ခ်န္ပီယံလိဂ္၀င္ခြင့္ ေမွ်ာ္လင့္ခ်က္အတြက္ ယူရိုပါလိဂ္ ဖိုင္နယ္မွာ အာဆင္နယ္ကို အားေပးသြားရေတာ့မယ့္ ယူႏိုက္တက္

Premier League

ခ်န္ပီယံလိဂ္၀င္ခြင့္ ေမွ်ာ္လင့္ခ်က္အတြက္ ယူရိုပါလိဂ္ ဖိုင္နယ္မွာ အာဆင္နယ္ကို အားေပးသြားရေတာ့မယ့္ ယူႏိုက္တက္
———————————-

ပရီးမီးယားလိဂ္မွာ အဆင့္ (၆)ေနရာသာ ရရွိခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လာမယ့္ေဘာလံုးရာသီ ဥေရာပခ်န္ပီယံလိဂ္ ၿပိဳင္ပြဲကို ၀င္ေရာက္ကစားခြင့္မရရွိခဲ့ပဲ ယူရိုပါလိဂ္နဲ႔သာ ေက်နပ္ခဲ့ရတဲ့ အသင္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း မေန႔ကထြက္ေပၚခဲ့တဲ့ မန္စီး တီးအသင္းကို ဥေရာပျပိဳင္ပြဲေတြကေန တစ္ရာသီကစားခြင့္ ပိတ္ပင္မယ္ဆိုတဲ့ သတင္းက ယူႏိုက္တက္ကို ခ်န္ပီယံလိဂ္၀င္ခြင့္ရရွိေစမယ့္ ေမွ်ာ္လင့္ခ်က္ျဖစ္လာခဲ့ပါတယ္။ဥေရာပေဘာလံုးအဖြဲ႕ခ်ဳပ္က ခ်မွတ္ထားတဲ့ ဘ႑ာေရးမွ်တစြာကစားေရးစည္းမ်ဥ္းကို မန္စီးတီးအသင္း က ခ်ိဳးေဖာက္ခဲ့တယ္လို႔ သိရျပီး ခ်ိဳးေဖာက္မႈထင္ရွားခဲ့မယ္ဆိုရင္ မန္စီးတီးကို ခ်န္ပီယံလိဂ္ကစားခြင့္ တစ္ရာသီ ပိတ္ပင္သြားဖို႔ရွိတယ္လို႔ သိရပါတယ္။ မန္စီးတီးကေတာ့အဆိုပါသတင္းေတြကို မဟုတ္မွန္ေၾကာင္း ျပန္လည္ျငင္းဆိုထားပါတယ္။မန္စီးတီးအေနနဲ႔ ခ်န္ပီယံလိဂ္ ကစား ခြင့္ မရရွိခဲ့ဘူးဆိုရင္ သူ႔ေနရာမွာ အျခားပရီးမီးယားလိဂ္အသင္းတစ္သင္းက အစားထိုးကစားခြင့္ ရမွာျဖစ္ပါတယ္။

ဒီအတြက္ အဆင့္(၅)ေနရာရခဲ့တဲ့ အာဆင္နယ္က ၀င္ေရာက္ကစားရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာဆင္နယ္က ယူရိုပါလိဂ္ဖလား ဗုိလ္လုပြဲကို တက္ေရာက္ထားျပီး ဗိုလ္လုပြဲကို အႏိုင္ကစားႏိုင္ခဲ့မယ္ဆိုရင္ ယူရိုပါလိဂ္ကတဆင့္ ခ်န္ပီယံလိဂ္၀င္ခြင့္ ရရွိမွာ ျဖစ္ပါတယ္ ။ဒီအတြက္ အဆင့္ (၆)ေနရာက မန္ခ်က္စတာယူႏိုက္တက္အသင္းက ခ်န္ပီယံလိဂ္၀င္ခြင့္ ရရွိမယ့္ အခြင့္အေရးရွိတယ္လို႔ Sportskeeda က ေဖာ္ျပသြားခဲ့ပါတယ္။ ဒါေပမယ့္လည္း ယူရိုပါလိဂ္မွာ အာဆင္နယ္က ခ်ယ္လ္ဆီးကို မျဖစ္မေန အႏိုင္ရရွိဖို႔ လုိအပ္ေနျပီး ခ်ယ္လ္ဆီး ကသာ ဆုဖလားဆြတ္ခူးသြားခဲ့မယ္ဆိုရင္ေတာ့ ယူႏိုက္တက္ရဲ႕ ေမွ်ာ္လင့္ခ်က္က ပ်က္စီးသြားမွာလည္း ျဖစ္ပါတယ္။မန္စီးတီးအေနနဲ႔ အ သင္းရဲ႕ ၀င္ေငြကို ေဖာ္ျပခဲ့ရာမွာ လြဲမွားေဖာ္ျပခဲ့မႈေတြ ရွိတယ္လို႔ သိရျပီး FFP စည္းမ်ဥ္းကို ခ်ိဳးေဖာက္ခဲ့တာ ျဖစ္တယ္လို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ မန္စီးတီးကို ဥေရာပပြဲေတြ ပိတ္ပင္ဖို႔သတင္းက ေကာလာဟလအဆင့္မွသာ ရွိေန ေသး ၿပီးအတည္မျပဳႏိုင္ေသးဘူးလို႔လည္း သိရပါတယ္။ မန္စီးတီးကေတာ့ တရား၀င္ထုတ္ျပန္စာ ေရးသားျပီး ျပန္လည္ေျဖရွင္းမႈေတြျပဳလုပ္ ထား ပါတယ္။

[unicode]

ပရီးမီးယားလိဂ်မှာ အဆင့် (၆)နေရာသာ ရရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ဘောလုံးရာသီ ဥရောပချန်ပီယံလိဂ် ပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်မရရှိခဲ့ပဲ ယူရိုပါလိဂ်နဲ့သာ ကျေနပ်ခဲ့ရတဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း မနေ့ကထွက်ပေါ်ခဲ့တဲ့ မန်စီး တီးအသင်းကို ဥရောပပြိုင်ပွဲတွေကနေ တစ်ရာသီကစားခွင့် ပိတ်ပင်မယ်ဆိုတဲ့ သတင်းက ယူနိုက်တက်ကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိစေမယ့် မျှော်လင့်ချက်ဖြစ်လာခဲ့ပါတယ်။ဥရောပဘောလုံးအဖွဲ့ချုပ်က ချမှတ်ထားတဲ့ ဘဏ္ဍာရေးမျှတစွာကစားရေးစည်းမျဉ်းကို မန်စီးတီးအသင်း က ချိုးဖောက်ခဲ့တယ်လို့ သိရပြီး ချိုးဖောက်မှုထင်ရှားခဲ့မယ်ဆိုရင် မန်စီးတီးကို ချန်ပီယံလိဂ်ကစားခွင့် တစ်ရာသီ ပိတ်ပင်သွားဖို့ရှိတယ်လို့ သိရပါတယ်။ မန်စီးတီးကတော့အဆိုပါသတင်းတွေကို မဟုတ်မှန်ကြောင်း ပြန်လည်ငြင်းဆိုထားပါတယ်။မန်စီးတီးအနေနဲ့ ချန်ပီယံလိဂ် ကစား ခွင့် မရရှိခဲ့ဘူးဆိုရင် သူ့နေရာမှာ အခြားပရီးမီးယားလိဂ်အသင်းတစ်သင်းက အစားထိုးကစားခွင့် ရမှာဖြစ်ပါတယ်။ဒီအတွက် အဆင့်(၅)နေရာရခဲ့တဲ့ အာဆင်နယ်က ဝင်ရောက်ကစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်က ယူရိုပါလိဂ်ဖလား ဗိုလ်လုပွဲကို တက်ရောက်ထားပြီး ဗိုလ်လုပွဲကို အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် ယူရိုပါလိဂ်ကတဆင့် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှာ ဖြစ်ပါတယ် ။ဒီအတွက် အဆင့် (၆)နေရာက မန်ချက်စတာယူနိုက်တက်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမယ့် အခွင့်အရေးရှိတယ်လို့ Sportskeeda က ဖော်ပြသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူရိုပါလိဂ်မှာ အာဆင်နယ်က ချယ်လ်ဆီးကို မဖြစ်မနေ အနိုင်ရရှိဖို့ လိုအပ်နေပြီး ချယ်လ်ဆီး ကသာ ဆုဖလားဆွတ်ခူးသွားခဲ့မယ်ဆိုရင်တော့ ယူနိုက်တက်ရဲ့ မျှော်လင့်ချက်က ပျက်စီးသွားမှာလည်း ဖြစ်ပါတယ်။မန်စီးတီးအနေနဲ့ အ သင်းရဲ့ ဝင်ငွေကို ဖော်ပြခဲ့ရာမှာ လွဲမှားဖော်ပြခဲ့မှုတွေ ရှိတယ်လို့ သိရပြီး FFP စည်းမျဉ်းကို ချိုးဖောက်ခဲ့တာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ မန်စီးတီးကို ဥရောပပွဲတွေ ပိတ်ပင်ဖို့သတင်းက ကောလာဟလအဆင့်မှသာ ရှိနေ သေး ပြီးအတည်မပြုနိုင်သေးဘူးလို့လည်း သိရပါတယ်။ မန်စီးတီးကတော့ တရားဝင်ထုတ်ပြန်စာ ရေးသားပြီး ပြန်လည်ဖြေရှင်းမှုတွေပြုလုပ် ထား ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *