အသင္းမွာ ဆက္ရွိေနမယ့္ အရိပ္အေယာင္ေတြျပသလိုက္တဲ့ ဟာဇက္

Premier League

အသင္းမွာ ဆက္ရွိေနမယ့္ အရိပ္အေယာင္ေတြျပသလိုက္တဲ့ ဟာဇက္
———————–

ခ်ဲလ္ဆီးအသင္းရဲ႕ကြင္းလယ္ကစားသမားဟာဇက္ဟာ ၿပီးခဲ့တဲ့တစ္ ပတ္ကက်င္းပခဲ့တဲ့ လာမယ့္ရာသီအတြက္ အိမ္ကြင္း၀တ္စံုသစ္မိတ္ ဆက္ပြဲမွာ ခ်ဲလ္ဆီးအသင္းမွာဆက္ရွိသြားဖို႔ အရိပ္အေယာင္ေတြျပသသြားခဲ့ပါတယ္။ အသက္ (၂၈) ႏွစ္အရြယ္ရွိတဲ့ ဘယ္ဂ်ီယံ လက္ေရြး စင္ကစားသမားကို ရီးရဲလ္မက္ဒရစ္အသင္းကေခၚယူဖို႔ စိတ္၀င္စားလ်က္ရွိေနၿပီး ဟာဇက္ဟာလည္း နည္းျပဇီဒန္း လက္ေအာက္မွာ က စား ခြင့္ ရလိုေၾကာင္းဖြင့္ဟခဲ့ဖူးေၾကာင္း သတင္းမ်ားကေဖာ္ျပခဲ့ၾကပါတယ္။ ဟာဇက္ဟာ ယခုႏွစ္ေဘာ လံုးရာသီမွာ ခ်ဲလ္ဆီးအသင္း အ တြက္ ပရီးမီးယားလိဂ္ပြဲေပါင္း (၃၅) ပြဲအထိပါ၀င္ကစားထားရာ သြင္းဂိုး (၁၆) ဂိုးထိသြင္းယူထားႏိုင္ ခဲ့ၿပီး၊ ဂိုးဖန္တီးမႈ (၁၃) ႀကိမ္ထိျပဳ လုပ္ ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီမွတ္တမ္းဟာ လက္ရွိအသင္းရဲ႕ကစားသမားေတြထဲမွာ စြမ္း ေဆာင္ရည္အေကာင္းဆံုးကစားသမားတစ္ဦးျဖစ္ၿပီး၊ သြင္းဂိုးေရာ ဂိုးဖန္ တီး မႈပါ အျခားေသာကစားသမားေတြ ထက္သာလြန္ေန ခဲ့တာျဖစ္ပါတယ္။ ဟာဇက္ဟာ ယခုႏွစ္ေဘာလံုးရာသီမွာတစ္ ရာသီလံုးနီးပါး ေျခစြမ္းျပကစားထားႏိုင္ခဲ့ေပမယ့္ အသင္းကခ်န္ပီယံလိဂ္၀င္ခြင့္တစ္ေနရာအတြက္ေတာင္မေသခ်ာတဲ့အေနအထားမွာရွိေနခဲ့တာေၾကာင့္ အေျပာင္းအေရႊ႕သတင္းေတြ အႀကိမ္ႀကိမ္ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့အ ပတ္က ျပဳလုပ္တဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ လာ မယ့္ရာသီအိမ္ကြင္း ၀တ္စံုသစ္မိတ္ဆက္ပြဲမွာေတာ့ အျခားကစားသမားေတြ နဲ႔အတူဓာတ္ပံုရိုက္ခဲ့တာေၾကာင့္ အသင္းရဲ႕ပရိသတ္ေတြ အတြက္ လာမယ့္ရာသီမွာ ဟာဇက္ဆက္ရွိေနဖို႔ အရိပ္ အေယာင္ေတြျပသသြားခဲ့ပါတယ္။ခ်ဲလ္ဆီးအသင္းဟာ လက္ရွိပရီးမီးယားလိဂ္မွာ အဆင့္ (၄) အတြင္း၀င္ရန္ရုန္းကန္ေနရေပမယ့္ ယူရိုပါလိဂ္မွာ ေတာ့ ဆီမီးဖိုင္နယ္အဆင့္ထိတက္လွမ္းထားႏိုင္ၿပီျဖစ္လို႔ ယူ႐ိုပါလိဂ္ ဖ လား ရယူကာ ခ်န္ပီယံလိဂ္၀င္ခြင့္နဲ႔ ဟာဇက္ကို ခ်ယ္လ္ဆီးအ သင္းက ထိန္းသိမ္းသြားႏိုင္မလားဆိုတာေစာင့္ၾကည့္ရေတာ့မွာပါ။

[unicode]

ချဲလ်ဆီးအသင်းရဲ့ကွင်းလယ်ကစားသမားဟာဇက်ဟာ ပြီးခဲ့တဲ့တစ် ပတ်ကကျင်းပခဲ့တဲ့ လာမယ့်ရာသီအတွက် အိမ်ကွင်းဝတ်စုံသစ်မိတ် ဆက်ပွဲမှာ ချဲလ်ဆီးအသင်းမှာဆက်ရှိသွားဖို့ အရိပ်အယောင်တွေပြသသွားခဲ့ပါတယ်။ အသက် (၂၈) နှစ်အရွယ်ရှိတဲ့ ဘယ်ဂျီယံ လက်ရွေး စင်ကစားသမားကို ရီးရဲလ်မက်ဒရစ်အသင်းကခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေပြီး ဟာဇက်ဟာလည်း နည်းပြဇီဒန်း လက်အောက်မှာ က စား ခွင့် ရလိုကြောင်းဖွင့်ဟခဲ့ဖူးကြောင်း သတင်းများကဖော်ပြခဲ့ကြပါတယ်။ ဟာဇက်ဟာ ယခုနှစ်ဘော လုံးရာသီမှာ ချဲလ်ဆီးအသင်း အ တွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၃၅) ပွဲအထိပါဝင်ကစားထားရာ သွင်းဂိုး (၁၆) ဂိုးထိသွင်းယူထားနိုင် ခဲ့ပြီး၊ ဂိုးဖန်တီးမှု (၁၃) ကြိမ်ထိပြု လုပ် ထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒီမှတ်တမ်းဟာ လက်ရှိအသင်းရဲ့ကစားသမားတွေထဲမှာ စွမ်း ဆောင်ရည်အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ပြီး၊ သွင်းဂိုးရော ဂိုးဖန် တီး မှုပါ အခြားသောကစားသမားတွေ ထက်သာလွန်နေ ခဲ့တာဖြစ်ပါတယ်။ ဟာဇက်ဟာ ယခုနှစ်ဘောလုံးရာသီမှာတစ် ရာသီလုံးနီးပါး ခြေစွမ်းပြကစားထားနိုင်ခဲ့ပေမယ့် အသင်းကချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် တောင်မသေချာတဲ့အနေအထားမှာရှိနေခဲ့တာ ကြောင့် အပြောင်းအရွှေ့သတင်းတွေ အကြိမ်ကြိမ်ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့အ ပတ်က ပြုလုပ်တဲ့ ချဲလ်ဆီးအသင်းရဲ့ လာ မယ့်ရာသီအိမ်ကွင်း ဝတ်စုံသစ်မိတ်ဆက်ပွဲမှာတော့ အခြားကစားသမားတွေ နဲ့အတူဓာတ်ပုံရိုက်ခဲ့တာကြောင့် အသင်းရဲ့ပရိသတ်တွေ အတွက် လာမယ့်ရာသီမှာ ဟာဇက်ဆက်ရှိနေဖို့ အရိပ် အယောင်တွေပြသသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ လက်ရှိပရီးမီးယားလိဂ်မှာ အဆင့် (၄) အတွင်းဝင်ရန်ရုန်းကန်နေရပေမယ့် ယူရိုပါလိဂ်မှာ တော့ ဆီမီးဖိုင်နယ်အဆင့်ထိတက်လှမ်းထားနိုင်ပြီဖြစ်လို့ ယူရိုပါလိဂ် ဖ လား ရယူကာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဟာဇက်ကို ချယ်လ်ဆီးအ သင်းက ထိန်းသိမ်းသွားနိုင်မလားဆိုတာစောင့်ကြည့်ရတော့မှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *