ရန္းနက္စ္အသင္း ပရိသတ္ကို လက္သီးနဲ႔ ထိုးခဲ့တဲ့ ေနမာရဲ႕ လုပ္ရပ္နဲ႔ ပတ္သတ္ၿပီး ေ၀ဖန္ ေျပာၾကားလိုက္တဲ့ နည္းျပ တူခ်ယ္

France Ligue 1

ရန္းနက္စ္အသင္း ပရိသတ္ကို လက္သီးနဲ႔ ထိုးခဲ့တဲ့ ေနမာရဲ႕ လုပ္ရပ္နဲ႔ ပတ္သတ္ၿပီး ေ၀ဖန္ ေျပာၾကားလိုက္တဲ့ နည္းျပ တူခ်ယ္
—————————

ပီအက္စ္ဂ်ီနည္းျပ တူခ်ယ္ကေတာ့ ရန္းနက္စ္အသင္းကို ရံႈးနိမ့္ခဲ့ဲတဲ့ ပြဲစဥ္မွာ ရန္းနက္စ္အသင္း ပရိသတ္ကို လက္သီးနဲ႔ ထိုးခဲ့တဲ့ ေနမာရဲ႕ လုပ္ရပ္နဲ႔ ပတ္သတ္ၿပီး ေ၀ဖန္ ေျပာၾကားလိုက္ပါတယ္။ပြဲအၿပီးမွာေတာ့ ေနမာဟာ ဆုယူဖို႔ တက္လာရင္း အဆိုပါ ပရိသတ္နဲ႔ ရန္ျဖစ္ခဲ့ တာ ျဖစ္ပါတယ္။“မင္းအေနနဲ႔ အခုလို လုပ္ရပ္မ်ိဳးကိုေတာ့ မျပဳလုပ္သင့္ပါဘူး”လို႔ တူခ်ယ္က ေျပာပါတယ္။“လူတိုင္းကေတာ့ ပြဲကစားရင္ အႏိုင္ရခ်င္ၾကတာခ်ည္းပါပဲဲ။ ဒါေပမယ့္ တစ္ခါတစ္ေလမွာ ေဘာလံုး ပြဲတစ္ပြဲက ထင္ထားသလို ျဖစ္မလာတတ္ပါဘူး။ ရံႈးခဲ့ရင္လည္း အရံႈး ကို ေက်ေက်နပ္နပ္ လက္ခံသင့္ပါတယ္။ ၿပီးေတာ့ ေလးစားမႈလည္း ျပသရမွာပါ”လို႔ တူခ်ယ္က ဆိုပါတယ္။

အဆိုပါ ရံႈးပြဲေၾကာင့္ ပီအက္စ္ဂ်ီအသင္းဟာ လိဂ္ဖလား တစ္လံုးသာ ရရွိခဲ့တာျဖစ္ကာ ျပင္သစ္ဖလားမွာလည္း ရန္းနက္စ္အသင္းကို ရံႈး နိမ့္ ခဲ့တာေၾကာင့္ ဖလားလက္လႊတ္ ခဲ့ရသလို ခ်န္ပီယံလိဂ္ ဖလားမွာလည္း မန္ယူအသင္းကို ရံႈးနိမ့္ၿပီး ထြက္ခြာခဲ့ရပါတယ္။“ကြ်န္ေတာ္ ဆိုးရြားစြာ ျပဳမူ ခဲ့မိလို႔လား။ မွန္ပါတယ္။ တစ္ခါတစ္ေလမွာေတာ့ လူသားတစ္ဦး အေနနဲ႔ အမွားေတြ ျပဳလုပ္တတ္ပါတယ္”လို႔ ေနမာက အင္စတာဂရမ္မွာ တင္ခဲ့ပါတယ္။“လူတိုင္း ကြ်န္ေတာ္ ပေရာ္ဖက္ရွင္နယ္ ပီသစြာ ျပဳမူတယ္ ဆိုတာကို သိပါတယ္။ တစ္ခါတစ္ေလ မွာ  ေတာ့ လူသားတစ္ဦး အေနနဲ႔ အမွားေတြ လုပ္ေကာင္း လုပ္ႏိုင္ပါတယ္”လို႔ သူက ေျပာပါတယ္။တိုက္စစ္မွဴး ေနမာဟာ ဒဏ္ရာ ျပႆ နာ ေၾကာင့္ ၿပီးခဲ့တဲ့ ဇန္န၀ါရီလ ကတည္းက အနားယူ ေနခဲ့ရတာ ျဖစ္ကာ မိုနာကို အသင္းနဲ႔ ပြဲစဥ္မွာမွ ျပန္လည္ ပါ၀င္ ကစားခဲ့တာ ျဖစ္ပါ တယ္။သို႔ေသာ္လည္း တိုက္စစ္မွဴး ေနမာဟာ ရန္းနက္စ္ အသင္းနဲ႔ ပြဲစဥ္က လုပ္ရပ္အတြက္ ျပင္သစ္ ေဘာလံုး အဖြဲ႕ခ်ဳပ္ရဲ႕အေရးယူမႈနဲ႔ ရင္ဆိုင္ရမလား ဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

[unicode]

ပီအက်စ်ဂျီနည်းပြ တူချယ်ကတော့ ရန်းနက်စ်အသင်းကို ရှုံးနိမ့်ခဲ့ဲတဲ့ ပွဲစဉ်မှာ ရန်းနက်စ်အသင်း ပရိသတ်ကို လက်သီးနဲ့ ထိုးခဲ့တဲ့ နေမာရဲ့ လုပ်ရပ်နဲ့ ပတ်သတ်ပြီး ဝေဖန် ပြောကြားလိုက်ပါတယ်။ပွဲအပြီးမှာတော့ နေမာဟာ ဆုယူဖို့ တက်လာရင်း အဆိုပါ ပရိသတ်နဲ့ ရန်ဖြစ်ခဲ့ တာ ဖြစ်ပါတယ်။“မင်းအနေနဲ့ အခုလို လုပ်ရပ်မျိုးကိုတော့ မပြုလုပ်သင့်ပါဘူး”လို့ တူချယ်က ပြောပါတယ်။“လူတိုင်းကတော့ ပွဲကစားရင် အနိုင်ရချင်ကြတာချည်းပါပဲ။ ဒါပေမယ့် တစ်ခါတစ်လေမှာ ဘောလုံး ပွဲတစ်ပွဲက ထင်ထားသလို ဖြစ်မလာတတ်ပါဘူး။ ရှုံးခဲ့ရင်လည်း အရှုံး ကို ကျေကျေနပ်နပ် လက်ခံသင့်ပါတယ်။ ပြီးတော့ လေးစားမှုလည်း ပြသရမှာပါ”လို့ တူချယ်က ဆိုပါတယ်။အဆိုပါ ရှုံးပွဲကြောင့် ပီအက်စ်ဂျီအသင်းဟာ လိဂ်ဖလား တစ်လုံးသာ ရရှိခဲ့တာဖြစ်ကာ ပြင်သစ်ဖလားမှာလည်း ရန်းနက်စ်အသင်းကို ရှုံး နိမ့် ခဲ့တာကြောင့် ဖလားလက်လွှတ် ခဲ့ရသလို ချန်ပီယံလိဂ် ဖလားမှာလည်း မန်ယူအသင်းကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရပါတယ်။“ကျွန်တော် ဆိုးရွားစွာ ပြုမူ ခဲ့မိလို့လား။ မှန်ပါတယ်။ တစ်ခါတစ်လေမှာတော့ လူသားတစ်ဦး အနေနဲ့ အမှားတွေ ပြုလုပ်တတ်ပါတယ်”လို့ နေမာက အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။“လူတိုင်း ကျွန်တော် ပရော်ဖက်ရှင်နယ် ပီသစွာ ပြုမူတယ် ဆိုတာကို သိပါတယ်။ တစ်ခါတစ်လေ မှာ တော့ လူသားတစ်ဦး အနေနဲ့ အမှားတွေ လုပ်ကောင်း လုပ်နိုင်ပါတယ်”လို့ သူက ပြောပါတယ်။တိုက်စစ်မှူး နေမာဟာ ဒဏ်ရာ ပြဿ နာ ကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ကတည်းက အနားယူ နေခဲ့ရတာ ဖြစ်ကာ မိုနာကို အသင်းနဲ့ ပွဲစဉ်မှာမှ ပြန်လည် ပါဝင် ကစားခဲ့တာ ဖြစ်ပါ တယ်။သို့သော်လည်း တိုက်စစ်မှူး နေမာဟာ ရန်းနက်စ် အသင်းနဲ့ ပွဲစဉ်က လုပ်ရပ်အတွက် ပြင်သစ် ဘောလုံး အဖွဲ့ချုပ်ရဲ့အရေးယူမှုနဲ့ ရင်ဆိုင်ရမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *