“လူနှင့်​တန်​ဖိုး”

KNOWLEDGE

လူနှင့်​တန်​ဖိုး
————-

Credit : True Saung Hay Man

[unicode]

လောကမှာ ပျိုရွယ်နေချိန်ဖြစ်ဖြစ်၊ အိုရွယ်နေချိန်ဖြစ်ဖြစ် ကိုယ့်နဲ ့ကိုယ့်ပတ်ဝန်းကျင်တွင်အကျိုးရှိရှိအလုပ်တွေလုပ်ပီး နေထိုင်သွားဖို ့လိုတယ်။ ကိုယ့်ကိုယ်ကို လူပိုတစ်ယောက် ဘယ်တော့မှအဖြစ်မခံပါနဲ ့။ဘယ်အလုပ်ကို လုပ်လုပ်၊ ဘာပဲစပြောင်းလဲပါစေ ကိုယ်က အရင်စရတယ်။ကိုယ်ကစပြီးမလုပ်ဘဲ သူများကို သွားအပြစ်တင်တဲ့လူက အလားကားပဲ။ကိုယ့်အတွက် သူတပါး ၀န်မပိုပါစေနဲ ့၊ ၀န်မပိပါစေနဲ ့။ ကိုယ်တိုင် ကိုယ့်ဘဝရဲ့ အခက်ခဲတွေကိုအကောင်းဆုံးဖြေရှင်းပြီး နေရမယ်။ လူပိုတစ်ယောက်ဖြစ်လာပီဆို လောကမှာ အဲ့ဒီလူဟာအမှိုက်တစ်စပါပဲ။ သူ ့အတွက်လည်း အမှိုက်ပိုရှုပ်တယ်။လောကမှ လုပ်အားတွေ အများကြီးလိုပါတယ်။ လိုနေတဲ့နေ ရာတွေကို ကိုယ်လည်း ၀င်ဖြည့်ပေးရမယ်။ လူပိုဖြစ်မနေအောင် နေဖို ့လိုတယ်။တကယ်တမ်း ကိုယ်သာ အသုံးဝင်မယ်ဆိုရင် မိသားစုမှာလည်း ကိုယ်ဟာလိုအပ်ပါတယ်၊မိတ်ဆွေသူငယ်ချင်းတွေကြားမှာလည်း ကိုယ်ဟာ လိုအပ်ပါတယ်၊ ပတ်ဝန်းကျင်မှာလည်း ကိုယ်ဟာလိုအပ်တာပါပဲ။ကိုယ့်ရဲ့ အသုံးဝင်မှုကို သူများတွေသိဖို ့ထက် ကိုယ်တိုင် သိအောင်လုပ်ဖို ့လိုတယ်။ကိုယ့်ရဲ့ခွန်အားတွေနဲ ့ လိုအပ်တဲ့နေရာတွေကို ဖြည့်ဆည်းပေးလိုက်စမ်းပါ။

Leave a Reply

Your email address will not be published. Required fields are marked *