ဒီဂီယာ နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔အတြက္ အခက္အခဲတစ္ခ်ိဳ႕ရွိေနတဲ့ မန္ခ်က္စတာယူႏိုက္တက္

Premier League

ဒီဂီယာ နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔အတြက္ အခက္အခဲတစ္ခ်ိဳ႕ရွိေနတဲ့ မန္ခ်က္စတာယူႏိုက္တက္
————————–
မန္ခ်က္စတာ ယူႏုိက္တက္အသင္း နဲ႔ ဂိုးသမား ဒီဂီယာတို႔ၾကားက စာခ်ဳပ္သစ္ကိစၥက ေတာ္ေတာ္ေလး ၾကာျမင့္ေနခဲ့ၿပီလို႔ ဆိုရမွာျဖစ္ သ လို အသင္းဘက္ကေန စာခ်ဳပ္သစ္ကိစၥကို ခ်က္ျခင္းအဆံုးသတ္လုိေနေပမယ့္ လက္ရွိမွာအနညး္ငယ္ အခက္အခဲနဲ႔ ရင္ဆိုင္ေန ရပါ တယ္။ ဒီဂီယာ ကို စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္ကို အထိအလင္း ေဆာင္ရြက္ေနခဲ့တာက (၁) ႏွစ္ေလာက္ထိ ၾကာျမင့္ေနခဲ့ၿပီျဖစ္ၿပီး တစ္ပတ္လုပ္ခ ေပါင္ (၃) သိန္းခြဲေလာက္အထိ တိုးျမွင့္ေပးၿပီး စာခ်ုပ္သစ္အတြက္ ကမ္းလွမ္းဖို႔ စီစဥ္ခဲ့ေပမယ့္ ဒီလစာေငြက ဒီဂီယာကို စြဲေဆာင္နိုင္ဖို႔အတြက္ေတာ့ မလံုေလာက္ေသးဟန္ရွိေနပါတယ္။

အာဆင္နယ္အသင္းကေန လာမယ့္ရာသီကုန္မွာ ဂ်ဴဗင္တပ္အသင္းကို ေရာက္ရွိမယ့္ ရမ္ေဆး အေနနဲ႔ အသင္းသစ္မွာ တစ္ပတ္လုပ္ခ ေပါင္ (၄) သိန္းရရွိမွာျဖစ္လို႔ ဒီဂီယာရဲ႕ ေအးဂ်င့္ျဖစ္သူ ေဂ်ာ့မန္းဒက္က စာခ်ဳပ္သစ္ကိစၥကို တိတ္ဆိတ္ေအာင္ ျပဳလုပ္ထားခဲ့ၿပီး ဂ်ဴဗင္တပ္ ၊ ပီအက္စ္ဂ်ီစတဲ့ အသင္းေတြနဲ႔လည္း ေဆြးေႏြးမႈေတြျပဳလုပ္ေနပါတယ္။ဒီဂီယာ ကိုယ္တိုင္ကေတာ့ အသင္းမွာလည္း ဆက္ေနခ်င္တဲ့ အမူအရာေတြရွိေနေပမယ့္ သူ႔ကို (၅) ႏွစ္သက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဆိုခ်င္ေနတဲ့ မန္ခ်က္စတာ ယူႏိုက္တက္အသင္းကေတာ့ လက္ရွိကမ္း လွမ္းေနတဲ့ ေပါင္ (၃) သိန္းခြဲထက္ေတာ့ ပိုၿပီးကမ္းလွမ္းမွ အဆင္ေျပမယ့္ အေျခအေနမွာရွိေနပါတယ္။

[unicode]

မန်ချက်စတာ ယူနိုက်တက်အသင်း နဲ့ ဂိုးသမား ဒီဂီယာတို့ကြားက စာချုပ်သစ်ကိစ္စက တော်တော်လေး ကြာမြင့်နေခဲ့ပြီလို့ ဆိုရမှာဖြစ် သ လို အသင်းဘက်ကနေ စာချုပ်သစ်ကိစ္စကို ချက်ခြင်းအဆုံးသတ်လိုနေပေမယ့် လက်ရှိမှာအနညး်ငယ် အခက်အခဲနဲ့ ရင်ဆိုင်နေ ရပါ တယ်။ ဒီဂီယာ ကို စာချုပ်သက်တမ်းတိုးဖို့အတွက်ကို အထိအလင်း ဆောင်ရွက်နေခဲ့တာက (၁) နှစ်လောက်ထိ ကြာမြင့်နေခဲ့ပြီဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် (၃) သိန်းခွဲလောက်အထိ တိုးမြှင့်ပေးပြီး စာချုပ်သစ်အတွက် ကမ်းလှမ်းဖို့ စီစဉ်ခဲ့ပေမယ့် ဒီလစာငွေက ဒီဂီယာကို စွဲဆောင်နိုင်ဖို့အတွက်တော့ မလုံလောက်သေးဟန်ရှိနေပါတယ်။အာဆင်နယ်အသင်းကနေ လာမယ့်ရာသီကုန်မှာ ဂျူဗင်တပ်အသင်းကို ရောက်ရှိမယ့် ရမ်ဆေး အနေနဲ့ အသင်းသစ်မှာ တစ်ပတ်လုပ်ခ ပေါင် (၄) သိန်းရရှိမှာဖြစ်လို့ ဒီဂီယာရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်းဒက်က စာချုပ်သစ်ကိစ္စကို တိတ်ဆိတ်အောင် ပြုလုပ်ထားခဲ့ပြီး ဂျူဗင်တပ် ၊ ပီအက်စ်ဂျီစတဲ့ အသင်းတွေနဲ့လည်း ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ဒီဂီယာ ကိုယ်တိုင်ကတော့ အသင်းမှာလည်း ဆက်နေချင်တဲ့ အမူအရာတွေရှိနေပေမယ့် သူ့ကို (၅) နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုချင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ လက်ရှိကမ်း လှမ်းနေတဲ့ ပေါင် (၃) သိန်းခွဲထက်တော့ ပိုပြီးကမ်းလှမ်းမှ အဆင်ပြေမယ့် အခြေအနေမှာရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *