ဂျူဗင်တပ်ကြယ်ပွင့်ကစားသမား ၂ ဦးကို ယူရို ၁၄၂ သန်းနဲ့ ခေါ်ယူဖို့နီးစပ်နေတဲ့ မန်ချက်စတာယူနိုက်တက်
Premier League
ဂျူဗင်တပ်ကြယ်ပွင့်ကစားသမား ၂ ဦးကို ယူရို ၁၄၂ သန်းနဲ့ ခေါ်ယူဖို့နီးစပ်နေတဲ့ မန်ချက်စတာယူနိုက်တက်
————————
[unicode]
မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့ပြီဖြစ်ပါတယ်။ TEAMtalk ရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်ကြယ်ပွင့် ၂ ဦးကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ဂျူဗင်တပ်ကြယ်ပွင့်ကစားသမား ၂ ဦးဖြစ်တဲ့ ဒီဘာလာနဲ့ ကန်ဆယ်လိုတို့ကို ခေါ်ယူဖို့ ကြိုး ပမ်းနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကြိုးပမ်းမှုဟာ အောင်မြင်ဖို့ နီးစပ်နေပြီလို့ သိရပြီး ဒီဘာလာဟာ ပုံမှန်ခြေစွမ်း ပြန်လည် ရရှိဖို့အတွက် ရုန်းကန်နေရသူဖြစ်ပါတယ်။ပြီးခဲ့ဲတဲ့နွေရာသီမှာ ရော်နယ်ဒို ရောက်ရှိလာပြီးနောက် ယခုရာသီမှာ သွင်းဂိုး ၅ ဂိုး နဲ့ ဂိုးဖန်တီးမှု ၄ ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါ တယ်။ ဒီဘာလာအတွက် ဂျူဗင်တပ်အသင်းက တောင်းဆိုထားတဲ့ ယူရိုသန်း ၁၀၀ ပေးချေလိုတဲ့အသင်းဟာ မန်ချက်စတာယူနိုက်တက် အသင်းတစ်သင်းတည်းသာရှိတယ်လို့ သိရပါတယ်။တစ်ဖက်မှာလည်း ကန်ဆယ်လိုဟာ နည်းပြအယ်လီဂရီရဲ့ မကြာခဏ အရန်ခုံထိုင် ခိုင်းခြင်းကို ခံနေရပြီး ပွဲထွက်ကစားချိန်ရရှိဖို့အတွက် တစ်ရာသီလုံး ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ကန်ဆယ်လိုဟာ နောက်ဆုံးကစားခဲ့တဲ့ ရိုးမားအသင်းနဲ့ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းအတွက် ၅ မိနစ်သာ ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်း အနေနဲ့ ကန်ဆယ်လိုကို ယူရို ၄၂ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပြီး ဒီဘာလာနဲ့ ကန်ဆယ်လို ၂ ဦးပေါင်း ယူရို ၁၄၂ သန်းနဲ့ ခေါ် ယူနိုင်မှာဖြစ်ပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *