မန္ခ်က္စတာယူႏိုက္တက္ နဲ႕ လီဗာပူး တုိ႕ၾကား အဓိက ကြာျခားခ်က္ တစ္ခု ကို ေျပာျပလိုက္တဲ့ ဖာဒီနန္

Premier League

မန္ခ်က္စတာယူႏိုက္တက္ နဲ႕ လီဗာပူး တုိ႕ၾကား အဓိက ကြာျခားခ်က္ တစ္ခု ကို ေျပာျပလိုက္တဲ့ ဖာဒီနန္
————————————————————————————–
အဂၤလန္ ေနာက္ခံလူ ေဟာင္း ရီယုိ ဖာဒီနန္ က မန္ခ်က္စတာ ယူႏုိက္တက္ အသင္း နဲ႕ လီဗာပူး အသင္း တို႕ၾကား ဒီရာသီ အဓိက ကြာျခားခ်က္ ဟာ အဆုိပါ ႏွစ္သင္း ရဲ႕ ယံုၾကည္ခ်က္ ပဲ လို႕ မွတ္ခ်က္ ေပးသြား ခဲ့ပါတယ္။ယာဂန္ကေလာ့ ရဲ႕ မာေဆးဆုိက္ အေျခစိုက္ ကလပ္ ဟာ ပရီးမီးယားလိဂ္ အမွတ္ေပး ဇယား ရဲ႕ ဒုတိယေနရာ မွာ ရပ္တည္ ေနျပီး ထိပ္ဆံုး က မန္ခ်က္စတာ စီးတီး နဲ႕ ဂိုးကြာျခားခ်က္ ပဲ ရွိေန ပါတယ္။လီဗာပူး ဟာ ဒီရာသီ လိဂ္ျပိဳင္ပြဲ မွာ လံုး၀ ရွံုးပြဲ မရွိေသး တဲ့ အျပင္ ခ်န္ပီယံလိဂ္ မွာလည္း မရဏ အုပ္စု မွာ က်ေရာက္ ေနေပမယ့္လည္း လက္ရွိမွာ အီတလီ အင္အားၾကီး ကလပ္ နာပိုလီ နဲ႕ ျပင္သစ္ ခ်န္ပီယံ ပီအက္ဂ်ီ တုိ႕ရဲ႕ အထက္ မွာ ရပ္တည္ ေနပါတယ္။ဖာဒီနန္ ကေတာ့ လီဗာပူး ရဲ႕ ျမင့္မား ေနတဲ့ ယံုၾကည္ခ်က္ ဟာ ေမာ္ရင္ညိဳ ရဲ႕ မန္ယူႏုိက္တက္ နဲ႕ ဆန္႕က်င္ဘက္ ျဖစ္ေန တယ္လို႕ ဆုိလိုက္ ပါတယ္။ယူႏိုက္တက္ ဟာ လက္ရွိ ပရီးမီးယားလိဂ္ အမွတ္ေပး ဇယား ရဲ႕ အဆင့္ ၁၀ ေနရာ မွာ ရပ္တည္ ေနျပီး တန္းတက္ ၀ုဖ္ အသင္း ၊ ၎ထက္ အမ်ားၾကီး အင္အား နည္းပါးတဲ့ ၀က္ဖုိ႕ဒ္ ၊ ဘုန္းေမာက္ အသင္း တုိ႕ ရဲ႕ ေအာက္ မွာ ရွိေန ပါတယ္။
ယူႏုိက္တက္ ဟာ ဒီရာသီ မွာ ဘရုိက္တန္ ၊ ေတာ့တင္ဟမ္ နဲ႕ ၀က္ဟမ္း တုိ႕ကို အံ့အားသင့္ဖြယ္ ရွံဳးနိမ့္ ခဲ့တဲ့ အျပင္ ကာရာေဘာင္ ဖလား မွာလည္း ခ်န္ပီယံရွစ္ ကလပ္ ဒါဘီ ကုိ ရွံဳးကာ ျပိဳင္ပြဲ မွ ထြက္ခဲ့ ရပါတယ္။ ဒါ့အျပင္ ယူႏုိက္တက္ ဟာ ခ်န္ပီယံလိဂ္ အုပ္စု အဆင့္ ပြဲေတြ မွာလည္း ဗလင္စီယာ ကို သေရ ၊ ဂ်ဴဗင္တပ္ ကို ရွံဳးနိမ့္ ထားခဲ့ တာေၾကာင့္ ေနာက္တဆင့္ တက္ေရာက္ ႏုိင္ဖို႕ ရုန္းကန္ ေနရ ပါတယ္။ယူႏုိက္တက္ ေနာက္ခံလူ ေဟာင္း ဖာဒီနန္ က “လီဗာပူး အသင္း ဟာ ယံုၾကည္မွဳ ျပည့္၀ ေနတဲ့ လူစာရင္း ကို ပိုင္ဆုိင္ ထားျပီး မန္ေနဂ်ာ ကလည္း အျပည့္အ၀ ေထာက္ပံ့ ေပးေန ပါတယ္။ သူဟာ ကစားသမား ေတြနဲ႕ ေကာင္းမြန္စြာ ဆက္သြယ္ကာ သူတုိ႕ကို ပိုမုိ ယံုၾကည္မွဳ ရွိေစ ပါတယ္။ ေကာင္းမြန္တဲ့ ေျခစြမ္း အတြက္ သူတုိ႕ကုိ ဂုဏ္ျပဳ ခ်င္ပါတယ္။အျခား တစ္ဖက္ မွာေတာ့ ေမာ္ရင္ညိဳ ဟာ ဒါနဲ႕ အနည္းငယ္ ျခားနား ေနပါတယ္။ ကစားသမား ေတြနဲ႕ ဆက္သြယ္မွဳ ဟာ အေတာ္ကုိ ကြာတာ အေသအခ်ာ ပါပဲ။ လံုး၀ ကုိ ဆန္႕က်င္ဘက္ ျဖစ္ေန ပါတယ္။ေကာင္းမြန္တဲ့ ေျခစြမ္း အတြက္ မန္ေနဂ်ာ ကစားသမား ေတြကုိ ခ်ီးက်ဴး တာကို ၾကားရတာ အရမ္း ေကာင္းပါတယ္။ ဒါဟာ ကစားသမား ေတြကုိ အမွန္တကယ္ ေက်နပ္ ေစျပီး ကစားသမား ေတြ ဟာ သူ႕အတြက္ အေကာင္းဆံုး ေျခစြမ္း ကို ေပးစြမ္းဖို႕ ၾကိဳးစား ပါတယ္။ကၽြန္ေတ္ာ ကေတာ့ လီဗာပူး ကုိ ေဘာလံုး ေလာက ရဲ႕ ထိပ္တန္း ေလး ငါး သင္း ထဲမွာ ထည့္သြင္း ထားပါတယ္။ သူတုိ႕ရဲ႕ ေျခစြမ္းေၾကာင့္ ကၽြန္ေတာ့္ အေနနဲ႕ ဒီအခ်ိန္ မွာ အန္ဖီး ကို သြားကာ လီဗာပူး နဲ႕ သြားမကစား ခ်င္ပါဘူး။ ကေလာ့ ဟာ သူ႕အသင္း ေဘာလံုး လက္ထဲ မွာ မရွိ တာေတာင္ မွ ျပိဳင္ဘက္ ဆီ ကုိ အျပင္းအထန္ သြားေရာက္ လုယူ ေစမွာပါ။” လို႕ ေျပာသြား ပါတယ္။လီဗာပူး ဟာ လာမည့္ စေနေန႕ မွာေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္ အျဖစ္ ကာဒစ္ ကုိ အန္ဖီး မွာ လက္ခံ ကစား ရမွာ ျဖစ္ျပီး ယူႏုိက္တက္ ကေတာ့ တနဂၤေႏြ ေန႕ မွာ အဲဗာတန္ နဲ႕ အုိးထရပ္ဖုိ႕ဒ္ မွာ ကစား ရမွာ ျဖစ္ပါတယ္။

[unicode]

အင်္ဂလန် နောက်ခံလူ ဟောင်း ရီယို ဖာဒီနန် က မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ လီဗာပူး အသင်း တို့ကြား ဒီရာသီ အဓိက ကွာခြားချက် ဟာ အဆိုပါ နှစ်သင်း ရဲ့ ယုံကြည်ချက် ပဲ လို့ မှတ်ချက် ပေးသွား ခဲ့ပါတယ်။ယာဂန်ကလော့ ရဲ့ မာဆေးဆိုက် အခြေစိုက် ကလပ် ဟာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ရဲ့ ဒုတိယနေရာ မှာ ရပ်တည် နေပြီး ထိပ်ဆုံး က မန်ချက်စတာ စီးတီး နဲ့ ဂိုးကွာခြားချက် ပဲ ရှိနေ ပါတယ်။လီဗာပူး ဟာ ဒီရာသီ လိဂ်ပြိုင်ပွဲ မှာ လုံးဝ ရှုံးပွဲ မရှိသေး တဲ့ အပြင် ချန်ပီယံလိဂ် မှာလည်း မရဏ အုပ်စု မှာ ကျရောက် နေပေမယ့်လည်း လက်ရှိမှာ အီတလီ အင်အားကြီး ကလပ် နာပိုလီ နဲ့ ပြင်သစ် ချန်ပီယံ ပီအက်ဂျီ တို့ရဲ့ အထက် မှာ ရပ်တည် နေပါတယ်။ဖာဒီနန် ကတော့ လီဗာပူး ရဲ့ မြင့်မား နေတဲ့ ယုံကြည်ချက် ဟာ မော်ရင်ညို ရဲ့ မန်ယူနိုက်တက် နဲ့ ဆန့်ကျင်ဘက် ဖြစ်နေ တယ်လို့ ဆိုလိုက် ပါတယ်။ယူနိုက်တက် ဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ရဲ့ အဆင့် ၁၀ နေရာ မှာ ရပ်တည် နေပြီး တန်းတက် ၀ုဖ် အသင်း ၊ ၎င်းထက် အများကြီး အင်အား နည်းပါးတဲ့ ၀က်ဖို့ဒ် ၊ ဘုန်းမောက် အသင်း တို့ ရဲ့ အောက် မှာ ရှိနေ ပါတယ်။ယူနိုက်တက် ဟာ ဒီရာသီ မှာ ဘရိုက်တန် ၊ တော့တင်ဟမ် နဲ့ ၀က်ဟမ်း တို့ကို အံ့အားသင့်ဖွယ် ရှံုးနိမ့် ခဲ့တဲ့ အပြင် ကာရာဘောင် ဖလား မှာလည်း ချန်ပီယံရှစ် ကလပ် ဒါဘီ ကို ရှံုးကာ ပြိုင်ပွဲ မှ ထွက်ခဲ့ ရပါတယ်။ ဒါ့အပြင် ယူနိုက်တက် ဟာ ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲတွေ မှာလည်း ဗလင်စီယာ ကို သရေ ၊ ဂျူဗင်တပ် ကို ရှံုးနိမ့် ထားခဲ့ တာကြောင့် နောက်တဆင့် တက်ရောက် နိုင်ဖို့ ရုန်းကန် နေရ ပါတယ်။ယူနိုက်တက် နောက်ခံလူ ဟောင်း ဖာဒီနန် က “လီဗာပူး အသင်း ဟာ ယုံကြည်မှု ပြည့်ဝ နေတဲ့ လူစာရင်း ကို ပိုင်ဆိုင် ထားပြီး မန်နေဂျာ ကလည်း အပြည့်အဝ ထောက်ပံ့ ပေးနေ ပါတယ်။ သူဟာ ကစားသမား တွေနဲ့ ကောင်းမွန်စွာ ဆက်သွယ်ကာ သူတို့ကို ပိုမို ယုံကြည်မှု ရှိစေ ပါတယ်။ ကောင်းမွန်တဲ့ ခြေစွမ်း အတွက် သူတို့ကို ဂုဏ်ပြု ချင်ပါတယ်။အခြား တစ်ဖက် မှာတော့ မော်ရင်ညို ဟာ ဒါနဲ့ အနည်းငယ် ခြားနား နေပါတယ်။ ကစားသမား တွေနဲ့ ဆက်သွယ်မှု ဟာ အတော်ကို ကွာတာ အသေအချာ ပါပဲ။ လုံးဝ ကို ဆန့်ကျင်ဘက် ဖြစ်နေ ပါတယ်။ကောင်းမွန်တဲ့ ခြေစွမ်း အတွက် မန်နေဂျာ ကစားသမား တွေကို ချီးကျူး တာကို ကြားရတာ အရမ်း ကောင်းပါတယ်။ ဒါဟာ ကစားသမား တွေကို အမှန်တကယ် ကျေနပ် စေပြီး ကစားသမား တွေ ဟာ သူ့အတွက် အကောင်းဆုံး ခြေစွမ်း ကို ပေးစွမ်းဖို့ ကြိုးစား ပါတယ်။ကျွန်တေ်ာ ကတော့ လီဗာပူး ကို ဘောလုံး လောက ရဲ့ ထိပ်တန်း လေး ငါး သင်း ထဲမှာ ထည့်သွင်း ထားပါတယ်။ သူတို့ရဲ့ ခြေစွမ်းကြောင့် ကျွန်တော့် အနေနဲ့ ဒီအချိန် မှာ အန်ဖီး ကို သွားကာ လီဗာပူး နဲ့ သွားမကစား ချင်ပါဘူး။ ကလော့ ဟာ သူ့အသင်း ဘောလုံး လက်ထဲ မှာ မရှိ တာတောင် မှ ပြိုင်ဘက် ဆီ ကို အပြင်းအထန် သွားရောက် လုယူ စေမှာပါ။” လို့ ပြောသွား ပါတယ်။လီဗာပူး ဟာ လာမည့် စနေနေ့ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ကာဒစ် ကို အန်ဖီး မှာ လက်ခံ ကစား ရမှာ ဖြစ်ပြီး ယူနိုက်တက် ကတော့ တနင်္ဂနွေ နေ့ မှာ အဲဗာတန် နဲ့ အိုးထရပ်ဖို့ဒ် မှာ ကစား ရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *