ရှက်ဖီးယူနိုက်တက် နဲ့ ပွဲစဉ်က မာရှယ်ရဲ့ စိတ်မပါလက်မပါကစားပုံကြောင့် ဝေဖန်မှုတွေကနေ လွတ်မြောက်မှာ မဟုတ်ဘူးလို့ ဆိုးလ်ရှား ဖွင့်ဟ

Premier League

ရှက်ဖီးယူနိုက်တက် နဲ့ ပွဲစဉ်က မာရှယ်ရဲ့ စိတ်မပါလက်မပါကစားပုံကြောင့် ဝေဖန်မှုတွေကနေ လွတ်မြောက်မှာ မဟုတ်ဘူးလို့ ဆိုးလ်ရှား ဖွင့်ဟ
—————————–

ရှက်ဖီးယူနိုက်တက် အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး မန်ချက်စတာယူနိုက်တက် အသင်းရဲ့တိုက်စစ်မှူး အန်သိုနီမာရှယ်နဲ့ ပတ်သက်ပြီး နည်းပြ အိုလေဂန်နာဆိုးလ်ရှားကတော့ ပြင်သစ်သားအနေနဲ့ ဝေဖန်ခံရမှုတွေကနေ လွတ်မြောက်မှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မာရှယ်ဟာ ရှက်ဖီးယူနိုက်တက် နဲ့ ကစားခဲ့တဲ့ပွဲမှာ အသင်းအတွက်ပွဲချိန်ပြည့်ပါဝင်ကစားပေးခွင့်ရရှိခဲ့ပေမယ့်လည်း ပုံမှန်ခြေစွမ်းအောက်ကိုရောက်ရှိနေခဲ့သလို ၎င်းရဲ့ အသင်းအပေါ် ပေးဆပ်ကစားလိုခြင်းမရှိပဲ စိတ်မပါလက်မပါကစားပုံတွေကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ အပြင်းအထန်ရင်ဆိုင်နေရသူလည်းဖြစ်ပါတယ်။

အဆိုပါပွဲစဉ်အပြီးမှာ နည်းပြ ဆိုးလ်ရှားကပြောဆိုခဲ့ရာမှာတော့ “ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး တစ်သင်းလုံးဝေဖန်ခံရမှုကနေ မလွတ်မြောက်နိုင်ပါဘူး။ ကျွန်တော်အပါအဝင်ပေါ့၊ ဒီအထဲကမှာ မာရှယ်ကတော့ ဝေဖန်ခံနေရမှုတွေကနေ လွတ်မြောက်မယ်မထင်ပါဘူး၊ သူ့အနေနဲ့ လေ့ ကျင့်ရေးကွင်းမှာ ကြိုးစားမှုတွေရှိနေပမယ့် တစ်ကယ်တမ်းပွဲချိန်အတွင်း အဆုံးသတ်ပိုင်းသေချာဖို့နဲ့ ရွေ့လျားမှုတွေကောင်းဖို့ အားထုတ်ရမှာပါ။ သူခြေစွမ်းကောင်းပြန်ရဖို့ ကျွန်တော်စိတ်ထဲမှာ မတင်မကျတော့ဖြစ်မနေပါဘူး”လို့ ဆိုးလ်ရှားကပြောဆိုခဲ့ပါတယ်။ မာရှယ်ဟာ ရှက်ဖီးနဲ့ ပွဲအပြီးမှာ ယူနိုက်တက်ရဲ့ အညံ့ဖျင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသလို ဒီရာသီမှာလည်း အသင်းအတွက် လိဂ်ပွဲ ၁၆ ပွဲကစားပေးအပြီးမှာ ၂ ဂိုးသာရရှိထားပြီး ၎င်းထက် ပွဲကစားခွင့်နည်းပါးတဲ့ ကာဗာနီ လောက်တောင် ဂိုးသွင်းယူထားနိုင်ခြင်းမရှိလို့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသူတစ်ဦးလည်းဖြစ်ပါတယ်။

[zawgyi]

ရွက္ဖီးယူႏိုက္တက္ အသင္းကို ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္အၿပီး မန္ခ်က္စတာယူႏိုက္တက္ အသင္းရဲ႕တိုက္စစ္မႉး အန္သိုနီမာရွယ္နဲ႔ ပတ္သက္ၿပီး နည္းျပ အိုေလဂန္နာဆိုးလ္ရွားကေတာ့ ျပင္သစ္သားအေနနဲ႔ ေဝဖန္ခံရမႈေတြကေန လြတ္ေျမာက္မွာမဟုတ္ဘူးလို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ မာရွယ္ဟာ ရွက္ဖီးယူႏိုက္တက္ နဲ႔ ကစားခဲ့တဲ့ပြဲမွာ အသင္းအတြက္ပြဲခ်ိန္ျပည့္ပါဝင္ကစားေပးခြင့္ရရွိခဲ့ေပမယ့္လည္း ပုံမွန္ေျခစြမ္းေအာက္ကိုေရာက္ရွိေနခဲ့သလို ၎ရဲ႕ အသင္းအေပၚ ေပးဆပ္ကစားလိုျခင္းမရွိပဲ စိတ္မပါလက္မပါကစားပုံေတြေၾကာင့္ ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြနဲ႔ အျပင္းအထန္ရင္ဆိုင္ေနရသူလည္းျဖစ္ပါတယ္။အဆိုပါပြဲစဥ္အၿပီးမွာ နည္းျပ ဆိုးလ္ရွားကေျပာဆိုခဲ့ရာမွာေတာ့ “ဒီပြဲစဥ္နဲ႔ ပတ္သက္ၿပီး တစ္သင္းလုံးေဝဖန္ခံရမႈကေန မလြတ္ေျမာက္ႏိုင္ပါဘူး။ ကြၽန္ေတာ္အပါအဝင္ေပါ့၊ ဒီအထဲကမွာ မာရွယ္ကေတာ့ ေဝဖန္ခံေနရမႈေတြကေန လြတ္ေျမာက္မယ္မထင္ပါဘူး၊ သူ႔အေနနဲ႔ ေလ့ က်င့္ေရးကြင္းမွာ ႀကိဳးစားမႈေတြရွိေနပမယ့္ တစ္ကယ္တမ္းပြဲခ်ိန္အတြင္း အဆုံးသတ္ပိုင္းေသခ်ာဖို႔နဲ႔ ေ႐ြ႕လ်ားမႈေတြေကာင္းဖို႔ အားထုတ္ရမွာပါ။ သူေျခစြမ္းေကာင္းျပန္ရဖို႔ ကြၽန္ေတာ္စိတ္ထဲမွာ မတင္မက်ေတာ့ျဖစ္မေနပါဘူး”လို႔ ဆိုးလ္ရွားကေျပာဆိုခဲ့ပါတယ္။ မာရွယ္ဟာ ရွက္ဖီးနဲ႔ ပြဲအၿပီးမွာ ယူႏိုက္တက္ရဲ႕ အညံ့ဖ်င္းဆုံးကစားသမားအျဖစ္ သတ္မွတ္ခံခဲ့ရသလို ဒီရာသီမွာလည္း အသင္းအတြက္ လိဂ္ပြဲ ၁၆ ပြဲကစားေပးအၿပီးမွာ ၂ ဂိုးသာရရွိထားၿပီး ၎ထက္ ပြဲကစားခြင့္နည္းပါးတဲ့ ကာဗာနီ ေလာက္ေတာင္ ဂိုးသြင္းယူထားႏိုင္ျခင္းမရွိလို႔ ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရသူတစ္ဦးလည္းျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *