အသင်းကနေ ထွက်ခွာတော့မယ်လို့ ကောလဟာလတွေထွက်ပေါ်နေခဲ့တဲ့ ဒီဂီယာ နေရာအတွက် ဂိုးသမားတစ်ဦးကို ဈေးကြီးပေးခေါ်ယူ သွားဖို့ မန်ယူပြင်ဆင်မည်

Premier League

အသင်းကနေ ထွက်ခွာတော့မယ်လို့ ကောလဟာလတွေထွက်ပေါ်နေခဲ့တဲ့ ဒီဂီယာ နေရာအတွက် ဂိုးသမားတစ်ဦးကို ဈေးကြီးပေးခေါ်ယူ သွားဖို့ မန်ယူပြင်ဆင်မည်
———————————————-



[unicode]

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂိုးသမားအသင်းကနေ ထွက်ခွာတော့မယ်လို့ ကောလဟာလတွေထွက်ပေါ်နေခဲ့တာကြောင့် သူ့ နေရာမှာ အစားထိုးဖို့အတွက် ကစားသမားကို မန်ချက်စတာ ယူနိုက်တက်အသင်း စတင်ပြင်ဆင်နေပါပြီ။ဒီရာသီမှာ ဒီဂီယား အသင်းရဲ့ ရလဒ်ကို ပြောင်းလဲစေတဲ့ ကြီးကြီးမားမား အမှားပြုလုပ်ခဲ့တာ (၄) ကြိမ်ထိရှိခဲ့ပြီး နောက်ဆုံး ချဲလ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အရေးကြီးနေချိန်မှာ ပြုလုပ်ခဲ့တဲ့ အမှားကအသင်းရဲ့ရလဒ်ပိုင်းကို ယိင်းယိုင်စေခဲ့ပါတယ်။ဒီအတွက် ဒီဂီယာရဲ့ နေရာမှာ အစားထိုးမယ့် ကစားသမားကို မန်ချက်စတာ ယူနိုက်တက်အသင်း စတင်ပြင်ဆင်နေခဲ့ပြီး အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ဂိုး သမား အော့ဘလက်ကို မျက်စိကျနေပါတယ်။အော့ဘလက်အတွက် ပြောင်းရွှေ့ကြေးက စာချုပ်လျော်ကြေးပါထည့်ထွက်မယ်ဆိုရင် ပေါင်သန်း (၁၂၀) လောက်ပေးချေရဖို့ရှိနေခဲ့ပေ မယ့် ဒီဂီယာရဲ့ နေရာမှာအစားထိုးဖို့အဖြစ်နိုင်ဆုံးက အော့ဘလက်လို့ မန်ချက်စတာ ယူနိုက်တက်အသင်း တာဝန်ရှိသူတွေက ပြင်းပြင် ထန်ထန်ကို ယုံကြည်နေခဲ့တာကြောင့် ဒီပေါက်ဈေးကို သင့်တော်တယ်လို့ ထင်မှတ်နေပါတယ်။မန်ချက်စတာ ယူနိုက်တက်အသင်း အနေ နဲ့ အော့ဘလက်လို ကမ္ဘာ့အကောင်းဆုံး စာရင်းပေါက်နေတဲ့ အော့ဘလက်ကို ခေါ်ယူမယ်ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့်က အဓိကကျ တဲ့ နေရာတစ်ခုကနေ ပါဝင်လာနိုင်ခဲ့ပြီး ဒါမှလည်း အပြောင်းအရွှေ့ကို ကောင်းကောင်းလေးအဆုံးသတ်နိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *