လာမယ့္ေႏြရာသီမွာ ဒီဘာလာကို ျပန္လည္ေရာင္းခ်သြားေတာ့မယ့္ ဂ်ဴဗင္တပ္စ္

Italy Serie A

လာမယ့္ေႏြရာသီမွာ ဒီဘာလာကို  ျပန္လည္ေရာင္းခ်သြားေတာ့မယ့္ ဂ်ဴဗင္တပ္စ္
—————————-

ဂ်ဴဗင္တပ္စ္အသင္းဟာ အာဂ်င္တီးနားတိုက္စစ္မွဴး ဒီဘာလားကို လာမယ့္ေႏြရာသီမွာ ျပန္လည္ေရာင္းခ်ဖို႔အတြက္ စဥ္းစားေနျပီလုိ႔ Goal.com က ေဖာ္ျပသြားခဲ့ပါျပီ။ ဒီဘာလာဟာ ဂ်ဴဗင္တပ္စ္ရဲ႕ အနာဂတ္စီမံကိန္းေတြမွာ အေရးပါတဲ့ အခန္းက႑ကေန ပါ၀င္ဖို႔ မရွိ ဘူးဘူးလို႔ သိရျပီး အသင္းက ေရာင္းခ်ဖို႔ ျပင္ဆင္လာတာ ျဖစ္ပါတယ္။ေရာ္နယ္ဒို အသင္းကို ေရာက္ရွိလာျပီးေနာက္မွာ ဒီဘာလာက ဦး စားေပးတိုက္စစ္မွဴးအျဖစ္ကေန ေလ်ာ့က်သြားခဲ့ျပီး ေရာ္နယ္ဒိုကိုသာ အယ္လီဂရီက အဓိကထားအသံုးျပဳခဲ့ပါတယ္။ ဒီဘာလာကိုယ္တိုင္ လည္း အသင္းမွာ ေျခစြမ္းျပႏိုင္ဖို႔ ရုန္းကန္ခဲ့ရျပီး ဒီရာသီမွာ ျပိဳင္ပြဲစံု (၃၉)ပြဲ ကစားေပးခဲ့ရာမွာ (၁၀)ဂိုးသာ သြင္းယူထားႏိုင္ခဲ့ပါတယ္။ အ သက္ (၂၅)ႏွစ္အရြယ္ ကစားသမားကို ဂ်ဴဗင္တပ္စ္က ေရာ္နယ္ဒိုရဲ႕ အရန္ကစားသမားအျဖစ္နဲ႔သာ အသံုးျပဳဖို႔ စီစဥ္ထားျပီး ကစားသမား ဘက္က အဆိုပါအေနအထားထက္ ပိုမိုတဲ့ေနရာတစ္ခုကို ရယူခ်င္ေနခဲ့ပါတယ္။ ဒီအတြက္ ကလပ္အသင္းနဲ႔ ကစားသမားၾကားမွာ အ ဆင္ မေျပမႈေတြ ျဖစ္လာခဲ့ျပီးေနာက္ ကစားသမားကို ျပန္လည္ေရာင္းထုတ္ဖို႔ ဂ်ဴဗင္တပ္စ္က စီစဥ္လာတာျဖစ္ပါတယ္။

ဂ်ဴဗီနည္းျပအယ္လီဂရီကလည္း ေရာ္နယ္ဒိုကိုသာ ဦးစားေပးဖို႔ ဆံုးျဖတ္ထားျပီး ဂ်ဴဗီမွာ သူ ဆက္ရွိေနပါက ဒီဘာလာအတြက္ ပြဲထြက္ခြင့္ က အကန္႔အသတ္နဲ႔သာ ရွိေနဦးမွာလည္း ျဖစ္ပါတယ္။ ဒီဘာလာကို ေခၚယူဖို႔အတြက္ ပီအက္စ္ဂ်ီနဲ႔ ယူႏိုက္တက္တို႔က စိတ္၀င္စားေနျပီး ကစားသမားရဲ႕ တန္ဖိုးကေတာ့ အနည္းဆံုး ယူရိုသန္း (၅၀)ခန္႔ ရွိမယ္လုိ႔ ခန္႔မွန္းရပါတယ္။ဒီဘာလာကေတာ့ ၂၀၁၅ ခုႏွစ္မွာ ပါလာမို ကေန ဂ်ဴဗင္တပ္စ္ကို ယူရို (၃၂)သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့သူ ျဖစ္ပါတယ္။ ေလးႏွစ္တာကာလအတြင္းမွာ ဂ်ဴဗီအတြက္ ျပိဳင္ပြဲစံု (၁၇၉)ပြဲ က စားေပးခဲ့ျပီး (၇၈)ဂိုးအထိ ဒီဘာလာက သြင္းယူေပးႏိုင္ခဲ့ပါတယ္။ လက္ရွိမွာ ေပါ့ဂ္ဘာကို ေခၚယူဖို႔အတြက္ ဂ်ဴဗီက ဒီဘာလာကို အသံုး ခ်သြားဖြယ္ရွိတယ္လို႔လည္း သတင္းေတြ ထြက္ေပၚေနပါတယ္။

[unicode]

ဂျူဗင်တပ်စ်အသင်းဟာ အာဂျင်တီးနားတိုက်စစ်မှူး ဒီဘာလားကို လာမယ့်နွေရာသီမှာ ပြန်လည်ရောင်းချဖို့အတွက် စဉ်းစားနေပြီလို့ Goal.com က ဖော်ပြသွားခဲ့ပါပြီ။ ဒီဘာလာဟာ ဂျူဗင်တပ်စ်ရဲ့ အနာဂတ်စီမံကိန်းတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ မရှိ ဘူးဘူးလို့ သိရပြီး အသင်းက ရောင်းချဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။ရော်နယ်ဒို အသင်းကို ရောက်ရှိလာပြီးနောက်မှာ ဒီဘာလာက ဦး စားပေးတိုက်စစ်မှူးအဖြစ်ကနေ လျော့ကျသွားခဲ့ပြီး ရော်နယ်ဒိုကိုသာ အယ်လီဂရီက အဓိကထားအသုံးပြုခဲ့ပါတယ်။ ဒီဘာလာကိုယ်တိုင် လည်း အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဒီရာသီမှာ ပြိုင်ပွဲစုံ (၃၉)ပွဲ ကစားပေးခဲ့ရာမှာ (၁၀)ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ အ သက် (၂၅)နှစ်အရွယ် ကစားသမားကို ဂျူဗင်တပ်စ်က ရော်နယ်ဒိုရဲ့ အရန်ကစားသမားအဖြစ်နဲ့သာ အသုံးပြုဖို့ စီစဉ်ထားပြီး ကစားသမား ဘက်က အဆိုပါအနေအထားထက် ပိုမိုတဲ့နေရာတစ်ခုကို ရယူချင်နေခဲ့ပါတယ်။ ဒီအတွက် ကလပ်အသင်းနဲ့ ကစားသမားကြားမှာ အ ဆင် မပြေမှုတွေ ဖြစ်လာခဲ့ပြီးနောက် ကစားသမားကို ပြန်လည်ရောင်းထုတ်ဖို့ ဂျူဗင်တပ်စ်က စီစဉ်လာတာဖြစ်ပါတယ်။ဂျူဗီနည်းပြအယ်လီဂရီကလည်း ရော်နယ်ဒိုကိုသာ ဦးစားပေးဖို့ ဆုံးဖြတ်ထားပြီး ဂျူဗီမှာ သူ ဆက်ရှိနေပါက ဒီဘာလာအတွက် ပွဲထွက်ခွင့် က အကန့်အသတ်နဲ့သာ ရှိနေဦးမှာလည်း ဖြစ်ပါတယ်။ ဒီဘာလာကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီနဲ့ ယူနိုက်တက်တို့က စိတ်ဝင်စားနေပြီး ကစားသမားရဲ့ တန်ဖိုးကတော့ အနည်းဆုံး ယူရိုသန်း (၅၀)ခန့် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ဒီဘာလာကတော့ ၂၀၁၅ ခုနှစ်မှာ ပါလာမို ကနေ ဂျူဗင်တပ်စ်ကို ယူရို (၃၂)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ လေးနှစ်တာကာလအတွင်းမှာ ဂျူဗီအတွက် ပြိုင်ပွဲစုံ (၁၇၉)ပွဲ က စားပေးခဲ့ပြီး (၇၈)ဂိုးအထိ ဒီဘာလာက သွင်းယူပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ပေါ့ဂ်ဘာကို ခေါ်ယူဖို့အတွက် ဂျူဗီက ဒီဘာလာကို အသုံး ချသွားဖွယ်ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *