ဆောင်းရာသီဈေးကွက်ထဲမှာ ကစားသမားသစ် ခေါ်ယူနိုင်ဖွယ်မရှိတော့ဘူးလို့ ဆိုးလ်ရှား အတည်ပြု

Premier League

ဆောင်းရာသီဈေးကွက်ထဲမှာ ကစားသမားသစ် ခေါ်ယူနိုင်ဖွယ်မရှိတော့ဘူးလို့ ဆိုးလ်ရှား အတည်ပြု
——————————–

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ အိုလီဂန်နာဆိုးလ်ရှားကတော့ လက်ရှိဈေးကွက်အတွင်းမှာ နောက်ထပ်ကစားသစ် ခေါ်ယူမှုရှိတော့မှာမဟုတ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့‌နွေရာသီဈေးကွက်အတွင်းမှာ ဗန်ဒီဘိခ်၊ အဲလက်စ်တယ်လက်စ်၊ ကာဗာနီ၊ ပယ်လီစထရီနဲ့ အာမက်ဒီယယ်လိုတို့ကို ခေါ်ယူခဲ့ပေမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာတော့ ကစားသမားအထွက်ပိုင်းကိုသာ ဦးစားပေးသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ဆိုးလ်ရှားက ပြောဆိုခဲ့ရာမှာတော့ “ကစားသမားသစ်ရောက်ဖို့ကတော့ မဖြစ်နိုင်လောက်တော့ဘူးလို့ပဲ ကျွန်တော် ထင်ပါတယ်။ လက်ရှိလူအင်အားနဲ့တင် အသင်းကအတော်လေးကောင်းနေပါပြီ၊ ကစားသမားသစ်ထပ်ရောက်လာရင်တော့ အံ့သြမိမှာပါ။ ကျွန်တော်တော့ မထင်ပါဘူး။ ခုကာလက အသင်းက မလိုအပ်တော့တဲ့ ကစားသမားတွေကိုပဲ ထွက်ခွာခွင့်ပေးဖို့ လိုပါတော့တယ်” လို့ ဆိုးလ်ရှားကပြောဆိုခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ယနေ့ညမှာတော့ ရှက်ဖီးလ်ယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။

[zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ နည္းျပ အိုလီဂန္နာဆိုးလ္ရွားကေတာ့ လက္ရွိေဈးကြက္အတြင္းမွာ ေနာက္ထပ္ကစားသစ္ ေခၚယူမႈရွိေတာ့မွာမဟုတ္ေၾကာင္း အတည္ျပဳသြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့‌ေႏြရာသီေဈးကြက္အတြင္းမွာ ဗန္ဒီဘိခ္၊ အဲလက္စ္တယ္လက္စ္၊ ကာဗာနီ၊ ပယ္လီစထရီနဲ႔ အာမက္ဒီယယ္လိုတို႔ကို ေခၚယူခဲ့ေပမယ့္ ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕မွာေတာ့ ကစားသမားအထြက္ပိုင္းကိုသာ ဦးစားေပးသြားဖြယ္ရွိေနတယ္လို႔ သိရပါတယ္။ဆိုးလ္ရွားက ေျပာဆိုခဲ့ရာမွာေတာ့ “ကစားသမားသစ္ေရာက္ဖို႔ကေတာ့ မျဖစ္ႏိုင္ေလာက္ေတာ့ဘူးလို႔ပဲ ကြၽန္ေတာ္ ထင္ပါတယ္။ လက္ရွိလူအင္အားနဲ႔တင္ အသင္းကအေတာ္ေလးေကာင္းေနပါၿပီ၊ ကစားသမားသစ္ထပ္ေရာက္လာရင္ေတာ့ အံ့ၾသမိမွာပါ။ ကြၽန္ေတာ္ေတာ့ မထင္ပါဘူး။ ခုကာလက အသင္းက မလိုအပ္ေတာ့တဲ့ ကစားသမားေတြကိုပဲ ထြက္ခြာခြင့္ေပးဖို႔ လိုပါေတာ့တယ္” လို႔ ဆိုးလ္ရွားကေျပာဆိုခဲ့ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ ယေန႔ညမွာေတာ့ ရွက္ဖီးလ္ယူႏိုက္တက္အသင္းကို အိမ္ကြင္းမွာ လက္ခံကစားသြားရမွာလည္းျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *