အမှားတွေဆက်တိုက်ကျူးလွန်နေတဲ့ ဒီဂီယာနေရာမှာ ရိုမဲရိုး ကို အခွင့်အရေးပေးဖို့ မန်ယူ ပရိတ်သတ်များတောင်းဆို

Premier League

အမှားတွေဆက်တိုက်ကျူးလွန်နေတဲ့ ဒီဂီယာနေရာမှာ ရိုမဲရိုး ကို အခွင့်အရေးပေးဖို့ မန်ယူ ပရိတ်သတ်များတောင်းဆို
———————————–



[unicode]

မန်ယူအသင်း၏ပရိသတ်များသည် ချယ်လ်ဆီးအသင်းနှင့်ပွဲစဉ်၌ ချေပဂိုးဖြစ်စေမည့် အမှားအယွင်းကို ကျူးလွန်ခဲ့သည့် ဂိုးသမား ဒီဂီယာ အား အရန်ခုံသို့ပို့ပြီး ဒုတိယဦးစားပေးဂိုးသမားဖြစ်သူ ရိုမဲရိုးကို အခွင့်အရေးပေးရန် တောင်းဆိုခဲ့ကြကြောင်းသိရပါတယ်။ မန်ယူအသင်း သည် ယင်းပွဲတွင် ချယ်လ်ဆီးကွင်းလယ်လူဟောင်း မာတာ၏ သွင်းဂိုးဖြင့် ဦးဆောင်ဂိုးရရှိခဲ့သော်လည်း ရူဒီဂါ၏ အဝေးကန် ချက် ကို ဒီဂီ ယာ၏ ကာကွယ်ပုံအားနည်းမှုကြောင့် အံထွက်လာသည့် ဘောလုံးအား မားကို့စ်အလွန်ဆိုက ချေပဂိုးအဖြစ် ပြန်လည်သွင်းယူခြင်းကိုခွင့် ပြုခဲ့ရတာဖြစ်ပြီးဒီဂီယာ သည် မကြာသေးမီကလည်း မက်ဆီ၊ ဆာနေးတို့၏ ကန်ချက်များတွင် သူ၏အမှားများကြောင့် ဂိုးများပေးခဲ့ရပြီး ယခုအမှားမှာ နောက်ဆုံးကစားခဲ့သည့် ပွဲစဉ်(၄)ပွဲတွင် (၃)ကြိမ်မြောက် အမှားလည်းဖြစ်ပါတယ်။ထို့အတွက်ကြောင့် ပွဲအပြီးတွင် အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်း၌ ပရိသတ်အချို့က သူ၏အမည်ကိုအော်ဟစ်ကာ လှောင်ပြောင်ခဲ့ကြ သ လို၊ လူမှုကွန်ရက်မီဒီယာများတွင်လည်း ရိုမဲရိုးကိုအခွင့်အရေးပေးရန် တောင်းဆိုမှုများ ရှိလာခဲ့ခြင်းဖြစ်ပါတယ်။ ပရိသတ်တစ်ဦးက ”ဆိုး လ်ရှားက ဒီဂီယာ ရဲ့အမှားတွေကို ဘာကြောင့်နားလည်မှုပေးပြီး ချယ်လ်ဆီးနဲ့ပွဲမှာသုံး ခဲ့သလဲဆိုတာကို ကျွန် တော် တို့ သိပါတယ်။ ဒါပေ မဲ့ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာက အခုအချိန်မှာ အကောင်းဆုံးအနေအ ထားမှာ မရှိဘူး။ ဒါကြောင့်ရိုမဲရိုးကို ပွဲထွက် ခွင့်ပြန်ပေးသင့်နေပါပြီ”ဟု ဆိုခဲ့သလို၊ ကမ္ဘာပေါ်တွင် အကောင်းဆုံး နံပါတ် (၂)ဂိုးသမားဖြစ်သူ ရိုမဲရိုးကို ၎င်းနေရာတွင် အစားထိုးသင့်ပြီ ဆို သည့် ဆွေးနွေးမှုအများ အပြားရှိခဲ့ကြောင်းလည်း တွေ့ရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *