အသင္းရဲ႕ ဂႏၱဝင္ကစားသမားတစ္ဦးကို ျပန္လည္ျမင္ေတြ႔ရဖြယ္ရွိေနတဲ့ မန္ခ်က္စတာယူႏိုက္တက္

Premier League

အသင္းရဲ႕ ဂႏၱဝင္ကစားသမားတစ္ဦးကို ျပန္လည္ျမင္ေတြ႔ရဖြယ္ရွိေနတဲ့ မန္ခ်က္စတာယူႏိုက္တက္
——————————

မန္ခ်က္စတာယူႏိုက္တက္ဂႏၱဝင္ေနာက္ခံကစားသမား ရီယိုဖာဒီနန္ဟာ အသင္းရဲ႕အားကစားဒါရိုက္တာသစ္ျဖစ္လာႏုိင္ဖို႔အတြက္ ျဖစ္ ႏိုင္ေျခရွိ၊ မရွိကို အသင္းဒုဥကၠဌ အက္ဒ္ဝုဒ္ဝဒ္နဲ႔ ေျပာဆုိေဆြးေႏြးေနတယ္လို႔ သိရပါတယ္။မန္ခ်က္စတာယူႏုိက္တက္ဟာ ကန္႔လန္႔ ကာ ေနာက္ကြယ္က အခန္းက႑ေတြကို ျပန္လည္တည္ေဆာက္ေနၿပီး ဂႏၱဝင္နည္းျပႀကီး ဖာဂူဆန္အနားယူသြားတဲ့ ၂၀၁၃ ခုႏွစ္ကတည္းက ၿပိဳင္ဘက္ေတြရဲ႕ ေနာက္မွာ က်န္ရစ္ေနခဲ့ၿပီးေနာက္ ေခတ္မီေအာင္ ျပန္လည္ျပဳျပင္လိုေနတာျဖစ္ပါတယ္။

Metro ရဲ႕ေဖာ္ျပခ်က္အရ မိုက္ဖီလန္ဟာ အသင္းရဲ႕ ပထမဦးဆံုးေသာနည္းစနစ္ဒါရိုက္တာျဖစ္လာဖုိ႔ ေျပာဆုိေဆြးေႏြးမႈေတြ ျပဳလုပ္ေန တယ္လို႔ သိရၿပီး မန္ခ်က္စတာယူႏုိက္တက္အသင္းက ကစားသမားရွာေဖြစုေဆာင္းမႈကို ႀကီးၾကပ္ႏုိင္ၿပီး ကြင္းျပင္ပစီမံခန္႔ခြဲမႈအတြက္ မဟာဗ်ဴဟာေရးဆြဲႏုိင္သူကို လုိခ်င္ေနတယ္လုိ႔ သိရပါတယ္။မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ အားကစားဒါရိုက္တာ အေလာင္းအ လ်ာစာရင္းထဲမွာ နာမည္မ်ားစြာ ပါဝင္ေနၿပီး ယခုအပတ္အေစာပိုင္းမွာ ေပါလ္စခုိိးကို ယင္းရာထူး ခန္႔အပ္ဖုိ႔ ယူႏုိက္တက္က စဥ္းစားေန တယ္ လုိ႔ Metro က ေဖာ္ျပခဲ့ပါေသးတယ္။ဒါေပမယ့္လည္း Daily Mail က ဖာဒီနန္ဟာ အားကစားဒါရိုက္တာရာထူးအတြက္ ထိပ္ဆံုး က ဦးေဆာင္ေနၿပီး ယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္းဖာဒီနန္ဟာ အက္ဒ္ဝုဒ္ဝဒ္နဲ႔ ယင္းရာထူးအတြက္ ေျပာဆုိေဆြးေႏြးမႈေတြ ျပဳလုပ္ဖို႔ ေတြ႕ဆံုခဲ့တယ္လို႔ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

[unicode]

မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ရီယိုဖာဒီနန်ဟာ အသင်းရဲ့အားကစားဒါရိုက်တာသစ်ဖြစ်လာနိုင်ဖို့အတွက် ဖြစ် နိုင်ခြေရှိ၊ မရှိကို အသင်းဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်နဲ့ ပြောဆိုဆွေးနွေးနေတယ်လို့ သိရပါတယ်။မန်ချက်စတာယူနိုက်တက်ဟာ ကန့်လန့် ကာ နောက်ကွယ်က အခန်းကဏ္ဍတွေကို ပြန်လည်တည်ဆောက်နေပြီး ဂန္တဝင်နည်းပြကြီး ဖာဂူဆန်အနားယူသွားတဲ့ ၂၀၁၃ ခုနှစ်ကတည်းက ပြိုင်ဘက်တွေရဲ့ နောက်မှာ ကျန်ရစ်နေခဲ့ပြီးနောက် ခေတ်မီအောင် ပြန်လည်ပြုပြင်လိုနေတာဖြစ်ပါတယ်။Metro ရဲ့ဖော်ပြချက်အရ မိုက်ဖီလန်ဟာ အသင်းရဲ့ ပထမဦးဆုံးသောနည်းစနစ်ဒါရိုက်တာဖြစ်လာဖို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေ တယ်လို့ သိရပြီး မန်ချက်စတာယူနိုက်တက်အသင်းက ကစားသမားရှာဖွေစုဆောင်းမှုကို ကြီးကြပ်နိုင်ပြီး ကွင်းပြင်ပစီမံခန့်ခွဲမှုအတွက် မဟာဗျူဟာရေးဆွဲနိုင်သူကို လိုချင်နေတယ်လို့ သိရပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အားကစားဒါရိုက်တာ အလောင်းအ လျာစာရင်းထဲမှာ နာမည်များစွာ ပါဝင်နေပြီး ယခုအပတ်အစောပိုင်းမှာ ပေါလ်စခိုးကို ယင်းရာထူး ခန့်အပ်ဖို့ ယူနိုက်တက်က စဉ်းစားနေ တယ် လို့ Metro က ဖော်ပြခဲ့ပါသေးတယ်။ဒါပေမယ့်လည်း Daily Mail က ဖာဒီနန်ဟာ အားကစားဒါရိုက်တာရာထူးအတွက် ထိပ်ဆုံး က ဦးဆောင်နေပြီး ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းဖာဒီနန်ဟာ အက်ဒ်ဝုဒ်ဝဒ်နဲ့ ယင်းရာထူးအတွက် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ဖို့ တွေ့ဆုံခဲ့တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *