အော့ဇန် ခါဘတ်ကို အပြီးသတ် ခေါ်ယူခွင့် ပါဝင်တဲ့စာချူပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ လီဗာပူးလ်အသင်းအတည်ပြု
————————
ပရီးမီးယားလိဂ်ထိပ်သီးကလပ် လီဗာပူးလ်သင်းဟာ ခံစစ်ပိုင်းဒဏ်ရာပြဿနာတွေများပြားနေမှုကြောင့် ရှော်လ်ကေးအသင်းရဲ့ အသက် ၂၀ အရွယ်နောက်ခံ အော့ဇန် ခါဘတ်ကို အပြီးသတ် ခေါ်ယူခွင့် ပါဝင်တဲ့ ၆လ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပြီ ဖြစ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ နောက်ခူလူမာတစ် ခြေကျင်းဝတ် ဒဏ်ရာကြောင့် ရာသီကုန်ထိအနားယူရမယ့်အခြေအနေတွေကြောင့် ခါဘတ်ကို မြန်မြန်ဆန်ဆန်အခုလိုပဲ ခေါ်ယူလိုက်တာဖြစ်ပါတယ်။
ခါဘတ်ကို အငှားခေါ်ယူတဲ့ စာချူပ်မှာ ကစားသမားရဲ့ ပွဲထွက်ခွင့်အပေါ်မူတည်ပြီး အပိုဆုကြေး ပေါင် ၁.၅သန်းအထိပါဝင်ခဲ့သလို ရာသီ ကုန်ဆုံးချိန်မှာလည်း အပြီးသတ်ခေါ်ယူမယ်ဆိုရင် ပေါင် သန်း ၃၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်တဲ့ အချက်လည်းပါဝင်ခဲ့တယ်လို့သိရပါတယ်။ ကြိုးကြာနီတွေဟာ ခါဘတ် ကိုပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာကတည်းက စောင့်ကြည့်နေခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ကစားသမားဟာ ဂျာမနီမှာ ဆေးစစ်မှု ခံယူခဲ့ပြီးနောက် လာမယ့်နာရီပိုင်းအတွင်း လီဗာပူးလ်အသင်းထံကို ရောက်ရှိလာတော့မှာဖြစ်တယ်လို့ သိရပါတယ်။
[zawgyi]
ပရီးမီးယားလိဂ္ထိပ္သီးကလပ္ လီဗာပူးလ္သင္းဟာ ခံစစ္ပိုင္းဒဏ္ရာျပႆနာေတြမ်ားျပားေနမႈေၾကာင့္ ေရွာ္လ္ေကးအသင္းရဲ႕ အသက္ ၂၀ အ႐ြယ္ေနာက္ခံ ေအာ့ဇန္ ခါဘတ္ကို အၿပီးသတ္ ေခၚယူခြင့္ ပါဝင္တဲ့ ၆လ အငွားစာခ်ဳပ္နဲ႔ ေခၚယူခဲ့ၿပီ ျဖစ္ေၾကာင္း အတည္ျပဳသြားခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ ေနာက္ခူလူမာတစ္ ေျခက်င္းဝတ္ ဒဏ္ရာေၾကာင့္ ရာသီကုန္ထိအနားယူရမယ့္အေျခအေနေတြေၾကာင့္ ခါဘတ္ကို ျမန္ျမန္ဆန္ဆန္အခုလိုပဲ ေခၚယူလိုက္တာျဖစ္ပါတယ္။
ခါဘတ္ကို အငွားေခၚယူတဲ့ စာခ်ဴပ္မွာ ကစားသမားရဲ႕ ပြဲထြက္ခြင့္အေပၚမူတည္ၿပီး အပိုဆုေၾကး ေပါင္ ၁.၅သန္းအထိပါဝင္ခဲ့သလို ရာသီ ကုန္ဆုံးခ်ိန္မွာလည္း အၿပီးသတ္ေခၚယူမယ္ဆိုရင္ ေပါင္ သန္း ၃၀ ဝန္းက်င္နဲ႔ ေခၚယူႏိုင္တဲ့ အခ်က္လည္းပါဝင္ခဲ့တယ္လို႔သိရပါတယ္။ ႀကိဳးၾကာနီေတြဟာ ခါဘတ္ ကိုၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕မွာကတည္းက ေစာင့္ၾကည့္ေနခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ကစားသမားဟာ ဂ်ာမနီမွာ ေဆးစစ္မႈ ခံယူခဲ့ၿပီးေနာက္ လာမယ့္နာရီပိုင္းအတြင္း လီဗာပူးလ္အသင္းထံကို ေရာက္ရွိလာေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။