“လူသံုးေယာက္”

KNOWLEDGE

လူသံုးေယာက္
=======
တစ္ခါက လူသံုးေယာက္ဟာ သစ္ေတာလမ္းစံုတစ္ခုမွာ ေတြ႔စံုမိရင္း တစ္ဦးႏွင့္ တစ္ဦး မိတ္ေဆြဖြဲ႕ၾကသတဲ့ ။ ပထမ တစ္ဦးက မိမိက ေဆးဖက္၀င္တဲ့ ေဆးဥ ေဆးျမစ္ ေဆးရြက္ေတြကို လာရွာေဖြေၾကာင္းေျပာသတဲ့ ။ ဒုတိယ တစ္ဦးက မိမိသည္ အိမ္ေဆာက္ရန္အတြက္ က်စ္လစ္ခိုင္မာတဲ့ အိမ္တိုင္တစ္ေခ်ာင္း လာခုတ္ေၾကာင္း ေျပာသတဲ့ ။ ေနာက္ဆံုး တစ္ဦးမွာကၽြႏ္ုပ္ကေတာ့ ထင္းခုတ္သမား ျဖစ္ေၾကာင္းေျပာၾကားရင္း မိတ္ေဆြဖဲြ႔လိုက္ၾကပါတယ္ ။ သူတို႔ သံုးဦးစလံုး မိတ္ေဆြဖြဲ႕ၿပီးသည့္ေနာက္ ေပ်ာ္ရႊင္စြာျဖင့္ သံုးဦးစလံုး သစ္ေတာႀကီးထဲကို ၀င္လာၾကရင္း ၊ တစ္ေနရာအေရာက္မွာ အိမ္တိုင္ခုတ္ရန္ လာသူက (၈)လက္မ ပတ္လည္ခန္႔ က်စ္လစ္ေျဖာင့္တန္းသည့္ သစ္တပင္ကိုေတြ႔လိုက္သည့္ႏွင့္ မိမိလိုခ်င္သည့္ သစ္တိုင္ေတာ့ ေတြ႔ၿပီဟု ေတြးကာ ေျဖာင့္တန္းေသာ သစ္ပင္ကို ေၾကနပ္စြာ ၾကည့္ေနမိသလို ၊ တင္းခုတ္သမားကလည္း ၊ ဤသို႔ ေျဖာင့္တန္းေသာ သစ္ပင္ငယ္ကို ထင္းအျဖစ္ ခုတ္လွဲရန္ ေတြးေတာေနမိပါသည္ ထို႔အတူေဆးဥ ေဆးျမစ္ ေဆးရြက္ ရွာေဖြသူကလည္း ။ ဤ သစ္ပင္၏ အျမစ္ အေခါက္ အရြက္တို႔သည္ေဆးဖက္၀င္သည့္အတြက္ ၊ အဆင္ေျပၿပီဟုေတြးတာ ရပ္ၾကည့္ရင္း ေက်နပ္ေနၾကသတဲ့ ။ ထိုစဥ္ ခဏမွာ အိမ္တိုင္ ခုတ္သမားႏွင့္ သစ္ခုတ္သမား ႏွစ္ေယာက္ဟာ ၊ ဤအပင္သည္ သူ႕အတြက္ အိမ္တိုင္း အျဖစ္ အရမ္းအသံုး၀င္သည္ဟု ေျပာသလို ၊ ထင္းခုတ္သမားကလည္း ဤအပင္ကို မိမိမွ ထင္းအျဖစ္ ခုတ္လွဲရန္ ဆံုးဖ်က္ထားေၾကာင္း ေျပာၾကားရင္း ျငင္းခံု ရန္ျဖစ္ၾကသတဲ့ ။ထိုအခါမွာ ေဆးဖက္၀င္ ရွာေဖြသူက ။ ဤကဲ့သို႔ ျငင္းခုန္ ရန္ျဖစ္ေနၾကမည္ဆိုလွ်င္ ၊အမုန္းပြား၍ ရန္မ်ားေၾကာင္း ေျပာၾကားၿပီး ။ အိမ္တိုင္လာခုတ္သမား အတြက္ သစ္ပင္၏ အရင္းပိုင္းသည္ ၊ အလြန္ပင္ အသံုး၀င္ေၾကာင္း ၊ ထင္းခုတ္သမားအေနႏွင့္ ဤသစ္ပင္မွာ အသံုး၀င္ပါေသာ္လည္း ျပာျဖစ္ေသာ ထင္းအျဖစ္သာ အသံုး၀င္သည့္အတြက္ ။ သစ္ပင္၏ အဖ်ားပိုင္း ႏွင့္ ကိုင္းအခက္အလက္မ်ားကို ယူပါရန္ ေတာင္းပန္ေပးလိုက္ပါသည္ ။ မိမိသည္လည္း မိတ္ေဆြႏွစ္ဦး လွဲယူသည့္ သစ္ပင္မွ သစ္ရြက္ သစ္ေခါက္ သစ္ျမစ္တို႔အား ေဆးေဖာ္ရန္ အလိုရွိေၾကာင္း ေျပာၾကားလိုက္ သည့္အခါ ၊ မိတ္ေဆြ သံုးဦးစလံုးသည္ ၊ ဤ သို႔ဆိုလွ်င္ ဤသစ္ပင္၏ သစ္ျမစ္ရြက္ သစ္ခက္ ပင္စည္တို႔ သည္ ။ အေလအလြင့္ မရွိဘဲ သံုးဦးစလံုးအတြက္ အသံုး၀င္သည္ဟုေတြးကာ ၊သစ္ပင္ငယ္ကို ေပ်ာ္ရႊင္စြာသံုးဦးစလံုး လွဲယူၾကသတဲ့ ။ ထို႔ေနာက္ ေဆးေဖာ္သမားအတြက္ သစ္ျမစ္သစ္ရြက္တို႔ကို ၀ိုင္း၀န္းတူးေဖာ္ ခူး ယူ၍ ၊ သစ္ေတာႀကီးထဲမွ မိမိတို႔ေနရပ္ကို လိုခ်င္တာမ်ားကို ရွာေဖြယူေဆာင္ၿပီး ျပန္ခဲ့ၾကသတဲ့ ။ဤကဲ့သို႔ပါပဲ ၊ လူ႔ဘ၀ထဲက လူသားေတြ အားလံုးဟာ ၊ သူ႔ဘ၀ေပးနဲ႕သူ ေရဆန္ ေလဆန္ကို အံတုၿပီး တိုက္ခိုက္ႏိုင္ေသာ္လည္း ေမတၱာတရားကိုေတာ့ ေရဆုန္ကဲ့သို႔ ထားတတ္တဲ့သူ နဲသည္မဟုတ္ပါလား ။ကၽြန္ေတာ္တို႔ရဲ႕ “ ျငင္းခံု ” “ ရယ္ေမာမႈ ”ေတြဟာ တစ္ကယ္ေတာ့ “ သမိုင္း ” မတြင္ပါဘူးဗ်ာ ။ ျပဳျပင္ေျပာင္းလဲမႈ ေတြကသာ “ သမိုင္းတြင္မည္ ”ဆိုတာ ယံုၾကည္ေစခ်င္ပါတယ္ ။ အြန္လိုင္းေပၚက ကၽြန္ေတာ္တို႔ေတြ အားလံုးလည္း ။ ဘာေတြပဲေရးေရး ဘယ္လိုစာေတြကိုပဲ ဖတ္ဖတ္ သစ္တစ္ပင္ကို လူသံုးဦး ၾကည့္မိသလိုပါပဲ အေတြးအေခၚ မတူၾကပါဘူး ။ ဤသို႔ပင္ စာဖတ္ စာေရးတဲ့ အခါမွာလည္း ၊ သစ္ေတာထဲက လူသံုးဦးကဲ့သို႔ သူေျပာတာမွန္တယ္ ငါေျပာတာ မွန္တယ္ သူဆိုလိုခ်င္တာက “ ဤသို႔ ” ငါေျပာခ်င္တာက “ ဤသို႔” ျငင္းခံုေနမည့္ အစား မိမိအတြက္ အသံုး၀င္တဲ့ ဗဟုသုတ စကားေလးေတြကို ၊ ခ်င့္ခ်ိန္ေရာင့္ရဲတတ္စြာျဖင့္ မွတ္ယူတတ္မည္ ဆိုလွ်င္ ၊ ေဆးဖက္လည္း၀င္မည္ ၊ အိမ္တိုင္လည္းရမည္ ၊ ထင္းလည္းရမွာ အမွန္ပင္ျဖစ္ပါသည္ ခင္ဗ်ာ  – – – – ။

Credit:စာေပရိပ္မြန္ ေရခ်မ္းစင္

[unicode]

တစ်ခါက လူသုံးယောက်ဟာ သစ်တောလမ်းစုံတစ်ခုမှာ တွေ့စုံမိရင်း တစ်ဦးနှင့် တစ်ဦး မိတ်ဆွေဖွဲ့ကြသတဲ့ ။ ပထမ တစ်ဦးက မိမိက ဆေးဖက်ဝင်တဲ့ ဆေးဥ ဆေးမြစ် ဆေးရွက်တွေကို လာရှာဖွေကြောင်းပြောသတဲ့ ။ ဒုတိယ တစ်ဦးက မိမိသည် အိမ်ဆောက်ရန်အတွက် ကျစ်လစ်ခိုင်မာတဲ့ အိမ်တိုင်တစ်ချောင်း လာခုတ်ကြောင်း ပြောသတဲ့ ။ နောက်ဆုံး တစ်ဦးမှာကျွန်ုပ်ကတော့ ထင်းခုတ်သမား ဖြစ်ကြောင်းပြောကြားရင်း မိတ်ဆွေဖွဲ့လိုက်ကြပါတယ် ။ သူတို့ သုံးဦးစလုံး မိတ်ဆွေဖွဲ့ပြီးသည့်နောက် ပျော်ရွှင်စွာဖြင့် သုံးဦးစလုံး သစ်တောကြီးထဲကို ၀င်လာကြရင်း ၊ တစ်နေရာအရောက်မှာ အိမ်တိုင်ခုတ်ရန် လာသူက (၈)လက်မ ပတ်လည်ခန့် ကျစ်လစ်ဖြောင့်တန်းသည့် သစ်တပင်ကိုတွေ့လိုက်သည့်နှင့် မိမိလိုချင်သည့် သစ်တိုင်တော့ တွေ့ပြီဟု တွေးကာ ဖြောင့်တန်းသော သစ်ပင်ကို ကြေနပ်စွာ ကြည့်နေမိသလို ၊ တင်းခုတ်သမားကလည်း ၊ ဤသို့ ဖြောင့်တန်းသော သစ်ပင်ငယ်ကို ထင်းအဖြစ် ခုတ်လှဲရန် တွေးတောနေမိပါသည် ထို့အတူ
ဆေးဥ ဆေးမြစ် ဆေးရွက် ရှာဖွေသူကလည်း ။ ဤ သစ်ပင်၏ အမြစ် အခေါက် အရွက်တို့သည်ဆေးဖက်ဝင်သည့်အတွက် ၊ အဆင်ပြေပြီဟုတွေးတာ ရပ်ကြည့်ရင်း ကျေနပ်နေကြသတဲ့ ။ ထိုစဉ် ခဏမှာ အိမ်တိုင် ခုတ်သမားနှင့် သစ်ခုတ်သမား နှစ်ယောက်ဟာ ၊ ဤအပင်သည် သူ့အတွက် အိမ်တိုင်း အဖြစ် အရမ်းအသုံးဝင်သည်ဟု ပြောသလို ၊ ထင်းခုတ်သမားကလည်း ဤအပင်ကို မိမိမှ ထင်းအဖြစ် ခုတ်လှဲရန် ဆုံးဖျက်ထားကြောင်း ပြောကြားရင်း ငြင်းခုံ ရန်ဖြစ်ကြသတဲ့ ။ထိုအခါမှာ ဆေးဖက်ဝင် ရှာဖွေသူက ။ ဤကဲ့သို့ ငြင်းခုန် ရန်ဖြစ်နေကြမည်ဆိုလျှင် ၊အမုန်းပွား၍ ရန်များကြောင်း ပြောကြားပြီး ။ အိမ်တိုင်လာခုတ်သမား အတွက် သစ်ပင်၏ အရင်းပိုင်းသည် ၊ အလွန်ပင် အသုံးဝင်ကြောင်း ၊ ထင်းခုတ်သမားအနေနှင့် ဤသစ်ပင်မှာ အသုံးဝင်ပါသော်လည်း ပြာဖြစ်သော ထင်းအဖြစ်သာ အသုံးဝင်သည့်အတွက် ။ သစ်ပင်၏ အဖျားပိုင်း နှင့် ကိုင်းအခက်အလက်များကို ယူပါရန် တောင်းပန်ပေးလိုက်ပါသည် ။ မိမိသည်လည်း မိတ်ဆွေနှစ်ဦး လှဲယူသည့် သစ်ပင်မှ သစ်ရွက် သစ်ခေါက် သစ်မြစ်တို့အား ဆေးဖော်ရန် အလိုရှိကြောင်း ပြောကြားလိုက် သည့်အခါ ၊ မိတ်ဆွေ သုံးဦးစလုံးသည် ၊ ဤ သို့ဆိုလျှင် ဤသစ်ပင်၏ သစ်မြစ်ရွက် သစ်ခက် ပင်စည်တို့ သည် ။ အလေအလွင့် မရှိဘဲ သုံးဦးစလုံးအတွက် အသုံးဝင်သည်ဟုတွေးကာ ၊သစ်ပင်ငယ်ကို ပျော်ရွှင်စွာသုံးဦးစလုံး လှဲယူကြသတဲ့ ။ ထို့နောက် ဆေးဖော်သမားအတွက် သစ်မြစ်သစ်ရွက်တို့ကို ၀ိုင်းဝန်းတူး
ဖော် ခူး ယူ၍ ၊ သစ်တောကြီးထဲမှ မိမိတို့နေရပ်ကို လိုချင်တာများကို ရှာဖွေယူဆောင်ပြီး ပြန်ခဲ့ကြသတဲ့ ။ဤကဲ့သို့ပါပဲ ၊ လူ့ဘဝထဲက လူသားတွေ အားလုံးဟာ ၊ သူ့ဘဝပေးနဲ့သူ ရေဆန် လေဆန်ကို အံတုပြီး တိုက်ခိုက်နိုင်သော်လည်း မေတ္တာတရားကိုတော့ ရေဆုန်ကဲ့သို့ ထားတတ်တဲ့သူ နဲသည်မဟုတ်ပါလား ။ကျွန်တော်တို့ရဲ့ “ ငြင်းခုံ ” “ ရယ်မောမှု ”တွေဟာ တစ်ကယ်တော့ “ သမိုင်း ” မတွင်ပါဘူးဗျာ ။ ပြုပြင်ပြောင်းလဲမှု တွေကသာ “ သမိုင်းတွင်မည် ”ဆိုတာ ယုံကြည်စေချင်ပါတယ် ။ အွန်လိုင်းပေါ်က ကျွန်တော်တို့တွေ အားလုံးလည်း ။ ဘာတွေပဲရေးရေး ဘယ်လိုစာတွေကိုပဲ ဖတ်ဖတ် သစ်တစ်ပင်ကို လူသုံးဦး ကြည့်မိသလိုပါပဲ အတွေးအခေါ် မတူကြပါဘူး ။ ဤသို့ပင် စာဖတ် စာရေးတဲ့ အခါမှာလည်း ၊ သစ်တောထဲက လူသုံးဦးကဲ့သို့ သူပြောတာမှန်တယ် ငါပြောတာ မှန်တယ် သူဆိုလိုချင်တာက “ ဤသို့ ” ငါပြောချင်တာက “ ဤသို့” ငြင်းခုံနေမည့် အစား မိမိအတွက် အသုံးဝင်တဲ့ ဗဟုသုတ စကားလေးတွေကို ၊ ချင့်ချိန်ရောင့်ရဲတတ်စွာဖြင့် မှတ်ယူတတ်မည် ဆိုလျှင် ၊ ဆေးဖက်လည်းဝင်မည် ၊ အိမ်တိုင်လည်းရမည် ၊ ထင်းလည်းရမှာ အမှန်ပင်ဖြစ်ပါသည် ခင်ဗျာ – – – – – – – – – – – – – ။

Leave a Reply

Your email address will not be published. Required fields are marked *