ဒိုင်ဘာလာ ရဲ့ ​ပြောင်း​ရွှေ့​ကြေးတစ်စိတ်တစ်ဒေသကို လျော့ချပေးဖို့ ဆန်းချက် ကို အလိုက်ထည့်ပေးချင်နေတဲ့ မန်ချက်စတာယူနိုက်တက်

Premier League

ဒိုင်ဘာလာ ရဲ့ ​ပြောင်း​ရွှေ့​ကြေးတစ်စိတ်တစ်ဒေသကို လျော့ချပေးဖို့ ဆန်းချက် ကို အလိုက်ထည့်ပေးချင်နေတဲ့ မန်ချက်စတာယူနိုက်တက်
——————————



[unicode]

မန်ချက်စတာယူနိုက်တက်အသင်း ဟာ ဂျူဗင်တပ်အသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာ ရဲ့ ပြောင်းရွှေ့ကြေးကို လျော့ ချပေးဖို့အတွက် အလက်ဆစ် ဆန်းချက် ကို သဘောတူညီချက်တစ်ခုအနေနဲ့ ကမ်းလှမ်းပေးခဲ့တာဖြစ်ပါတယ်။ အီတလီ အခြေစိုက် နာ မည်ကြီးမီဒီယာတစ်ခုဖြစ်တဲ့ Corriere di Torino ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းနဲ့ ဂျူဗင်တပ် အသင်းရဲ့အားကစားဒါရိုက်တာ ဖာဘီအို ပါလာတီစီ တို့ရဲ့ ညှိနှိုင်းဆွေးနွေးမှုတွေဟာ စတင်ခဲ့ပြီဖြစ်ပါတယ်။ဒိုင်ဘာလာ ဟာ ဒီရာသီမှာ အဓိက ကစားသမားအဖြစ် (၂၉) ပွဲသာ ကစားခဲ့ရပြီး ပွဲထက်ကစားခွင့်ပိုမိုရရှိဖို့အတွက် တူရင်မြေကနေ ထွက်ခွာဖို့ စဉ်းစားနေတာဖြစ်ပါတယ်။ပရီးမီးယားလိဂ်ဟာ အဆိုပါ အသက်(၂၅)နှစ်အရွယ်ကစားသမားရဲ့ ပစ်မှတ်ဖြစ်နိုင်ပြီး မန်ချက်စတာယူနိုက်တက် အသင်းက သူ့ကိုဝယ်ယူဖို့အတွက် ယူရို သန်း(၁၀၀) အထိ ပေးပြီးဝယ်ယူမည်ဖြစ်ကြောင်း သတင်းတွေထွက်ခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန် မှာတော့ မန်ယူ အသင်းဟာ ဒိုင်ဘာလာ ရဲ့ ပြောင်းရွှေ့ကြေးကို လျော့ချပေးဖို့အတွက် ဆန်းချက် ကို အလိုက်ပေးတဲ့အနေနဲ့ ထည့်ပေးဖို့ ကမ်းလှမ်းခဲ့ တာ ဖြစ် ပါ တယ်။ဆန်းချက် ဟာ ဒီရာသီမှာ အိုးထရက်ဖို့ဒ် မှ သိပ်ပြီးအလိုမရှိတော့တဲ့ကစားသမားဖြစ်လာခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း (၂၀)ပွဲသာ ပါဝင်ကစားခဲ့ရတာဖြစ်ပါတယ်။ဂျူဗင်တပ် အသင်းဟာ အဆိုပါ(၃၀)နှစ်အရွယ်ကစားသမားကို အူဒီးနီးစ် အသင်းမှာ နေ က တည်း က စောင့်ကြည့်နေခဲ့တာဖြစ်ပြီး ယူနိုက်တက် ဘက်ကလည်း အဆိုပါကစားသမားရဲ့ မြင့်မားတဲ့ တပတ် လုပ် အားခပေးရတဲ့ ငွေ ကြေး ကိုလျော့ချချင်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *