မွတ္တမ္းမ်ားအရ ဗန္ဒိုက္ရဲ႕ စြမ္းေဆာင္ရည္ဟာ အံ့အားသင့္ဖြယ္ေကာင္းမြန္ေနတာကို ေတြ႔ရွိ

Premier League

မွတ္တမ္းမ်ားအရ ဗန္ဒိုက္ရဲ႕ စြမ္းေဆာင္ရည္ဟာ အံ့အားသင့္ဖြယ္ေကာင္းမြန္ေနတာကို ေတြ႔ရွိ
—————————-

အခ်က္အလက္မွတ္တမ္းမ်ားအရ လီဗာပူးလ္အသင္းေနာက္ခံလူ ဗန္ဒိုက္ရဲ႕ စြမ္းေဆာင္ရည္ဟာ အံ့အားသင့္ဖြယ္ေကာင္း မြန္ေလာက္ ေအာင္ ေကာင္းမြန္ေနတာကို ျမင္ေတြ႕ေနခဲ့ရပါတယ္။ ပရီးမီးယားလိဂ္ပြဲေပါင္း (၃၆)ပြဲကစားျပီးခ်ိန္မွာ ဗန္ဒိုက္ကို ေဘာလံုးနဲ႔အတူ ေက်ာ္ ျဖတ္ျပီး ထိုးေဖာက္ႏိုင္တဲ့ ကစားသမားတစ္ဦးမွ ပရီးမီးယားလိဂ္မွာ ေပၚထြက္မလာေသးဘူးလုိ႔ OptaJoe ရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါ တယ္။ဒါဟာ ဒီႏွစ္ေဘာလံုးရာသီတစ္ခုတည္းအတြက္သာျဖစ္ျပီးေတာ့ ျပီးခဲ့တဲ့ရာသီက ပြဲစဥ္ေတြကို ထည့္သြင္းတြက္ခ်က္မယ္ဆိုရင္ စုစုေပါင္း (၄၅)ပြဲအထိ ဗန္ဒိုက္ကို ေဘာလံုးနဲ႔အတူ ေက်ာ္ျဖတ္ႏိုင္တဲ့ ကစားသမား ေပၚထြက္မလာေသးဘူးလို႔ သိရပါတယ္။ PFA ရဲ႕ တစ္ႏွစ္ တာပရီးမီးယားလိဂ္အေကာင္းဆံုးကစားသမားဆုကို ဗန္ဒုိက္က ထိုက္ထိုက္တန္တန္ ဆြတ္ခူးခဲ့တယ္ဆိုတာကိုလည္း ထင္ရွား  ေစ ခဲ့ပါတယ္။ပံုစံေကာင္းေတြျပသေနတဲ့ ဗန္ဒုိက္ဟာ ေမလ (၁)ရက္ေန႔မွာေတာ့ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပြဲအျဖစ္ ဘာစီလိုနာနဲ႔ ရင္ဆုိင္ ရမွာျဖစ္ျပီး ဘာစီလိုနာတိုက္စစ္မွဴး မက္ဆီကိုလည္း အဆိုပါအရည္အေသြးနဲ႔ ထိန္းခ်ဳပ္ႏိုင္ဦးမလားဆိုတာ စိတ္၀င္စားစရာေကာင္းေန ခဲ့ ပါတယ္။

ဒါေပမယ့္ ဗန္ဒိုက္ရဲ႕ စြမ္းေဆာင္ရည္ဟာ လိဂ္ပြဲေတြမွာသာ ျဖစ္ျပီး ခ်န္ပီယံလိဂ္မွာေတာ့ လီဗာပူးလ္ဟာ (၁၀)ကစားအျပီး ေပးဂိုး (၉)ဂိုး အထိ ေပးထားခဲ့ရလို႔ ဥေရာပမွာေတာ့ ခံစစ္ပိုင္းေတာင့္တင္းမႈက အနည္းငယ္က်ဆင္းေနတာကို ေတြ႕ျမင္ခဲ့ရပါတယ္။ဗန္ဒိုက္အေနနဲ႔ ဒီပံုစံကို ဥေရာပျပိဳင္ပြဲမွာပါ ျပသႏိုင္ခဲ့မယ္ဆိုရင္ေတာ့ ေဘာလံုးနဲ႔အတူ ျပိဳင္ဘက္ေနာက္တန္းကို ေက်ာ္ျဖတ္ရာမွာ ျပိဳင္ဖက္ကင္းတဲ့ မက္ ဆီနဲ႔ ထိပ္တိုက္ေတြ႕ဆံုမႈက ေတာ္ေတာ္ေလး ၾကည့္ေကာင္းမယ့္ အေနအထားမွာ ရွိေနပါတယ္။ ဒီပြဲစဥ္မတုိင္ခင္မွာလည္း ဗန္ဒိုက္ က ဘာစီလိုနာနဲ႔ မက္ဆီကို ရင္ဆိုင္ဖို႔ ေၾကာက္ရြံ႕မႈမရွိဘူးလို႔ ေျပာဆိုထားခဲ့လို႔ ပြဲအရိွန္က ေတာ္ေတာ္ေလးျမင့္တက္လာခဲ့ပါ တယ္။ လီဗာ ပူးလ္ဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ေပးဂိုး (၂၀)သာ ခြင့္ျပဳထားရတဲ့ အသင္းျဖစ္ျပီး ဗန္ဒိုက္က အသင္းေနာက္တန္းကို အေကာင္းဆံုး ဦးေဆာင္ေပးေနသူလည္း ျဖစ္ပါတယ္။ တစ္ဖက္မွာမက္ဆီက ဘာစီလိုနာအတြက္ သြင္းဂိုးေတြကို တစ္ဦးတည္းဒိုင္ခံသြင္းယူေပးေနတဲ့ ကစားသမားျဖစ္လို႔ ႏွစ္ဖက္အသင္းရဲ႕ အေကာင္းဆံုးတိုက္စစ္ကစားသမား နဲ႔ အေကာင္းဆံုးခံစစ္သမားတို႔ရဲ႕ ထိပ္တိုက္ေတြ႕ဆံုမႈမွာ ဘယ္သူက အသာစီးရသြားမလဲဆိုတာကို ေစာင့္ၾကည့္ရပါေတာ့မယ္။

[unicode]

အချက်အလက်မှတ်တမ်းများအရ လီဗာပူးလ်အသင်းနောက်ခံလူ ဗန်ဒိုက်ရဲ့ စွမ်းဆောင်ရည်ဟာ အံ့အားသင့်ဖွယ်ကောင်း မွန်လောက် အောင် ကောင်းမွန်နေတာကို မြင်တွေ့နေခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ပွဲပေါင်း (၃၆)ပွဲကစားပြီးချိန်မှာ ဗန်ဒိုက်ကို ဘောလုံးနဲ့အတူ ကျော် ဖြတ်ပြီး ထိုးဖောက်နိုင်တဲ့ ကစားသမားတစ်ဦးမှ ပရီးမီးယားလိဂ်မှာ ပေါ်ထွက်မလာသေးဘူးလို့ OptaJoe ရဲ့ ဖော်ပြချက်အရ သိရှိရပါ တယ်။ဒါဟာ ဒီနှစ်ဘောလုံးရာသီတစ်ခုတည်းအတွက်သာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ရာသီက ပွဲစဉ်တွေကို ထည့်သွင်းတွက်ချက်မယ်ဆိုရင် စုစုပေါင်း (၄၅)ပွဲအထိ ဗန်ဒိုက်ကို ဘောလုံးနဲ့အတူ ကျော်ဖြတ်နိုင်တဲ့ ကစားသမား ပေါ်ထွက်မလာသေးဘူးလို့ သိရပါတယ်။ PFA ရဲ့ တစ်နှစ် တာပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို ဗန်ဒိုက်က ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့တယ်ဆိုတာကိုလည်း ထင်ရှား စေ ခဲ့ပါတယ်။ပုံစံကောင်းတွေပြသနေတဲ့ ဗန်ဒိုက်ဟာ မေလ (၁)ရက်နေ့မှာတော့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲအဖြစ် ဘာစီလိုနာနဲ့ ရင်ဆိုင် ရမှာဖြစ်ပြီး ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကိုလည်း အဆိုပါအရည်အသွေးနဲ့ ထိန်းချုပ်နိုင်ဦးမလားဆိုတာ စိတ်ဝင်စားစရာကောင်းနေ ခဲ့ ပါတယ်။ဒါပေမယ့် ဗန်ဒိုက်ရဲ့ စွမ်းဆောင်ရည်ဟာ လိဂ်ပွဲတွေမှာသာ ဖြစ်ပြီး ချန်ပီယံလိဂ်မှာတော့ လီဗာပူးလ်ဟာ (၁၀)ကစားအပြီး ပေးဂိုး (၉)ဂိုး အထိ ပေးထားခဲ့ရလို့ ဥရောပမှာတော့ ခံစစ်ပိုင်းတောင့်တင်းမှုက အနည်းငယ်ကျဆင်းနေတာကို တွေ့မြင်ခဲ့ရပါတယ်။ဗန်ဒိုက်အနေနဲ့ ဒီပုံစံကို ဥရောပပြိုင်ပွဲမှာပါ ပြသနိုင်ခဲ့မယ်ဆိုရင်တော့ ဘောလုံးနဲ့အတူ ပြိုင်ဘက်နောက်တန်းကို ကျော်ဖြတ်ရာမှာ ပြိုင်ဖက်ကင်းတဲ့ မက် ဆီနဲ့ ထိပ်တိုက်တွေ့ဆုံမှုက တော်တော်လေး ကြည့်ကောင်းမယ့် အနေအထားမှာ ရှိနေပါတယ်။ ဒီပွဲစဉ်မတိုင်ခင်မှာလည်း ဗန်ဒိုက် က ဘာစီလိုနာနဲ့ မက်ဆီကို ရင်ဆိုင်ဖို့ ကြောက်ရွံ့မှုမရှိဘူးလို့ ပြောဆိုထားခဲ့လို့ ပွဲအရှိန်က တော်တော်လေးမြင့်တက်လာခဲ့ပါ တယ်။ လီဗာ ပူးလ်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ပေးဂိုး (၂၀)သာ ခွင့်ပြုထားရတဲ့ အသင်းဖြစ်ပြီး ဗန်ဒိုက်က အသင်းနောက်တန်းကို အကောင်းဆုံး ဦးဆောင်ပေးနေသူလည်း ဖြစ်ပါတယ်။ တစ်ဖက်မှာမက်ဆီက ဘာစီလိုနာအတွက် သွင်းဂိုးတွေကို တစ်ဦးတည်းဒိုင်ခံသွင်းယူပေးနေတဲ့ ကစားသမားဖြစ်လို့ နှစ်ဖက်အသင်းရဲ့ အကောင်းဆုံးတိုက်စစ်ကစားသမား နဲ့ အကောင်းဆုံးခံစစ်သမားတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်သူက အသာစီးရသွားမလဲဆိုတာကို စောင့်ကြည့်ရပါတော့မယ်။

Leave a Reply

Your email address will not be published. Required fields are marked *