အဓိက ဆိုတာ
✏ ✏ ✏ ✏ ✏
တစ္ခါက ၿမိဳ႕တစ္ၿမိဳ႕မွာ လက္လုပ္လက္စားျမင္းလွည္းေမာင္းတဲ့လူတစ္ေယာက္႐ွိတယ္သူ႔ အိမ္မွာ ၾကက္ဖေလးတစ္ေကာင္
ဝက္ကေလး တစ္ေကာင္ ဘဲကေလးတစ္ေကာင္ ကိုလည္းေမြးထားေသးတယ္တစ္ရက္ ျမင္းလွည္းသမားက ျမင္းကိုအနားေပးခ်င္တာနဲ႔
လွည္းမေမာင္းပဲ ျမင္းကို လွန္႔ထားလိုက္တယ္စားက်က္ထဲမွာ ျမင္းရယ္ ဝက္ရယ္ ဘဲ ရယ္ၾကက္ရယ္ဆံုၾကတယ္ၾကက္ကလည္းသူ႔ သဘာဝေျမေတြကိုယက္ပိုးေကာင္ေလးေတြကို႐ွာစားတယ္ဘဲကလည္း တီေကာင္ေလးေတြ ခ႐ုေတြကို ႐ွာစားတယ္ ဝက္ကလည္း ေျမကိုတူးၿပီး အစာ႐ွာစားေနတယ္အဲ့အခ်ိန္မွာ ျမင္းက ထ ဟီးလိုက္တယ္တိုးတိုးေအာ္ပါ ကိုျမင္းရယ္ဒီမွာ အစာ႐ွာပ်က္ တယ္ဆိုၿပီး ျမင္းကိုေျပာေတာ့ဘယ္တတ္ႏိုင္ပါ့မလဲ ၾကက္ကေလးရယ္ငါ့ သဘာဝ ကိုက ဒီလိုျဖစ္လာတာမနက္ခင္း မင္းတို႔ တြန္သလိုေပါ့ကြၽန္ေတာ္တို႔ တြန္တာက စည္းကမ္း႐ွိတယ္ကိုျမင္းရဲ႕လင္းတက္ခ်ိန္ အာရံုခ်ိန္ေတြမွာ လူေတြအတြက္အခ်က္ျပေပးတာပါ ခင္ဗ်ားက အားေနဟီးေနတာေဘးလူလည္းၾကားမေကာင္းလိုက္တာဝက္က ထရယ္ တယ္ ဟုတ္တယ္ ဟုတ္တယ္ၾကက္ကေလး ဝက္ေအာ္တဲ့ အသံၾကေတာ့ေရာမင္းတို႔အျပစ္မျမင္ၾကဘူးလားျမင္လို႔မရဘူး သူက ဗိုက္ဆာလို႔ ေအာ္ရင္သခင္ျဖစ္သူက အစာလာေကြၽးတယ္ ကြၽန္ေတာ္တို႔ကဝိုင္းစားရတယ္ဟုတ္ပါၿပီကြာဘဲ ကလည္းအားေန ဂတ္ ဂတ္ ေအာ္ေနတာသူေအာ္တာက ကိစၥမ႐ွိပါဘူး
ကြၽန္ေတာ္တို႔ကိုလည္း အေႏွာင့္အယွက္ မျဖစ္ေစဘူးကြၽန္ေတာ္က ကုန္းေပၚမွာ ေပ်ာ္ေနခ်ိန္သူက ေရမွာေနတယ္ေလကြၽန္ေတာ္ က သစ္ပင္မွာ တက္ခ်ိန္မွာသူက ေျမႀကီးမွာအိပ္တယ္တစ္ရက္ၾကေတာ့ ျမင္းလွည္းသမားႀကီးကျမင္းႀကီးေရ မင္းလည္း ငါတို႔ကို႐ွာေဖြေကြၽးရတာ
ပင္ပန္းေနေရာေပါ့ဘယ္တတ္ႏိုင္မလဲကြာအဲ့အခ်ိန္မွာ ၾကက္ကေလးက ထေျပာတယ္သူက ဘာေတြကြၽန္ေတာ္တို႔ကို႐ွာေဖြေကြၽး လို႔လဲသူ႔ေျခေထာက္ကို သံခြာတပ္ေစၿပီး ေျပးလႊားေစရတယ္သူ႔ေျပးအားနဲ႔ရတဲ့ ေငြနဲ႔ ငါထမင္းစားရတယ္မင္းတို႔အ တြက္ ဆန္ေတြရတယ္ဝက္အတြက္ ထမင္းက်န္ ဟင္းက်န္ျဖစ္တယ္ဒါေပမယ့္ သူ႔ အသံက နားေထာင္မေကာင္းပါဘူးသခင္ရယ္ဒီမွာၾကက္ကေလး ဘယ္ေတာ့မွ တစ္ယူမသန္ပါနဲ႔သူ႔ရဲ႕ လုပ္ႏိုင္စြမ္းကိုသာ ေလးစားပါသူ႔ရဲ႕ ေပးစြမ္းမႈကိုသာ တန္ဖိုးထားပါသူ႔ ကိုယ္ပိုင္ျဖစ္တည္မႈေတြကို တိုင္းတာေနရင္ေကာင္းတဲ့သူဆိုတာ ႐ွိလာမွာမဟုတ္ဘူးၾကက္ကေလးသူ႔ဟာ ေနမေကာင္းျဖစ္လို႔ အာဟာရ လိုအပ္ရင္
မင္းကိုလည္း ငါသတ္ၿပီး ျပဳတ္တိုက္ႏိုင္တယ္သူ႔အတြက္ လိုအပ္ရင္ ဘဲကိုေရာင္းၿပီလည္းအားေဆးေတြဝယ္တိုက္ႏိုင္တယ္
ေနာက္ဆံုးေဆးဖိုးဝါးခ မတတ္ႏိုင္ရင္ဝက္ပါေပၚၿပီးေဆးကုသင့္ရင္ေဆးကုရလိမ့္မယ္ဘာလို႔ ဒီလို ရင္းရတာလဲလို႔ေမးလိမ့္မယ္
သခင္က ရက္စက္တယ္လို႔လည္းထင္ႏိုင္ပါတယ္မင္းတို႔ ျဖစ္တည္မႈက လက္႐ွိမွာသူ႔ကိုမွီခိုေနရလို႔ပဲၾကက္ကေလး
ဘယ္ေတာ့မွ သူရဲ႕ ျဖစ္ပ်က္မႈကိုစိတ္မဝင္စားပါနဲ႔သူရဲ႕ အစြမ္းအစ နဲ႔ လုပ္ကိုင္ႏိုင္စြမ္းကိုသာ ေလးစားပါ။
ဘာမထီဘြား…အေတြးစာစုေလးမ်ား
[unicode]
တစ်ခါက မြို့တစ်မြို့မှာ လက်လုပ်လက်စားမြင်းလှည်းမောင်းတဲ့လူတစ်ယောက်ရှိတယ်သူ့ အိမ်မှာ ကြက်ဖလေးတစ်ကောင်
ဝက်ကလေး တစ်ကောင် ဘဲကလေးတစ်ကောင် ကိုလည်းမွေးထားသေးတယ်တစ်ရက် မြင်းလှည်းသမားက မြင်းကိုအနားပေးချင်တာနဲ့
လှည်းမမောင်းပဲ မြင်းကို လှန့်ထားလိုက်တယ်စားကျက်ထဲမှာ မြင်းရယ် ဝက်ရယ် ဘဲ ရယ်ကြက်ရယ်ဆုံကြတယ်ကြက်ကလည်းသူ့ သဘာဝမြေတွေကိုယက်ပိုးကောင်လေးတွေကိုရှာစားတယ်ဘဲကလည်း တီကောင်လေးတွေ ခရုတွေကို ရှာစားတယ် ဝက်ကလည်း မြေကိုတူးပြီး အစာရှာစားနေတယ်အဲ့အချိန်မှာ မြင်းက ထ ဟီးလိုက်တယ်တိုးတိုးအော်ပါ ကိုမြင်းရယ်ဒီမှာ အစာရှာပျက် တယ်ဆိုပြီး မြင်းကိုပြောတော့ဘယ်တတ်နိုင်ပါ့မလဲ ကြက်ကလေးရယ်ငါ့ သဘာဝ ကိုက ဒီလိုဖြစ်လာတာမနက်ခင်း မင်းတို့ တွန်သလိုပေါ့ကျွန်တော်တို့ တွန်တာက စည်းကမ်းရှိတယ်ကိုမြင်းရဲ့လင်းတက်ချိန် အာရုံချိန်တွေမှာ လူတွေအတွက်အချက်ပြပေးတာပါ ခင်ဗျားက အားနေဟီးနေတာဘေးလူလည်းကြားမကောင်းလိုက်တာဝက်က ထရယ် တယ် ဟုတ်တယ် ဟုတ်တယ်ကြက်ကလေး ဝက်အော်တဲ့ အသံကြတော့ရောမင်းတို့အပြစ်မမြင်ကြဘူးလားမြင်လို့မရဘူး သူက ဗိုက်ဆာလို့ အော်ရင်သခင်ဖြစ်သူက အစာလာကျွေးတယ် ကျွန်တော်တို့ကဝိုင်းစားရတယ်ဟုတ်ပါပြီကွာဘဲ ကလည်းအားနေ ဂတ် ဂတ် အော်နေတာသူအော်တာက ကိစ္စမရှိပါဘူးကျွန်တော်တို့ကိုလည်း အနှောင့်အယှက် မဖြစ်စေဘူးကျွန်တော်က ကုန်းပေါ်မှာ ပျော်နေချိန်သူက ရေမှာနေတယ်လေကျွန်တော် က သစ်ပင်မှာ တက်ချိန်မှာသူက မြေကြီးမှာအိပ်တယ်တစ်ရက်ကြတော့ မြင်းလှည်းသမားကြီးကမြင်းကြီးရေ မင်းလည်း ငါတို့ကိုရှာဖွေကျွေးရတာပင်ပန်းနေရောပေါ့ဘယ်တတ်နိုင်မလဲကွာအဲ့အချိန်မှာ ကြက်ကလေးက ထပြောတယ်သူက ဘာတွေကျွန်တော်တို့ကိုရှာဖွေကျွေး လို့လဲသူ့ခြေထောက်ကို သံခွာတပ်စေပြီး ပြေးလွှားစေရတယ်သူ့ပြေးအားနဲ့ရတဲ့ ငွေနဲ့ ငါထမင်းစားရတယ်မင်းတို့အ တွက် ဆန်တွေရတယ်ဝက်အတွက် ထမင်းကျန် ဟင်းကျန်ဖြစ်တယ်ဒါပေမယ့် သူ့ အသံက နားထောင်မကောင်းပါဘူးသခင်ရယ်ဒီမှာကြက်ကလေး ဘယ်တော့မှ တစ်ယူမသန်ပါနဲ့သူ့ရဲ့ လုပ်နိုင်စွမ်းကိုသာ လေးစားပါသူ့ရဲ့ ပေးစွမ်းမှုကိုသာ တန်ဖိုးထားပါသူ့ ကိုယ်ပိုင်ဖြစ်တည်မှုတွေကို တိုင်းတာနေရင်ကောင်းတဲ့သူဆိုတာ ရှိလာမှာမဟုတ်ဘူးကြက်ကလေးသူ့ဟာ နေမကောင်းဖြစ်လို့ အာဟာရ လိုအပ်ရင်မင်းကိုလည်း ငါသတ်ပြီး ပြုတ်တိုက်နိုင်တယ်သူ့အတွက် လိုအပ်ရင် ဘဲကိုရောင်းပြီလည်းအားဆေးတွေဝယ်တိုက်နိုင်တယ်နောက်ဆုံးဆေးဖိုးဝါးခ မတတ်နိုင်ရင်ဝက်ပါပေါ်ပြီးဆေးကုသင့်ရင်ဆေးကုရလိမ့်မယ်ဘာလို့ ဒီလို ရင်းရတာလဲလို့မေးလိမ့်မယ်
သခင်က ရက်စက်တယ်လို့လည်းထင်နိုင်ပါတယ်မင်းတို့ ဖြစ်တည်မှုက လက်ရှိမှာသူ့ကိုမှီခိုနေရလို့ပဲကြက်ကလေးဘယ်တော့မှ သူရဲ့ ဖြစ်ပျက်မှုကိုစိတ်မဝင်စားပါနဲ့သူရဲ့ အစွမ်းအစ နဲ့ လုပ်ကိုင်နိုင်စွမ်းကိုသာ လေးစားပါ။