ချယ်လ်ဆီးနည်းပြဘဝ ပွဲဦးထွက်မှာပဲ သရေရလဒ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ တူချယ်လ်

Premier League

ချယ်လ်ဆီးနည်းပြဘဝ ပွဲဦးထွက်မှာပဲ သရေရလဒ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ တူချယ်လ်
———————————

နည်းပြသစ်တူချယ်လ် ရဲ့ ပွဲဦးထွက်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ချယ်လ်ဆီး အသင်းနဲ့ ဝုလ်ဗ် အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဂိုးမရှိသရေနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ တူချယ်လ်ဟာ ဝုလ်ဗ်အသင်းနဲ့ ပွဲစဉ်အတွက် အသင်းကိုရောက်စမှာနေ့မှာပဲ လေ့ကျင့်ရေးဆင်းခဲ့ပြီး အားလုံးရဲ့ စိတ်ဝင်စားချင်းကိုရယူနိုင်ခဲ့ပါတယ်။ လမ်းပတ်ရဲ့ ပွဲထွက်လူစာရင်းကို ၄ နေရာအပြောင်းအလဲလုပ်ခဲ့သလို တိုက်စစ်အသားပေးဟန်ဖြစ်တဲ့ ၄-၃-၃ အစား ဒီနေ့ပွဲစဉ်မှာ ၄-၂-၃-၁နဲ့ ပွဲထွက်လာတာဖြစ်တယ်။

ချယ်လ်ဆီးအသင်း ဝုလ်ဗ်နဲ့ ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု (၇၈.၉%)အထိရှိခဲ့ပြီး Passing အရေအတွက်ကလည်း (၈၁၀) ကြိမ်ရှိခဲ့တာကတော့ ပရီးမီးယားလိဂ်ပွဲဦးထွက် နည်းပြတစ်ဦးအနေနဲ့ စံချိန်တင်ပမာဏပဲဖြစ်ပါတယ်။ သို့သော်လည်း ဝုလ်ဗ်အသင်းတိုက်စစ်မှူး ပတ်ဒရိုနီတိုရဲ့ကန်သွင်းမှု ဂိုးဘားတန်းထိထွက်သွားတာကတော့ ချယ်လ်ဆီးအသင်း သက်သာရာရခဲ့တယ်လို့ဆိုရမှာပါ။ ဒုတိယပိုင်းပြီးခါနီးမှာ ဇီယက်ချ်အစား မေဆွန်မောင့် ဝင်လာချိန်မှာတော့ ချယ်လ်ဆီးတို့ တိုက်စစ် ပိုင်းကသိသိသာသာကောင်းမွန်ခဲ့ပေမယ့်လည်း ပွဲပြီးဆုံးချိန်အထိ ဂိုးမသွင်းနိုင်ခဲ့လို့ တူချယ်လ်ရဲ့ ချယ်လ်ဆီးနည်းပြ ပထဆုံးပွဲကတော့ သရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

[zawgyi]

နည္းျပသစ္တူခ်ယ္လ္ ရဲ႕ ပြဲဦးထြက္ပြဲစဥ္တစ္ပြဲျဖစ္တဲ့ ခ်ယ္လ္ဆီး အသင္းနဲ႔ ဝုလ္ဗ္ အသင္းတို႔ရဲ႕ ပြဲစဥ္မွာေတာ့ ဂိုးမရွိသေရနဲ႔ ၿပီးဆုံးသြားခဲ့ပါတယ္။ တူခ်ယ္လ္ဟာ ဝုလ္ဗ္အသင္းနဲ႔ ပြဲစဥ္အတြက္ အသင္းကိုေရာက္စမွာေန႔မွာပဲ ေလ့က်င့္ေရးဆင္းခဲ့ၿပီး အားလုံးရဲ႕ စိတ္ဝင္စားခ်င္းကိုရယူႏိုင္ခဲ့ပါတယ္။ လမ္းပတ္ရဲ႕ ပြဲထြက္လူစာရင္းကို ၄ ေနရာအေျပာင္းအလဲလုပ္ခဲ့သလို တိုက္စစ္အသားေပးဟန္ျဖစ္တဲ့ ၄-၃-၃ အစား ဒီေန႔ပြဲစဥ္မွာ ၄-၂-၃-၁နဲ႔ ပြဲထြက္လာတာျဖစ္တယ္။ခ်ယ္လ္ဆီးအသင္း ဝုလ္ဗ္နဲ႔ ပြဲမွာ ေဘာလုံးပိုင္ဆိုင္မႈ (၇၈.၉%)အထိရွိခဲ့ၿပီး Passing အေရအတြက္ကလည္း (၈၁၀) ႀကိမ္ရွိခဲ့တာကေတာ့ ပရီးမီးယားလိဂ္ပြဲဦးထြက္ နည္းျပတစ္ဦးအေနနဲ႔ စံခ်ိန္တင္ပမာဏပဲျဖစ္ပါတယ္။ သို႔ေသာ္လည္း ဝုလ္ဗ္အသင္းတိုက္စစ္မႉး ပတ္ဒ႐ိုနီတိုရဲ႕ကန္သြင္းမႈ ဂိုးဘားတန္းထိထြက္သြားတာကေတာ့ ခ်ယ္လ္ဆီးအသင္း သက္သာရာရခဲ့တယ္လို႔ဆိုရမွာပါ။ ဒုတိယပိုင္းၿပီးခါနီးမွာ ဇီယက္ခ်္အစား ေမဆြန္ေမာင့္ ဝင္လာခ်ိန္မွာေတာ့ ခ်ယ္လ္ဆီးတို႔ တိုက္စစ္ ပိုင္းကသိသိသာသာေကာင္းမြန္ခဲ့ေပမယ့္လည္း ပြဲၿပီးဆုံးခ်ိန္အထိ ဂိုးမသြင္းႏိုင္ခဲ့လို႔ တူခ်ယ္လ္ရဲ႕ ခ်ယ္လ္ဆီးနည္းျပ ပထဆုံးပြဲကေတာ့ သေရနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *