လက္က်န္ႏွစ္ပြဲ အျပင္ အာဖရိကဖလား ပါ လြဲေခ်ာ္ရေတာ့မယ့္ ဘိုင္ယီ

Premier League

လက္က်န္ႏွစ္ပြဲ အျပင္ အာဖရိကဖလား ပါ လြဲေခ်ာ္ရေတာ့မယ့္ ဘိုင္ယီ
———————-

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေနာက္ခံလူ အဲရစ္ဘိုင္ယီဟာ ခ်ယ္လ္ဆီးနဲ႔ ကစားခဲ့တဲ့ပြဲမွာ ရရွိခဲ့တဲ့ ဒူးဒဏ္ရာေၾကာင့္ လက္က်န္ ပြဲစဥ္ (၂)ပြဲကို လြဲေခ်ာ္ေတာ့မွာျဖစ္ပါတယ္။ တစ္ဖက္တစ္ဂိုးစီ သေရက်ခဲ့တဲ့ ပြဲမွာ ဘိုင္ယီဟာ ဒုတိယပိုင္းမွာ ဆိုးရြားတဲ့ဒဏ္ရာရရွိခဲ့ တာ ျဖစ္ျပီး အ၀တ္လဲခန္းအတြင္းမွာလည္း ငိုေၾကြးခဲ့တယ္လို႔ သိရပါတယ္။ေဆးစစ္ေဆးမႈမ်ားျပဳလုပ္အျပီးမွာေတာ့ ဘိုင္ယီရဲ႕ဒူးအရြတ္ေတြ ဟာ စုတ္ျပဲသြားခဲ့တာျဖစ္လို႔ ကာလရွည္အနားယူရေတာ့မွာျဖစ္ျပီး အာဖရိကဖလားျပိဳင္ပြဲကိုပါ လြဲေခ်ာ္ေတာ့မယ္လို႔ သိရပါတယ္။ ဘိုင္ယီ ရဲ႕ဒဏ္ရာကို မန္ခ်က္စတာယူႏိုက္တက္အသင္းကလည္းအတည္ျပဳခဲ့ပီးကစားသမားဟာ ေနာက္ႏွစ္ေဘာလံုးရာသီအစမွသာ ျပန္လည္ ကစားႏိုင္ဖြယ္ရွိပါတယ္။

ေဖေဖာ္၀ါရီလေနာက္ပိုင္း ယူႏိုက္တက္အတြက္ ပထမဆံုးအၾကိမ္ ျပန္လည္ပြဲထြက္ကစားခြင့္ ရရွိခဲ့တဲ့ ဘိုင္ယီအတြက္ ဆိုးရြားတဲ့အခိုက္ အတန္႔ နဲ႔ ၾကံဳေတြ႕လိုက္ရတာလည္း ျဖစ္ပါတယ္။ ခ်ယ္လ္ဆီးကြင္းလယ္လူ ကုိဗာဆစ္နဲ႔ ထိခိုက္ခဲ့မိျပီးေနာက္ ဘိုင္ယီကို ေဆးကုသမႈ ေတြ  ခ်က္ခ်င္းျပဳလုပ္ခဲ့ရျပီး လူစားလဲလွယ္ခဲ့ရတဲ့အထိ ဒဏ္ရာက ျပင္းထန္ေနခဲ့ပါတယ္။၂၀၁၉ အာဖရိကဖလားျပိဳင္ပြဲမွာ အီဂ်စ္ႏိုင္ငံက လက္ခံက်င္းပသြားမွာျဖစ္ျပီး ဇြန္လ (၂၁)ရက္ေန႔ကေန ဇူလိုင္ (၁၉)ရက္ေန႔အထိ က်င္းပသြားမွာလည္း ျဖစ္ပါတယ္။ အိုင္ဗရီကို႔စ္အသင္း ဟာ အုပ္စုတြင္းမွာ ေမာ္ရိုကို၊ ေတာင္အာဖရိက၊ နမ္မိဘီယာတို႔နဲ႔ တစ္အုပ္စုတည္း က်ေရာက္ေနျပီး ဗိုလ္စြဲဖို႔ ေရပန္းစားေနတယ္လို႔ လည္း သိရပါတယ္။

[unicode]

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူ အဲရစ်ဘိုင်ယီဟာ ချယ်လ်ဆီးနဲ့ ကစားခဲ့တဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် လက်ကျန် ပွဲစဉ် (၂)ပွဲကို လွဲချော်တော့မှာဖြစ်ပါတယ်။ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ ဘိုင်ယီဟာ ဒုတိယပိုင်းမှာ ဆိုးရွားတဲ့ဒဏ်ရာရရှိခဲ့ တာ ဖြစ်ပြီး အဝတ်လဲခန်းအတွင်းမှာလည်း ငိုကြွေးခဲ့တယ်လို့ သိရပါတယ်။ဆေးစစ်ဆေးမှုများပြုလုပ်အပြီးမှာတော့ ဘိုင်ယီရဲ့ဒူးအရွတ်တွေ ဟာ စုတ်ပြဲသွားခဲ့တာဖြစ်လို့ ကာလရှည်အနားယူရတော့မှာဖြစ်ပြီး အာဖရိကဖလားပြိုင်ပွဲကိုပါ လွဲချော်တော့မယ်လို့ သိရပါတယ်။ ဘိုင်ယီ ရဲ့ဒဏ်ရာကို မန်ချက်စတာယူနိုက်တက်အသင်းကလည်းအတည်ပြုခဲ့ပီးကစားသမားဟာ နောက်နှစ်ဘောလုံးရာသီအစမှသာ ပြန်လည် ကစားနိုင်ဖွယ်ရှိပါတယ်။ဖေဖော်ဝါရီလနောက်ပိုင်း ယူနိုက်တက်အတွက် ပထမဆုံးအကြိမ် ပြန်လည်ပွဲထွက်ကစားခွင့် ရရှိခဲ့တဲ့ ဘိုင်ယီအတွက် ဆိုးရွားတဲ့အခိုက် အတန့် နဲ့ ကြုံတွေ့လိုက်ရတာလည်း ဖြစ်ပါတယ်။ ချယ်လ်ဆီးကွင်းလယ်လူ ကိုဗာဆစ်နဲ့ ထိခိုက်ခဲ့မိပြီးနောက် ဘိုင်ယီကို ဆေးကုသမှု တွေ ချက်ချင်းပြုလုပ်ခဲ့ရပြီး လူစားလဲလှယ်ခဲ့ရတဲ့အထိ ဒဏ်ရာက ပြင်းထန်နေခဲ့ပါတယ်။၂၀၁၉ အာဖရိကဖလားပြိုင်ပွဲမှာ အီဂျစ်နိုင်ငံက လက်ခံကျင်းပသွားမှာဖြစ်ပြီး ဇွန်လ (၂၁)ရက်နေ့ကနေ ဇူလိုင် (၁၉)ရက်နေ့အထိ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။ အိုင်ဗရီကို့စ်အသင်း ဟာ အုပ်စုတွင်းမှာ မော်ရိုကို၊ တောင်အာဖရိက၊ နမ်မိဘီယာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး ဗိုလ်စွဲဖို့ ရေပန်းစားနေတယ်လို့ လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *