ဆိုးလ္ရွား နဲ႔ ေမာ္ရင္ညိဳ ရဲ႕ ကြာျခားခ်က္

Premier League

ဆိုးလ္ရွား နဲ႔ ေမာ္ရင္ညိဳ ရဲ႕ ကြာျခားခ်က္
——————-

မန္ခ်က္စတာ ယူႏိုက္တက္အသင္း ေမာ္ရင္ညိဳကို ထုတ္ပယ္ၿပီးအသင္းရဲ႕ ေရွ႕ဆက္ရမယ့္ခရီးအတြက္ ဆိုးလ္ရွားကိုခန္႔အပ္ခဲ့တာက မွန္ ကန္တဲ့ဆံုးျဖတ္ခ်က္တစ္ခုလို႔ဆိုရမွာပါ။(၁၉၉၉) ခုႏွစ္ ခ်န္ပီယံလိဂ္ သူရဲေကာင္းျဖစ္ခဲ့တဲ့ ဆိုးလ္ရွားကေတာ့ အသင္းပရိသတ္ေတြရဲ႕ အ ခ်စ္ေတာ္ကစားသမားျဖစ္ၿပီး ကစားသမားဘ၀အနားယူခဲ့ၿပီး နည္းျပေလာကထဲမွာလည္း ထိုက္သင့္တဲ့ေအာင္ျမင္မႈေတြကိုရရွိခဲ့သူပါ။ အဲ့ဒီေနာက္မွာေတာ့အသင္းရဲ႕ ပဲ့ကိုင္ရွင္ျဖစ္လာခဲ့ၿပီး အသင္းကိုႏိုင္ပြဲေတြဆက္ေနေတာ့လည္း အသင္းပရိသတ္ေတြရဲ႕ ခ်စ္ျခင္းကို  ေနာက္ တစ္ႀကိမ္ပိုင္ဆိုင္ရျပန္ပါတယ္။အသက္ (၄၅) ႏွစ္အရြယ္ရွိေသးတဲ့ ဆိုလ္ရွား မန္ခ်က္စတာ ယူႏိုက္တက္လိုအသင္းတစ္သင္း နည္းျပျဖစ္လာဖို႔အတြက္ လံုေလာက္တဲ့အေျခအေနေတြကို ပိုင္ဆိုင္ထားခဲ့ရဲ႕လားလို႔ ေမးခြန္းထုတ္ရရင္ ဇီဒန္း နဲ႔ ဂါြဒီယိုလာတို႔ေကာ ဘယ္လိုကိုင္တြယ္ခဲ့တယ္ဆိုတာကို ျပန္စဥ္းစားၾကည့္ပါ။အသင္းကို ကိုင္တြယ္ရတဲ့အခ်ိန္တည္းကသူ ေျပာင္းလဲမႈေတြမ်ားစြာျပဳလုပ္ၿပီး ရ လဒ္ေတြအတြက္ေရွ႕ဆက္ခဲ့တာက သူ႔ရဲ႕စြမ္းေဆာင္ရည္ပိုင္းအတြက္ သံသယျဖစ္စရာမလိုတဲ့ ျမင္ကြင္းပါပဲ။ေမာ္ရင္ညိဳလက္ ထက္ မွာ အသင္းရဲ႕ စံခ်ိန္ရွင္ ေပါ့ဘာနဲ႔အဆင္မေျပမႈေတြရွိခဲ့ၿပီး ကစားသမား ၊ နည္းျပ နဲ႔အသင္းအတြက္ ဘယ္ဘက္ကေနပဲၾကည့္ၾကည့္ အက်ိဳး မရွိ တဲ့ျဖစ္ရပ္ေတြသာျဖစ္ခဲ့ရပါတယ္။ျပင္သစ္အသင္းမွာဆိုရင္ ေျခစြမ္းျပၿပီး ကမာၻ႕ဖလားေတာင္ရယူခဲ့တဲ့ ေပါ့ဘာ ေမာ္ရင္ညိဳ ဆီေရာက္ တာနဲ႔ အရံကစားသမားအျဖစ္ ျဖတ္သန္းရတာကေတာ့ ေတာ္ေတာ္ေလးကိုဆိုးရြားတဲ့ျဖစ္ရပ္လို႔ ဆိုရမွာပါ။

ျပင္သစ္ နဲ႔ ဂ်ဴဗင္တပ္အသင္းေတြမွာကစားခဲ့တဲ့ ေျခစြမ္းကိုၾကည့္ရင္ ေပါ့ဘာဆိုတာက ကမာၻ႕အေကာင္းဆံုးကစားသမားေတြထဲက တစ္ ဦးျဖစ္ၿပီး ပြဲစဥ္ရဲ႕အရွိန္ကို အတင္အခ်အေကာင္းဆံုး ျပဳလုပ္ေပးႏိုင္တဲ့ ကစားသမားတစ္ဦးပါ။ဆိုးလ္ရွားေရာက္ရွိခဲ့ခ်ိန္မွာေတာ့ တစ္ခ်ိန္က ေတာက္ပခဲ့တဲ့ ေပါ့ဘာကို ျပန္လည္ေမြးဖြားေပးခဲ့ၿပီး အသင္းအတြက္ ဆိုးလ္ရွားလက္ထပ္ ကစားၿပီးခဲ့တဲ့ ပြဲစဥ္ (၆) ပြဲမွာ (၅) ဂိုးသြင္း (၅) ဂိုးဖန္တီးၿပီး ေျခစြမ္းျပသေနသလိုအသင္းရဲ႕ ကစားဟန္ကလည္း စြဲေဆာင္မႈရွိတဲ့ကြင္းလယ္ကို ျပန္လည္ျမင္ေတြ႕ခဲ့ရပါတယ္။ေပါ့ဘာကို လူငယ္ကစားသမားဘ၀ထဲက ဆိုးလ္ရွားရင္းႏွီးခဲ့ၿပီး ဦးေဆာင္ခဲ့ဖူးတာက ေပါ့ဘာဆီကေန အေကာင္းဆံုး အရာေတြဘယ္လို ရယူရမယ္ ဆိုကို ေကာင္းေကာင္းသိေစတဲ့ အခ်က္တစ္ခုလို႔ ဆိုရပါမယ္။မန္ခ်က္စတာ ယူႏုိက္တက္အသင္းဆိုတာက တစ္ခ်ိန္လံုး တိုက္စစ္ဆင္ ကစား တက္တဲ့အသင္းတစ္သင္းပါ။ေဂ်ာ႔ဘတ္စ္ ၊ ဆာေဘာ္ဘီခ်ာလ္တန္ ၊ ေဒးဗစ္ဘက္ဟမ္း ၊ ရြန္းနီး ၊ ရိုနယ္ဒို ၊ နစၥတယ္ရိြင္း ၊ အင္ဒီ ကိုးလ္ ၊ ဒိြဳက္ေယာ့ အစရွိတဲ့ေျပာမဆံုးႏိုင္ေအာင္ တိုက္စစ္မွဴးတစ္ဦးရဲ႕ပံုရိပ္အျပည့္အ၀ရွိတဲ့ တိုက္စစ္မွဴးေတြ မ်ားစြာပို္င္ဆိုင္ခဲ့ပါတယ္။ ဒီလိုမ်ိဳးတစ္ခ်ိန္လံုး တိုက္စစ္ – တိုက္စစ္ ျဖစ္ေနတဲ့အသင္းက ေမာ္ရင္ညိဳလက္ထပ္မွာ ခံစစ္ကစားဟန္ကို ဦးစားေပးတဲ့အသင္းျဖစ္ သြား ခဲ့လို႔ ယခင္ကပံုရိပ္ေတြနဲ႔မ်ားစြာေသြဖယ္သြားခဲ့ပါတယ္။ဆိုးလ္ရွားအသင္းကိုေရာက္ရွိခ်ိန္မွာ ေတာင္ပံတိုက္စစ္ကစားဟန္ကို ျပန္လည္ အသက္သြင္းခဲ့ၿပီး ေနာက္တန္း ေတာင္ပံခံစစ္မွဴးေတြလည္း တိုက္စစ္ကို လိုက္ပါၿပီး လြတ္လပ္တဲ့တိုက္စစ္ကစားဟန္ကို ဖန္တီးခဲ့ ပါ တယ္။

ဆိုးလ္ရွားဆိုတာက ဖာဂူဆန္နဲ႔ ႏွစ္ေပါင္းမ်ားစြာ လက္တြဲခဲ့တဲ့ တပည့္ေဟာင္းစစ္စစ္ျဖစ္ၿပီး သူျဖတ္သန္းတဲ့ နည္းျပဘ၀မွာလည္း ဖာဂူ ဆန္နဲ႔ နည္းစနစ္ေတြအတိုင္းပဲ သက္ဆိုင္ရာအသင္းတိုင္းကိုနည္းျပျပဳလုပ္ခဲ့သူျဖစ္လု႔ိ အသင္းမွာ ဖာဂူဆန္လက္ထပ္က ကြင္းလယ္နဲ႔ တိုက္စစ္မွ်မွ်တတနဲ႔ လြတ္လြတ္လပ္လပ္ စီးေျမာတဲ့ ကစားဟန္ကို ျမင္ေတြ႕ေနရပါတယ္။အသင္းတစ္သင္းႏိုင္ပြဲေတြ ေအာင္ျမင္မႈေတြ အတြက္ အဓိက က်တဲ့ေနရာမွာ စိတ္ဓါတ္ပိုင္းကလည္း အေရးပါဆံုးေနရာမွာရွိေနပါတယ္။ေမာ္ရင္ညိဳရဲ႕ မ်က္ႏွာမွာ အၿပံဳးဆိုတာက အ ခ်ိန္ေတာ္ေတာ္မ်ားမ်ားေပ်ာက္ကြယ္ေနခဲ့ၿပီး အသင္းကစားသမားေတြကို လူသိရွင္ၾကားေ၀ဖန္တာေတြ အ၀တ္လဲခန္း တြင္းေျပာခ်င္ တာ ေျပာ ဆိုတာေတြက အသင္းသားေတြရဲ႕စိတ္ထဲနဲ႔ နည္းျပအဖြဲ႕၀င္ေတြ အသင္းပတ္၀န္းက်င္ၾကားမွာ အဆိပ္ေငြေတြပ်ံ႕ေနသလိုျဖစ္လာပါ တယ္။ ဆိုးလ္ရွားကေတာ့ ကစားသမားဘ၀မွာတည္းက ကေလးမ်က္ႏွာနဲ႔ လူသတ္သမားလို႔ အမည္တြင္ခဲ့တဲ့သူျဖစ္လို႔ သူ႔မ်က္ႏွာမွာ အၿပံဳးကိုအျမဲျမင္ေတြ႕ေနရပါတယ္။ဒါက္လည္း ကစားမားေတြရဲ႕ စိတ္ဓါတ္ပိုင္းကို ျမွင့္တင္ေပးႏိုင္ဖို႔ကိုအဓိက ျပင္ဆင္ခဲ့ၿပီး ကြင္းအျပင္ ကေန အျပံဳးနဲ႔တံု႔ျပန္ေပးေနတာက ကစားသမားေတြရဲ႕ယံုၾကည္ခ်က္ စိတ္ဓါတ္ေတြအတြက္ကို အဓိက တြန္းအားတစ္ခုျဖစ္လာေစခဲ့ ပါ တယ္။

[unicode]

မန်ချက်စတာ ယူနိုက်တက်အသင်း မော်ရင်ညိုကို ထုတ်ပယ်ပြီးအသင်းရဲ့ ရှေ့ဆက်ရမယ့်ခရီးအတွက် ဆိုးလ်ရှားကိုခန့်အပ်ခဲ့တာက မှန် ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုလို့ဆိုရမှာပါ။(၁၉၉၉) ခုနှစ် ချန်ပီယံလိဂ် သူရဲကောင်းဖြစ်ခဲ့တဲ့ ဆိုးလ်ရှားကတော့ အသင်းပရိသတ်တွေရဲ့ အ ချစ်တော်ကစားသမားဖြစ်ပြီး ကစားသမားဘဝအနားယူခဲ့ပြီး နည်းပြလောကထဲမှာလည်း ထိုက်သင့်တဲ့အောင်မြင်မှုတွေကိုရရှိခဲ့သူပါ။ အဲ့ဒီနောက်မှာတော့အသင်းရဲ့ ပဲ့ကိုင်ရှင်ဖြစ်လာခဲ့ပြီး အသင်းကိုနိုင်ပွဲတွေဆက်နေတော့လည်း အသင်းပရိသတ်တွေရဲ့ ချစ်ခြင်းကို နောက် တစ်ကြိမ်ပိုင်ဆိုင်ရပြန်ပါတယ်။အသက် (၄၅) နှစ်အရွယ်ရှိသေးတဲ့ ဆိုလ်ရှား မန်ချက်စတာ ယူနိုက်တက်လိုအသင်းတစ်သင်း နည်းပြဖြစ်လာဖို့အတွက် လုံလောက်တဲ့အခြေအနေတွေကို ပိုင်ဆိုင်ထားခဲ့ရဲ့လားလို့ မေးခွန်းထုတ်ရရင် ဇီဒန်း နဲ့ ဂါွဒီယိုလာတို့ကော ဘယ်လိုကိုင်တွယ်ခဲ့တယ်ဆိုတာကို ပြန်စဉ်းစားကြည့်ပါ။အသင်းကို ကိုင်တွယ်ရတဲ့အချိန်တည်းကသူ ပြောင်းလဲမှုတွေများစွာပြုလုပ်ပြီး ရ လဒ်တွေအတွက်ရှေ့ဆက်ခဲ့တာက သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းအတွက် သံသယဖြစ်စရာမလိုတဲ့ မြင်ကွင်းပါပဲ။မော်ရင်ညိုလက် ထက် မှာ အသင်းရဲ့ စံချိန်ရှင် ပေါ့ဘာနဲ့အဆင်မပြေမှုတွေရှိခဲ့ပြီး ကစားသမား ၊ နည်းပြ နဲ့အသင်းအတွက် ဘယ်ဘက်ကနေပဲကြည့်ကြည့် အကျိုး မရှိ တဲ့ဖြစ်ရပ်တွေသာဖြစ်ခဲ့ရပါတယ်။ပြင်သစ်အသင်းမှာဆိုရင် ခြေစွမ်းပြပြီး ကမ္ဘာ့ဖလားတောင်ရယူခဲ့တဲ့ ပေါ့ဘာ မော်ရင်ညို ဆီရောက် တာနဲ့ အရံကစားသမားအဖြစ် ဖြတ်သန်းရတာကတော့ တော်တော်လေးကိုဆိုးရွားတဲ့ဖြစ်ရပ်လို့ ဆိုရမှာပါ။ပြင်သစ် နဲ့ ဂျူဗင်တပ်အသင်းတွေမှာကစားခဲ့တဲ့ ခြေစွမ်းကိုကြည့်ရင် ပေါ့ဘာဆိုတာက ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ် ဦးဖြစ်ပြီး ပွဲစဉ်ရဲ့အရှိန်ကို အတင်အချအကောင်းဆုံး ပြုလုပ်ပေးနိုင်တဲ့ ကစားသမားတစ်ဦးပါ။ဆိုးလ်ရှားရောက်ရှိခဲ့ချိန်မှာတော့ တစ်ချိန်က တောက်ပခဲ့တဲ့ ပေါ့ဘာကို ပြန်လည်မွေးဖွားပေးခဲ့ပြီး အသင်းအတွက် ဆိုးလ်ရှားလက်ထပ် ကစားပြီးခဲ့တဲ့ ပွဲစဉ် (၆) ပွဲမှာ (၅) ဂိုးသွင်း (၅) ဂိုးဖန်တီးပြီး ခြေစွမ်းပြသနေသလိုအသင်းရဲ့ ကစားဟန်ကလည်း စွဲဆောင်မှုရှိတဲ့ကွင်းလယ်ကို ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။ပေါ့ဘာကို လူငယ်ကစားသမားဘဝထဲက ဆိုးလ်ရှားရင်းနှီးခဲ့ပြီး ဦးဆောင်ခဲ့ဖူးတာက ပေါ့ဘာဆီကနေ အကောင်းဆုံး အရာတွေဘယ်လို ရယူရမယ် ဆိုကို ကောင်းကောင်းသိစေတဲ့ အချက်တစ်ခုလို့ ဆိုရပါမယ်။မန်ချက်စတာ ယူနိုက်တက်အသင်းဆိုတာက တစ်ချိန်လုံး တိုက်စစ်ဆင် ကစား တက်တဲ့အသင်းတစ်သင်းပါ။ဂျော့ဘတ်စ် ၊ ဆာဘော်ဘီချာလ်တန် ၊ ဒေးဗစ်ဘက်ဟမ်း ၊ ရွန်းနီး ၊ ရိုနယ်ဒို ၊ နစ္စတယ်ရွိင်း ၊ အင်ဒီ ကိုးလ် ၊ ဒွိုက်ယော့ အစရှိတဲ့ပြောမဆုံးနိုင်အောင် တိုက်စစ်မှူးတစ်ဦးရဲ့ပုံရိပ်အပြည့်အဝရှိတဲ့ တိုက်စစ်မှူးတွေ များစွာပိုင်ဆိုင်ခဲ့ပါတယ်။ ဒီလိုမျိုးတစ်ချိန်လုံး တိုက်စစ် – တိုက်စစ် ဖြစ်နေတဲ့အသင်းက မော်ရင်ညိုလက်ထပ်မှာ ခံစစ်ကစားဟန်ကို ဦးစားပေးတဲ့အသင်းဖြစ် သွား ခဲ့လို့ ယခင်ကပုံရိပ်တွေနဲ့များစွာသွေဖယ်သွားခဲ့ပါတယ်။ဆိုးလ်ရှားအသင်းကိုရောက်ရှိချိန်မှာ တောင်ပံတိုက်စစ်ကစားဟန်ကို ပြန်လည် အသက်သွင်းခဲ့ပြီး နောက်တန်း တောင်ပံခံစစ်မှူးတွေလည်း တိုက်စစ်ကို လိုက်ပါပြီး လွတ်လပ်တဲ့တိုက်စစ်ကစားဟန်ကို ဖန်တီးခဲ့ ပါ တယ်။ဆိုးလ်ရှားဆိုတာက ဖာဂူဆန်နဲ့ နှစ်ပေါင်းများစွာ လက်တွဲခဲ့တဲ့ တပည့်ဟောင်းစစ်စစ်ဖြစ်ပြီး သူဖြတ်သန်းတဲ့ နည်းပြဘဝမှာလည်း ဖာဂူ ဆန်နဲ့ နည်းစနစ်တွေအတိုင်းပဲ သက်ဆိုင်ရာအသင်းတိုင်းကိုနည်းပြပြုလုပ်ခဲ့သူဖြစ်လု့ိ အသင်းမှာ ဖာဂူဆန်လက်ထပ်က ကွင်းလယ်နဲ့ တိုက်စစ်မျှမျှတတနဲ့ လွတ်လွတ်လပ်လပ် စီးမြောတဲ့ ကစားဟန်ကို မြင်တွေ့နေရပါတယ်။အသင်းတစ်သင်းနိုင်ပွဲတွေ အောင်မြင်မှုတွေ အတွက် အဓိက ကျတဲ့နေရာမှာ စိတ်ဓါတ်ပိုင်းကလည်း အရေးပါဆုံးနေရာမှာရှိနေပါတယ်။မော်ရင်ညိုရဲ့ မျက်နှာမှာ အပြုံးဆိုတာက အ ချိန်တော်တော်များများပျောက်ကွယ်နေခဲ့ပြီး အသင်းကစားသမားတွေကို လူသိရှင်ကြားဝေဖန်တာတွေ အဝတ်လဲခန်း တွင်းပြောချင် တာ ပြော ဆိုတာတွေက အသင်းသားတွေရဲ့စိတ်ထဲနဲ့ နည်းပြအဖွဲ့ဝင်တွေ အသင်းပတ်ဝန်းကျင်ကြားမှာ အဆိပ်ငွေတွေပျံ့နေသလိုဖြစ်လာပါ တယ်။ ဆိုးလ်ရှားကတော့ ကစားသမားဘဝမှာတည်းက ကလေးမျက်နှာနဲ့ လူသတ်သမားလို့ အမည်တွင်ခဲ့တဲ့သူဖြစ်လို့ သူ့မျက်နှာမှာ အပြုံးကိုအမြဲမြင်တွေ့နေရပါတယ်။ဒါက်လည်း ကစားမားတွေရဲ့ စိတ်ဓါတ်ပိုင်းကို မြှင့်တင်ပေးနိုင်ဖို့ကိုအဓိက ပြင်ဆင်ခဲ့ပြီး ကွင်းအပြင် ကနေ အပြုံးနဲ့တုံ့ပြန်ပေးနေတာက ကစားသမားတွေရဲ့ယုံကြည်ချက် စိတ်ဓါတ်တွေအတွက်ကို အဓိက တွန်းအားတစ်ခုဖြစ်လာစေခဲ့ ပါ တယ်။

Leave a Reply

Your email address will not be published. Required fields are marked *