မိမိရဲ႕တန္ဖိုးကို မိမိကိုယ္တိုင္ဆန္းစစ္ျခင္း

KNOWLEDGE

မိမိရဲ႕တန္ဖိုးကို မိမိကိုယ္တိုင္ဆန္းစစ္ျခင္း
————————
ဆယ္ေက်ာ္သက္အရြယ္ေကာင္ေလး တစ္ေယာက္ဟာစတိုးဆိုင္တစ္ဆိုင္ရဲ႕ ေငြရွင္းေကာင္တာနားကတယ္လီဖုန္းရံုကိုသြားျပီး ဖုန္းဆက္ဖို႔ဖုန္းနံပါတ္ႏွိပ္လိုက္တယ္ …။စတိုးဆိုင္ပိုင္ရွင္က သတိထားမိျပီးဘာေျပာသလဲဆိုတာ နားေထာင္ေနသတဲ့ …ေကာင္ေလး :
“အန္တီ .. အန္တီ့အိမ္ေရွ႕ ျမက္ခင္းကိုရိတ္ေပးဖို႔ လူမ်ားလိုအပ္သလား သိခ်င္လုိ႔ပါ”အမ်ိဳးသမီးၾကီး : (တစ္ဘက္မွေျပာ)
“အန္တီ့မွာ ျမက္ခင္းရိတ္ေပးေနက်သူရွိပါတယ္ကြယ္”ေကာင္ေလး : “ကၽြန္ေတာ္ အန္တီ့ဆီမွာလုပ္ေနက်သူကို ေပးရတဲ့ အခေၾကးေငြရဲ႕
တစ္၀က္ပဲယူပါ့မယ္ခင္ဗ်ာ ..”အမ်ိဳးသမီးၾကီး : “အန္တီ့ဆီမွာအျမဲလုပ္ေပးေနက်သူရဲ႕ လုပ္ကိုင္ပံုကိုအန္တီအရမ္းစိတ္တိုင္းက်လုိ႔ပါ သားရယ္”ေကာင္ေလး : (ဇြဲမေလွ်ာ့ေသးပဲ) “အန္တီရယ္၊ကၽြန္ေတာ္ အန္တီ့အိမ္မွာ ျမက္ရိတ္ေပးမယ့္အျပင္အခေၾကးေငြမယူပဲ လွည္းက်င္းေပးမယ္ ဆိုရင္ေရာခင္ဗ်ာ”အမ်ိဳးသမီးၾကီး : ” ေက်းဇူးတင္ပါတယ္ကြယ္ …အန္တီတကယ္မလိုအပ္လို႔ပါ” ေကာင္ေလး ဟာအျပံဳးနဲ႔ ဖုန္းျပန္ခ်လုိက္တယ္ ..။အကုန္လံုးကို နားေထာင္ေနတဲ့စတိုးဆိုင္ပိုင္ရွင္ဟာ ေကာင္ေလးနားကိုေလွ်ာက္သြားသတဲ့ ..။စတိုးဆိုင္ပိုင္ရွင္ : “သားကိုလက္ခံတယ္တဲ့လား”ေကာင္ေလး : “မလိုေသးဘူးေျပာပါတယ္ ဦးေလး”စတိုးဆိုင္ပိုင္ရွင္ : “အင္း … သားရဲ႕စိတ္ဓာတ္ေလးကိုေတာ့ ဦးေလးသေဘာက်တယ္ ..။သားလိုခ်င္ရင္ အဲလိုအလုပ္မ်ိဳး တျခားဆီမွာရေအာင္ဦးေလး ကူညီေပးပါ့မယ္”ေကာင္ေလး : “ေက်းဇူးတင္ပါတယ္ ဦးေလး ..ဒါေပမယ့္ မလိုပါဘူးခင္ဗ်ာ”စတိုးဆိုင္ပိုင္ရွင္ : “ေဟ … မင္း အခုပဲ
အလုပ္လိုခ်င္ေနတာ မဟုတ္ဘူးလား”ေကာင္ေလး : “မဟုတ္ပါဘူး ခင္ဗ်ာ ..။ကၽြန္ေတာ္ရျပီးသားအလုပ္တစ္ခုမွာ ကၽြန္ေတာ့ရဲ လုပ္ေဆာင္ခဲ့ႏိုင္မႈကို ျပန္ျပီးစစ္ေဆးေနတာပါ ..။အခု ကၽြန္ေတာ္ဖုန္းဆက္ခဲ့တဲ့အန္တီ့အိမ္မွာ ကၽြန္ေတာ္ အလုပ္လုပ္ေနတာပါ။(ဒါဟာ မိမိရဲ႕တန္ဖိုးကို မိမိကိုယ္တိုင္ဆန္းစစ္ျခင္းလို႔ ေခၚပါတယ္)

credit ; orginal

[unicode]

ဆယ်ကျော်သက်အရွယ်ကောင်လေး တစ်ယောက်ဟာစတိုးဆိုင်တစ်ဆိုင်ရဲ့ ငွေရှင်းကောင်တာနားကတယ်လီဖုန်းရုံကိုသွားပြီး ဖုန်းဆက်ဖို့ဖုန်းနံပါတ်နှိပ်လိုက်တယ် …။စတိုးဆိုင်ပိုင်ရှင်က သတိထားမိပြီးဘာပြောသလဲဆိုတာ နားထောင်နေသတဲ့ …ကောင်လေး :“အန်တီ .. အန်တီ့အိမ်ရှေ့ မြက်ခင်းကိုရိတ်ပေးဖို့ လူများလိုအပ်သလား သိချင်လို့ပါ”အမျိုးသမီးကြီး : (တစ်ဘက်မှပြော)”အန်တီ့မှာ မြက်ခင်းရိတ်ပေးနေကျသူရှိပါတယ်ကွယ်”ကောင်လေး : “ကျွန်တော် အန်တီ့ဆီမှာလုပ်နေကျသူကို ပေးရတဲ့ အခကြေးငွေရဲ့တစ်ဝက်ပဲယူပါ့မယ်ခင်ဗျာ ..”အမျိုးသမီးကြီး : “အန်တီ့ဆီမှာအမြဲလုပ်ပေးနေကျသူရဲ့ လုပ်ကိုင်ပုံကိုအန်တီအရမ်းစိတ်တိုင်းကျလို့ပါ သားရယ်”ကောင်လေး : (ဇွဲမလျှော့သေးပဲ) “အန်တီရယ်၊ကျွန်တော် အန်တီ့အိမ်မှာ မြက်ရိတ်ပေးမယ့်အပြင်အခကြေးငွေမယူပဲ လှည်းကျင်းပေးမယ် ဆိုရင်ရောခင်ဗျာ”အမျိုးသမီးကြီး : ” ကျေးဇူးတင်ပါတယ်ကွယ် …အန်တီတကယ်မလိုအပ်လို့ပါ” ကောင်လေး ဟာအပြုံးနဲ့ ဖုန်းပြန်ချလိုက်တယ် ..။အကုန်လုံးကို နားထောင်နေတဲ့စတိုးဆိုင်ပိုင်ရှင်ဟာ ကောင်လေးနားကိုလျှောက်သွားသတဲ့ ..။စတိုးဆိုင်ပိုင်ရှင် : “သားကိုလက်ခံတယ်တဲ့လား”ကောင်လေး : “မလိုသေးဘူးပြောပါတယ် ဦးလေး”စတိုးဆိုင်ပိုင်ရှင် : “အင်း … သားရဲ့စိတ်ဓာတ်လေးကိုတော့ ဦးလေးသဘောကျတယ် ..။သားလိုချင်ရင် အဲလိုအလုပ်မျိုး တခြားဆီမှာရအောင်ဦးလေး ကူညီပေးပါ့မယ်”ကောင်လေး : “ကျေးဇူးတင်ပါတယ် ဦးလေး ..ဒါပေမယ့် မလိုပါဘူးခင်ဗျာ”စတိုးဆိုင်ပိုင်ရှင် : “ဟေ … မင်း အခုပဲ
အလုပ်လိုချင်နေတာ မဟုတ်ဘူးလား”ကောင်လေး : “မဟုတ်ပါဘူး ခင်ဗျာ ..။ကျွန်တော်ရပြီးသားအလုပ်တစ်ခုမှာ ကျွန်တော့ရဲ လုပ်ဆောင်ခဲ့နိုင်မှုကို ပြန်ပြီးစစ်ဆေးနေတာပါ ..။အခု ကျွန်တော်ဖုန်းဆက်ခဲ့တဲ့အန်တီ့အိမ်မှာ ကျွန်တော် အလုပ်လုပ်နေတာပါ။(ဒါဟာ မိမိရဲ့တန်ဖိုးကို မိမိကိုယ်တိုင်ဆန်းစစ်ခြင်းလို့ ခေါ်ပါတယ်)

Leave a Reply

Your email address will not be published. Required fields are marked *