မန်ချက်စတာစီးတီး နဲ့ လီဗာပူး မှာ ဘယ်အသင်းကို ချန်ပီယံဖြစ်စေချင်သလဲဆိုတာကို ရွန်းနီထုတ်ဖော်ပြောကြား

Premier League

မန်ချက်စတာစီးတီး နဲ့ လီဗာပူး မှာ ဘယ်အသင်းကို ချန်ပီယံဖြစ်စေချင်သလဲဆိုတာကို ရွန်းနီထုတ်ဖော်ပြောကြား
———————————


[unicode]

ဒီစီယူနိုက်တက်တိုက်စစ်မှူးရွန်းနီက လီဗာပူးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားဆွတ်ခူးတာကို ကြည့်ရှု့ဖို့ ခံနိုင်ရည်မရှိဘူးလို့ ဝန်ခံလိုက်ပါတယ်။ အဲဗာတန်အသင်းနဲ့အတူ ကစားသမားဘဝစတင်ခဲ့ပြီး မန်ယူဂန္ထဝင်ကစားသမားဖြစ်ခဲ့တဲ့ ရွန်းနီဟာ အခုရာသီ ပရီး မီးယားလိဂ်ချန်ပီယံဆုကို မန်စီးတီးအသင်းနဲ့ လီဗာပူးပြိုင်ဆိုင်နေတာကို လက်ခံဖို့ခက်ခဲနေတာပါ။ တိုက်စစ်မှူးရွန်းနီက “ ပရီးမီး ယား လိဂ်ချန်ပီယံဆုအတွက် ဒီလိုနှစ်သင်းအပြိုင်အဆိုင်ဖြစ်နေတဲ့အချိန်မှာ အင်္ဂလန်ပြင်ပမှာရှိနေတာက အကောင်းဆုံးအကြောင်းပြချက်ပါပဲ။မန်စီးတီးချန်ပီယံဖြစ်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ လီဗာပူးလ်တို့ ချန်ပီယံဖြစ်တာကို ကျွန်တော်ကြည့်ရှု့နိုင်စွမ်းမရှိပါဘူး။ အဲဗာတန်နဲ့ ပတ်သက် တဲ့သူတိုင်းအတွက် အိပ်မက်ဆိုးဖြစ်လာမှာပါ။၂၀၀၅ တုန်းက လီဗာပူး ချန်ပီယံလိဂ်ဖလားရခဲ့တာကို ကျွန်တော်အမှတ်ရမိ ပါ တယ်။ အခု အချိန်အထိ အဲဒီအကြောင်းကို ပြောနေကြတုန်းပါပဲ”လို့ ဖွင့်ဟခဲ့ပါတယ်။လက်ရှိမှာ ရွန်းနီဟာ ဒီစီယူနိုက်တက်အသင်းမှာ ခြေစွမ်းက စား aနလျက်ရှိတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *