”ဘဝမှာ ကျေနပ်စွာနေတက်ဖို့အတွက်”
KNOWLEDGE
✍✍✍✍✍✍✍✍✍✍✍✍✍✍✍✍
လေးစားလျှက် MayHsu(ရာမညမြေ)
[unicode]
ဘဝမှာ လူတိုင်းက လိုတာမရ ရတာမလိုတဲ့…ဆန္ဒတွေနဲ့ပြည့်နှက်နေတက်ကြပါတယ်…ကျမ အပါအဝင် လူတိုင်းမှာ ဖြစ်ချင်တာထက်ဖြစ်သင့်တာကို ဦးစားပေးရင်းကပျော်ရွှင်မှုတွေကိုဆုံရှုံးကြရပါတယ်။နောက်ပြီး ကျမတို့လိုလူတိုင်းကသူတစ်ပါးဝေဖန်မှုကို အရေးထားပြီးဂရုတစိုက် ရှိနေတာက ပိုဆိုးပါတယ်။ဝေဖန်ကဲ့ရဲ့ခြင်းတွေ ကိုဂရုစိုက်နေခြင်းကကိုယ့်ဘဝကို မပျော်ရွှင်အောင်ဖန်တီးလိုက်ခြင်းပါပဲ။ ဘဝကိုနေပျော်ဖို့အတွက်တော့လူတိုင်းခဲ ယဉ်းနေတက်တာကသူတစ်ပါးဝေဖန်မှုကိုခေါင်းထဲထည့်ထားခြင်းကြောင့်ပါ။ဘဝမှာလူတိုင်းအတွက်အဓိကပြဿနာကကိုယ့်ဘဝကို မပြည့်စုံမပျော်ရွှင်နိုင်ဘူးဆိုတဲ့အတွေးတွေက ကိုယ့်ကိုကိုယ် ယုံကြည်မှုမဲ့စေတာပါပဲ။လောကမှာ လူတိုင်းက ပြီးပြည့်စုံတဲ့သူရယ်လို့ရှားပါတယ်တစ်ခုမဟုတ်တစ်ခုတော့ လိုအပ်ချက်ကိုယ်စီရှိနေကြတာပါပဲဒီအရာကို ဖြည့်ဆည်းနိုင်ဖို့ဆို တာ မလွယ်ကူပေမယ့်အဲ့ဒီစိတ်တွေဖြစ်ပေါ်စေနိုင်တဲ့ကိုယ့်အတွေးတွေကိုထိန်းချူပ်တက်ဖို့ကသာအဓိကကျပါတယ်။ကိုယ့်ဘဝကို နေပျော်ချင်လျှင်ဘာကိုပဲလုပ်​လုပ်​ ဘယ်သူ့ကိုမှဂရုမစိုက်ပါနဲ့ (မှတ်ချက်)ဘယ်သူမှလူမထင်ရဘူးလို့ပြော တာမဟုတ်ဘူးနော်…ဝေ ဖန်ချက် တိုင်းမှာအကောင်းအဆိုးရှိတဲ့အတွက်အကြောင်းအကျိုးကိုဆင်ချင်ပြီးဆုံးဖြတ်​ပါ ။လိုက်နာသင့်တာကလွဲလို ့ကျန်တာခေါင်း ထဲ့ထည့်မထားပါနဲ့။ကျန်းမာရေး ကောင်းအောင်နေပါကျန်းမာခြင်းက ဘဝအတွက် အရေးကြီးဆုံးပဲမ ဟုတ်လားကိုယ်ကျန်းမာ မှစိတ်လဲချမ်းသာနိုင်မှာပါ။ဘုရား၊တရားများများလုပ်ပါ တရားထိုင်ခြင်းကစိတ်ကိုတည်ငြိမ်စေတဲ့အတွက်စိတ်ကြည်လင်ပြီး အေးချမ်းတဲ့ ဘဝတစ်ခုကိုသိမြင်လာမှာပါ။ကောင်းတဲ့ စိတ်နဲ့လူတိုင်းအပေါ်မြင်ပေးပါသူတစ်ပါးက အမုန်းစကားဆိုခဲ့လျှင်တောင် ကောင်းတဲ့ အတွေးကောင်းတဲ့အမြင်လေးနဲ့ သာမြင်ပေးလိုက်ရင်ကောင်းတာတွေပဲမြင်ရမှာပါ။စေတနာထားပါ လူတိုင်းကစေတနာနဲ့မတန်ရင်နေ ပါစေကိုယ်ပေးတဲ့ စေတနာနဲ့တန်တဲ့အကျိုးကိုကိုယ်ပဲခံစားရမှာပါသူပေးတဲ့စေတနာနဲ့ တန်တဲ့အကျိုးကိုတော့ သူကိုယ်တိုင်ခံစားရမှာပဲ။ပြုံးပါဘယ်လိုအခက်ခဲရှိပါစေကိုယ့်ကိုကိုယ် ပြံုးပြပေးပါအပြံုးတစ်ခုက ခွန်အားတစ်ခုဖြစ်စေနိုင်တယ်အမုန်းကိုလဲရှုံးစေတယ် နှလုံးကို လဲအေးစေတဲ့ အတွက်လူတိုင်းကိုလဲပြံုးနေစေဖို့မမေ့ပါနဲ့။ တက်နိုင်သမျှ လူတိုင်းကို ကူညီပါကိုယ်ကူညီလိုက် လို့ သူတစ်ပါးအဆင်ပြေ ရင်ကိုယ်တိုင်လဲပီတိဖြစ်ရသလို သူတို့ဘဝလေးတွေလဲပျော်ရွှင်သွားမှာပါ။တကယ်တော့ကျမတို့ဘဝကိုကျမတို့မကျေနပ်စွာရှင်သန်နေခြင်းကဘဝကိုပျော်ရွှင်စေဖို့နှောင့်နှေးနေစေတာပါပဲ…ဒါကြောင့်ဘယ်လိုအခက်အခဲ၊ဒုက္ခကြံုကြံုမနက်ခင်းအိပ်ယာကနိူးတိုင်းသင်အသက်ရှင်နေသမျှ ဘဝမှာသင်ဟာကံကောင်းနေသေးတယ်၊ကြိုးစားခွင့်တွေရှိသေးတယ်ံဆိုတာမမေ့ပါနဲ့။ ဘဝကိုပျော်ရွှင်စွာဖြတ် သန်းနိူင်ကြဖို့အတွက်ဆန္ဒပြုရင်း သိသမျှကိုပြန်လည်မျှဝေရေးသားလိုက်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *