ေနာက္ေက်ာ ဒဏ္ရာ ရရွိထားခဲ့တဲ့ ဟာဇက္

Premier League

ေနာက္ေက်ာ ဒဏ္ရာ ရရွိထားခဲ့တဲ့ ဟာဇက္
============================
ခ်ဲလ္ဆီး အသင္း ကစားသမား ဟာဇက္ဟာ ေနာက္ေက်ာ ဒဏ္ရာ ရရွိထားခဲ့ေၾကာင္း သိရပါတယ္။ အဆုိပါ ကစားသမား ျဖစ္သူဟာ မန္ယူ အသင္းနဲ႔ တစ္ဖက္ ၂ ဂိုးစီ သေရက်ထားခဲ့တဲ့ အိမ္ကြင္း ပြဲစဥ္မွာ ခ်ဲလ္ဆီး အသင္း အတြက္ ကစားရင္း ဒဏ္ရာရခဲ့တာ ျဖစ္ပါတယ္။ ယင္းေၾကာင့္ သူဟာ ဘိတ္ဘိုရီေဆာ့ဗ္ အသင္းနဲ႔ ကစားရမယ့္ ယူရိုပါလိဂ္ ပြဲစဥ္ အျပင္ ဘန္ေလ အသင္းနဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္ကိုပါ လြဲေခ်ာ္ႏိုင္ေၾကာင္း သတင္းေတြ ထြက္ေနပါတယ္။ ဟာဇက္ဟာ ယခုရာသီ ေနာက္ဆံုး ၁၁ ပြဲမွာ ၈ ဂိုး အထိ သြင္းယူထားခဲ့တဲ့ ကစားသမား တစ္ဦး ျဖစ္ၿပီး သူသာ အသင္းရဲ႕ ပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့ပါက ယခုရာသီ ရံႈးပြဲ မရွိထားခဲ့တဲ့ ခ်ဲလ္ဆီး အသင္း နည္းျပ ဆာရီ အတြက္ေတာ့ ထိခိုက္စရာ ျဖစ္လာေတာ့မွာ ျဖစ္ပါတယ္။

[unicode]

ချဲလ်ဆီး အသင်း ကစားသမား ဟာဇက်ဟာ နောက်ကျော ဒဏ်ရာ ရရှိထားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကစားသမား ဖြစ်သူဟာ မန်ယူ အသင်းနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျထားခဲ့တဲ့ အိမ်ကွင်း ပွဲစဉ်မှာ ချဲလ်ဆီး အသင်း အတွက် ကစားရင်း ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ ယင်းကြောင့် သူဟာ ဘိတ်ဘိုရီဆော့ဗ် အသင်းနဲ့ ကစားရမယ့် ယူရိုပါလိဂ် ပွဲစဉ် အပြင် ဘန်လေ အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကိုပါ လွဲချော်နိုင်ကြောင်း သတင်းတွေ ထွက်နေပါတယ်။ ဟာဇက်ဟာ ယခုရာသီ နောက်ဆုံး ၁၁ ပွဲမှာ ၈ ဂိုး အထိ သွင်းယူထားခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး သူသာ အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့ပါက ယခုရာသီ ရှုံးပွဲ မရှိထားခဲ့တဲ့ ချဲလ်ဆီး အသင်း နည်းပြ ဆာရီ အတွက်တော့ ထိခိုက်စရာ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *