လေးပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကို စပါးနဲ့အတွေ့မှာ ဂိုးပြတ်သွင်းပြီး ချေဖျက်ပြလိုက်တဲ့ လီဗာပူးလ်

Premier League

လေးပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကို စပါးနဲ့အတွေ့မှာ ဂိုးပြတ်သွင်းပြီး ချေဖျက်ပြလိုက်တဲ့ လီဗာပူးလ်
————————

စပါးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းက လေးပွဲဆက်နိုင်ပွဲပျောက်ဆုံးနေမှုကို ဂိုးပြတ်သွင်းဂိုးတွေနဲ့ ပေါက်ကွဲပြနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ လီဗာပူးလ် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ဟာ အတော်လေးကောင်းမွန်ခဲ့ပြီး နောက်တန်းခံစစ်မှူးတွေဒဏ်ရာပြဿနာတွေရှိနေချိန်မှာ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို ဗဟိုခံစစ်မှာ ကစားနိုင်အောင်ဖန်တီးနိုင်ခဲ့ခြင်းဟာ ကစားသမားတစ်ဦးကို လိုသလိုပုံပြောင်းပေးနိုင်တဲ့ ကလော့ပ်ရဲ့ အရည်အ‌သွေးလို့ဆိုရမှာပါ။

ပထမပိုင်းမှာ ဆွန်ဟောင်မင် ဂိုးသွင်းနိုင်ခဲ့ပေမယ့် VAR က လူကျွံနဲ့ ပယ်ဖျက်ခဲ့တာ စပါးတို့ ဦးဆောင်ဂိုးစောစောမရခဲ့တာလည်းဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအတွက် အားတက်စရာဖြစ်လာတာကတော့ တိုက်စစ်ပိုင်းကောင်းမွန်လာခဲ့သလို ခံစစ်ကလည်း အာနိုးလ် ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အားတက်စရာပါ။ သို့သော်လည်း နောက်ခံလူ မာတစ် ပြင်းထန်တဲ့ ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့တာကတော့ နည်းပြကလော့ပ်တစ်ယောက်ခေါင်းခဲရဦးမယ့် ကိစ္စတစ်ခုပါပဲ။ မာတစ်၊ ဖာဘင်ဟိုတို့ ဒဏ်ရာတွေ အသီးသီး ရခဲ့တာကြောင့် လာမယ့်ပွဲစဉ်တွေမှာ နောက်တန်းခံစစ်ကို ကလော့ပ် ဘယ်လိုဖြေရှင်းမလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းနေပါပြီ။

[zawgyi]

စပါးအသင္းနဲ႔ လီဗာပူးလ္အသင္းတို႔ရဲ႕ ပြဲစဥ္မွာေတာ့ ယာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးလ္အသင္းက ေလးပြဲဆက္ႏိုင္ပြဲေပ်ာက္ဆုံးေနမႈကို ဂိုးျပတ္သြင္းဂိုးေတြနဲ႔ ေပါက္ကြဲျပႏိုင္ခဲ့ပါတယ္။ ဒီပြဲစဥ္မွာ လီဗာပူးလ္ ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ဟာ အေတာ္ေလးေကာင္းမြန္ခဲ့ၿပီး ေနာက္တန္းခံစစ္မႉးေတြဒဏ္ရာျပႆနာေတြရွိေနခ်ိန္မွာ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကို ဗဟိုခံစစ္မွာ ကစားႏိုင္ေအာင္ဖန္တီးႏိုင္ခဲ့ျခင္းဟာ ကစားသမားတစ္ဦးကို လိုသလိုပုံေျပာင္းေပးႏိုင္တဲ့ ကေလာ့ပ္ရဲ႕ အရည္အ‌ေသြးလို႔ဆိုရမွာပါ။ ပထမပိုင္းမွာ ဆြန္ေဟာင္မင္ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ VAR က လူကြၽံနဲ႔ ပယ္ဖ်က္ခဲ့တာ စပါးတို႔ ဦးေဆာင္ဂိုးေစာေစာမရခဲ့တာလည္းျဖစ္ပါတယ္။ လီဗာပူးလ္အသင္းအတြက္ အားတက္စရာျဖစ္လာတာကေတာ့ တိုက္စစ္ပိုင္းေကာင္းမြန္လာခဲ့သလို ခံစစ္ကလည္း အာႏိုးလ္ ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ အားတက္စရာပါ။ သို႔ေသာ္လည္း ေနာက္ခံလူ မာတစ္ ျပင္းထန္တဲ့ ေျခက်င္းဝတ္ ဒဏ္ရာရရွိခဲ့တာကေတာ့ နည္းျပကေလာ့ပ္တစ္ေယာက္ေခါင္းခဲရဦးမယ့္ ကိစၥတစ္ခုပါပဲ။ မာတစ္၊ ဖာဘင္ဟိုတို႔ ဒဏ္ရာေတြ အသီးသီး ရခဲ့တာေၾကာင့္ လာမယ့္ပြဲစဥ္ေတြမွာ ေနာက္တန္းခံစစ္ကို ကေလာ့ပ္ ဘယ္လိုေျဖရွင္းမလဲဆိုတာကေတာ့ စိတ္ဝင္စားစရာေကာင္းေနပါၿပီ။

Leave a Reply

Your email address will not be published. Required fields are marked *