အသင္းေျပာင္းေရႊ႕ ႏိုင္တဲ့ စကားမ်ိဳး အရိပ္အျမြက္ေျပာၾကားလိုက္တဲ့ ေနမာ

France Ligue 1

အသင္းေျပာင္းေရႊ႕ ႏိုင္တဲ့ စကားမ်ိဳး အရိပ္အျမြက္ေျပာၾကားလိုက္တဲ့ ေနမာ
————————————
ပီအက္စ္ဂ်ီအသင္းရဲ႕ တိုက္စစ္မွဴး ေနမာဟာ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ဆြဲေဆာင္မႈအေပၚ စိတ္၀င္စားေနျပီး လာမယ့္ရာသီမွာ ရီးရဲလ္ကို ေျပာင္းေရႊ႕ႏိုင္ေခ်ရွိတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ဘရာဇီးလ္လက္ေရြးစင္ကစားသမားဟာ ၂၀၁၇ ခုႏွစ္မွာ ဘာစီ လိုနာ ကေန ပီအက္စ္ဂ်ီကို ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ယူရို၂၂၂သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့သူ ျဖစ္ပါတယ္။အသက္ (၂၇)ႏွစ္အရြယ္ က စား သမားဟာ လက္ရွိမွာ ဒဏ္ရာေၾကာင့္ အနားယူးေနရျပီး ျပင္သစ္ကလပ္နဲ႔အတူ သူ႔ရဲ႕ ပထမဆံုးေဘာလံုးရာသီမွာပဲ ျပည္တြင္းဖလား (၄)လံုးကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ေနမာကို ေရာင္းခ်သြားမွာမဟုတ္ဘူးလို႔ ပီအက္စ္ဂ်ီဥကၠဌ အယ္လ္ခီလိုင္ဖီက ေျပာဆိုထားခဲ့ေပမယ့္ လည္း ရီးရဲလ္မက္ဒရစ္က ေနမာကို အေလးအနက္စိတ္၀င္စားေနတာ ျဖစ္ပါတယ္။ “ ရီးရဲလ္မက္ဒရစ္က ကမၻာ့အေကာင္းဆံုး အသင္း ေတြထဲက တစ္သင္းပါ၊ ဘယ္ကစားသမားမဆို ရီးရဲလ္မက္ဒရစ္မွာ ကစားခ်င္ျပီး ရီးရဲလ္ရဲ႕ ဆြဲေဆာင္မႈကိုလည္း မတြန္းလွန္ႏိုင္ၾကပါဘူး၊ ဒါက ကၽြန္ေတာ္ ရီးရဲလ္မက္ဒရစ္မွာ သြားေရာက္ကစားမယ္လို႔ ေျပာတာမဟုတ္ပါဘူး၊ကၽြန္ေတာ္ ပီအက္စ္ဂ်ီမွာ အရမ္းေပ်ာ္ရႊင္ေနပါတယ္၊ ဒါေပမယ့္ အနာဂတ္ကို ဘယ္သူကမ်ား သိႏိုင္မွာလဲ” လို႔ ေနမာက ဘရာဇီးလ္ရုပ္သံလိုင္း Globo ကို ေျပာၾကားခဲ့ပါတယ္။

“ ကၽြန္ေတာ့္ရဲ႕ အိပ္မက္က ဘာစီလိုနာမွာ ကစားဖို႔ဆိုတာကို အားလံုးသိျပီးသားပါ၊ ဒါက ကၽြန္ေတာ့္ရဲ႕ အျမဲတမ္းအိပ္မက္ပါပဲ၊ ကၽြန္ေတာ္ ငယ္ငယ္ေလးကတည္းက ဘာစီလိုနာမွာ ကစားဖို႔ အိပ္မက္မက္ခဲ့ျပီး အခုဆိုရင္ ကၽြန္ေတာ့္ အိပ္မက္က ျပည့္၀သြားခဲ့ျပီးပါျပီ၊ ဒီေန႔မွာ ေတာ့ ပီအက္စ္ဂ်ီမွာ ကၽြန္ေတာ္ ေပ်ာ္ရႊင္ေနပါတယ္၊ ဘယ္သူ႔ကိုမွ ကၽြန္ေတာ္ မဆြဲေဆာင္ပါဘူး၊ ပဲရစ္ကေနလည္း ကၽြန္ေတာ္ မထြက္ခြာ ခ်င္ပါဘူး၊ ဒါေပမယ့္ တခ်ိဳ႕အရာေတြ ျဖစ္လာတာက အရမ္းျမန္ဆန္ပါတယ္” လို႔ ေနမာက ေျပာခဲ့ပါတယ္။ေနမာကေတာ့ ဘာစီလိုနာမွာ (၄)ႏွစ္ၾကာ ကစားခဲ့သူျဖစ္ျပီး ဘာစီလိုနာနဲ႔အတူ လာလီဂါဆုဖလား၊ ခ်န္ပီယံလိဂ္ဖလားတို႔ကို ဆြတ္ခူးႏိုင္ခဲ့သူ ျဖစ္ပါတယ္။ အခု သူ ေျပာၾကားခဲ့တဲ့ စကားေတြထဲမွာ အသင္းေျပာင္းေရႊ႕ႏိုင္ေခ်လည္း ရွိတယ္ဆုိတဲ့ အေငြ႕အသက္ေတြ ပါ၀င္ေနတာေၾကာင့္ ရီးရဲလ္ကို ေျပာင္းေရႊ႕ဖို႔ ျဖစ္ႏိုင္ေခ်ရွိတယ္လို႔ Sportskeeda က ေဖာ္ျပသြားခဲ့ပါတယ္။

[unicode]

ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး နေမာဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဆွဲဆောင်မှုအပေါ် စိတ်ဝင်စားနေပြီး လာမယ့်ရာသီမှာ ရီးရဲလ်ကို ပြောင်းရွှေ့နိုင်ချေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဘရာဇီးလ်လက်ရွေးစင်ကစားသမားဟာ ၂၀၁၇ ခုနှစ်မှာ ဘာစီ လိုနာ ကနေ ပီအက်စ်ဂျီကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို၂၂၂သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။အသက် (၂၇)နှစ်အရွယ် က စား သမားဟာ လက်ရှိမှာ ဒဏ်ရာကြောင့် အနားယူးနေရပြီး ပြင်သစ်ကလပ်နဲ့အတူ သူ့ရဲ့ ပထမဆုံးဘောလုံးရာသီမှာပဲ ပြည်တွင်းဖလား (၄)လုံးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ နေမာကို ရောင်းချသွားမှာမဟုတ်ဘူးလို့ ပီအက်စ်ဂျီဥက္ကဌ အယ်လ်ခီလိုင်ဖီက ပြောဆိုထားခဲ့ပေမယ့် လည်း ရီးရဲလ်မက်ဒရစ်က နေမာကို အလေးအနက်စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ “ ရီးရဲလ်မက်ဒရစ်က ကမ္ဘာ့အကောင်းဆုံး အသင်း တွေထဲက တစ်သင်းပါ၊ ဘယ်ကစားသမားမဆို ရီးရဲလ်မက်ဒရစ်မှာ ကစားချင်ပြီး ရီးရဲလ်ရဲ့ ဆွဲဆောင်မှုကိုလည်း မတွန်းလှန်နိုင်ကြပါဘူး၊ ဒါက ကျွန်တော် ရီးရဲလ်မက်ဒရစ်မှာ သွားရောက်ကစားမယ်လို့ ပြောတာမဟုတ်ပါဘူး၊ကျွန်တော် ပီအက်စ်ဂျီမှာ အရမ်းပျော်ရွှင်နေပါတယ်၊ ဒါပေမယ့် အနာဂတ်ကို ဘယ်သူကများ သိနိုင်မှာလဲ” လို့ နေမာက ဘရာဇီးလ်ရုပ်သံလိုင်း Globo ကို ပြောကြားခဲ့ပါတယ်။“ ကျွန်တော့်ရဲ့ အိပ်မက်က ဘာစီလိုနာမှာ ကစားဖို့ဆိုတာကို အားလုံးသိပြီးသားပါ၊ ဒါက ကျွန်တော့်ရဲ့ အမြဲတမ်းအိပ်မက်ပါပဲ၊ ကျွန်တော် ငယ်ငယ်လေးကတည်းက ဘာစီလိုနာမှာ ကစားဖို့ အိပ်မက်မက်ခဲ့ပြီး အခုဆိုရင် ကျွန်တော့် အိပ်မက်က ပြည့်ဝသွားခဲ့ပြီးပါပြီ၊ ဒီနေ့မှာ တော့ ပီအက်စ်ဂျီမှာ ကျွန်တော် ပျော်ရွှင်နေပါတယ်၊ ဘယ်သူ့ကိုမှ ကျွန်တော် မဆွဲဆောင်ပါဘူး၊ ပဲရစ်ကနေလည်း ကျွန်တော် မထွက်ခွာ ချင်ပါဘူး၊ ဒါပေမယ့် တချို့အရာတွေ ဖြစ်လာတာက အရမ်းမြန်ဆန်ပါတယ်” လို့ နေမာက ပြောခဲ့ပါတယ်။နေမာကတော့ ဘာစီလိုနာမှာ (၄)နှစ်ကြာ ကစားခဲ့သူဖြစ်ပြီး ဘာစီလိုနာနဲ့အတူ လာလီဂါဆုဖလား၊ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။ အခု သူ ပြောကြားခဲ့တဲ့ စကားတွေထဲမှာ အသင်းပြောင်းရွှေ့နိုင်ချေလည်း ရှိတယ်ဆိုတဲ့ အငွေ့အသက်တွေ ပါ၀င်နေတာကြောင့် ရီးရဲလ်ကို ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ချေရှိတယ်လို့ Sportskeeda က ဖော်ပြသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *