူက ယူႏိုက္တက္ နဲ႔ အတူ ဆုဖလားေတြ ရယူခ်င္ေနတဲ့ သူမ်ိဴးပါ။ ယူႏိုက္တက္ က ဆုဖလားလမ္းေၾကာင္းေပၚမွာ ရွိေနသေ႐ြ႕ သူနဲ႔ စာခ်ဳပ္အသစ္ ခ်ဳပ္ဆိုဖို႔ကလည္း မျဖစ္လာႏိုင္စရာ မရွိပါဘူး” လို႔ ဖာဒီနန္ကေျပာဆိုသြားခဲ့ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *