မန္စီးတီး ရဲ႕ ရလဒ္ေတြကို စိတ္မ၀င္စားပဲ ဘာစီလိုနာနဲ႔ပြဲကိုပဲ အာရုံအျပည့္စိုက္ထားတယ္လို႔ ကေလာ့ပ္ ေျပာၾကား

Premier League

မန္စီးတီး ရဲ႕ ရလဒ္ေတြကို စိတ္မ၀င္စားပဲ ဘာစီလိုနာနဲ႔ပြဲကိုပဲ အာရုံအျပည့္စိုက္ထားတယ္လို႔  ကေလာ့ပ္ ေျပာၾကား
—————————

လီဗာပူးနည္းျပ ကေလာ့ပ္က သူ႔အေနနဲ႔ ျပည္တြင္းလိဂ္မွာ မန္စီးတီးအသင္း ဘယ္လိုပင္ ရလဒ္ေတြ ရေနပါ ေစ စိတ္မ၀င္စားပဲ လာမယ့္ ၾကားရက္မွာကစားရမယ့္ ဘာစီလိုနာနဲ႔ပြဲကိုပဲ အာရုံအျပည့္စိုက္ထားတယ္လို႔ ေျပာခဲ့ ေၾကာင္း 90 MINက ေဖာ္ျပလာပါတယ္။ “မန္စီးတီး ေျခေခ်ာ္မွာကို ကၽြန္ေတာ္တို႔ကဘာလို႔ စိတ္၀င္စားေနသင့္တာလဲ.? ဒီအရာက စဥ္းစားစရာကိုမလိုတာ ပါ၊ ကၽြန္ေတာ္တို႔ စြမ္းေဆာင္ထား တာနဲ႔ကၽြန္ေတာ္တို႔ ေပ်ာ္ရႊင္ေနပါတယ္၊လာမယ့္ပြဲကို အေကာင္းဆုံး ကစားႏိုင္ ဖို႔ အာရုံစိုက္မယ္၊ဒါပါပဲ၊ ကၽြန္ေတာ္တို႔မွာ လက္က်န္ ၂ ပြဲ အျဖစ္ နယူး၊၀ုလ္တို႔နဲ႔ ကစားရပါမယ္၊ အရမ္းခက္မယ့္ ပြဲေတြ ျဖစ္လာမွာပါ၊ ဒါက ကၽြန္ေတာ္တို႔ သမိုင္းျဖစ္လာမွာပါ၊မန္စီးတီးကို ေစာင့္ ၾကည့္ေနဖို႔ မလိုပါဘူး။” လို႔ ကေလာ့ပ္က Express ကို ေျပာသြားခဲ့တယ္လို႔ သိရပါတယ္။

လက္ရွိမွာ လီဗာပူးနဲ႔ ဘာစီလိုနာ ၂ သင္းထဲက တစ္သင္းက ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ တက္လွမ္းႏိုင္ခဲ့ရင္ ခ်န္ပီယံ ျဖစ္ဖို႔ ဦးစားေပး သတ္ မွတ္ ခံထားရတဲ့ အသင္းေတြ ျဖစ္ပါတယ္။လီဗာပူး နည္းျပ ကေလာ့ပ္ကေတာ့ ယခင္ ေဒါ့မြန္မွာ ေနခဲ့စဥ္ကတည္းက ဥေရာပနဲ႔ ျပည္တြင္း လိဂ္ၿပိဳင္ပြဲေတြ မွာ အျမဲတမ္း ဒုတိယေနရာနဲ႔သာ ေက်နပ္ခဲ့ရသူျဖစ္ပါတယ္။ဒီၾကားထဲမွာေတာ့ မန္စီးတီးနည္းျပ ဂါြဒီယိုလာက ကေလာ့ပ္ ရဲ႕ စိတ္ဓာတ္စစ္ဆင္ေရးကို ဂရုစိုက္သြားမွာ မ ဟုတ္ဘူးလို႔လည္း ေျပာထားတာ ရွိပါတယ္။လီဗာပူးနဲ႔ မန္စီးတီးတို႔က ျပည္တြင္းလိဂ္မွာ ရမွတ္ ၁ မွတ္သာ ကြာဟေနတဲ့ အေနအထားမွာ မန္စီးတီးက အဆင့္ ၁ေနရာကေန ဦးေဆာင္ေနတာ ျဖစ္ပါတယ္။

[unicode]

လီဗာပူးနည်းပြ ကလော့ပ်က သူ့အနေနဲ့ ပြည်တွင်းလိဂ်မှာ မန်စီးတီးအသင်း ဘယ်လိုပင် ရလဒ်တွေ ရနေပါ စေ စိတ်မဝင်စားပဲ လာမယ့် ကြားရက်မှာကစားရမယ့် ဘာစီလိုနာနဲ့ပွဲကိုပဲ အာရုံအပြည့်စိုက်ထားတယ်လို့ ပြောခဲ့ ကြောင်း 90 MINက ဖော်ပြလာပါတယ်။ “မန်စီးတီး ခြေချော်မှာကို ကျွန်တော်တို့ကဘာလို့ စိတ်ဝင်စားနေသင့်တာလဲ.? ဒီအရာက စဉ်းစားစရာကိုမလိုတာ ပါ၊ ကျွန်တော်တို့ စွမ်းဆောင်ထား တာနဲ့ကျွန်တော်တို့ ပျော်ရွှင်နေပါတယ်၊လာမယ့်ပွဲကို အကောင်းဆုံး ကစားနိုင် ဖို့ အာရုံစိုက်မယ်၊ဒါပါပဲ၊ ကျွန်တော်တို့မှာ လက်ကျန် ၂ ပွဲ အဖြစ် နယူး၊ဝုလ်တို့နဲ့ ကစားရပါမယ်၊ အရမ်းခက်မယ့် ပွဲတွေ ဖြစ်လာမှာပါ၊ ဒါက ကျွန်တော်တို့ သမိုင်းဖြစ်လာမှာပါ၊မန်စီးတီးကို စောင့် ကြည့်နေဖို့ မလိုပါဘူး။” လို့ ကလော့ပ်က Express ကို ပြောသွားခဲ့တယ်လို့ သိရပါတယ်။လက်ရှိမှာ လီဗာပူးနဲ့ ဘာစီလိုနာ ၂ သင်းထဲက တစ်သင်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့ရင် ချန်ပီယံ ဖြစ်ဖို့ ဦးစားပေး သတ် မှတ် ခံထားရတဲ့ အသင်းတွေ ဖြစ်ပါတယ်။လီဗာပူး နည်းပြ ကလော့ပ်ကတော့ ယခင် ဒေါ့မွန်မှာ နေခဲ့စဉ်ကတည်းက ဥရောပနဲ့ ပြည်တွင်း လိဂ်ပြိုင်ပွဲတွေ မှာ အမြဲတမ်း ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရသူဖြစ်ပါတယ်။ဒီကြားထဲမှာတော့ မန်စီးတီးနည်းပြ ဂါွဒီယိုလာက ကလော့ပ် ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို ဂရုစိုက်သွားမှာ မ ဟုတ်ဘူးလို့လည်း ပြောထားတာ ရှိပါတယ်။လီဗာပူးနဲ့ မန်စီးတီးတို့က ပြည်တွင်းလိဂ်မှာ ရမှတ် ၁ မှတ်သာ ကွာဟနေတဲ့ အနေအထားမှာ မန်စီးတီးက အဆင့် ၁နေရာကနေ ဦးဆောင်နေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *