အက္သလက္တီကိုမက္ဒရစ္ ကေနထြက္ခြာဖို႔ေသခ်ာသြားၿပီျဖစ္တဲ့ ဂရက္ဇ္မန္း

Spain LaLiga Santander

အက္သလက္တီကိုမက္ဒရစ္ ကေနထြက္ခြာဖို႔ေသခ်ာသြားၿပီျဖစ္တဲ့ ဂရက္ဇ္မန္း
—————————

ကလပ္အသင္းကရာသီအကုန္မွာ တိုက္စစ္မွဴး ဂရက္ဇ္မန္းကို ေရာင္းခ်မယ္လို႔အတည္ျပဳၿပီးေနာက္ လာမယ့္ေႏြရာသီမွာ အသင္းကေန ထြက္ခြာေတာ့မွာျဖစ္ပါတယ္။ဘာစီလိုနာအသင္းရဲ႕ပစ္မွတ္ကစားသမား ဂရက္ဇ္မန္းဟာ စပိန္ကလပ္ဆီကို ၿပီးခဲ့တဲ့ႏွစ္က ေျပာင္းေရႊ႕ဖို႔ အတြက္ နီးစပ္ခဲ့ေသးတာျဖစ္ကာ အခုခါမွာေတာ့ ပိုမိုနီးစပ္လာခဲ့ပါတယ္။ကလပ္အသင္းကေတာ့ အဆိုပါေၾကညာခ်က္ကို အဂၤါေန႔ညေန ပိုင္းက ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။သူဟာ နည္းျပ ဆီျမြန္နီ ၊အမႈေဆာင္ မီဂြယ္ အိန္ဂ်ယ္ မာရင္တို႔နဲ႔ေတြ႕ဆံုခဲ့ၿပီး လာမယ့္ေႏြရာသီမွာ အ သင္းသစ္တစ္ခုမွာ စြန္႔စားခန္းဖြင့္ခ်င္တယ္လို႔ ၎ရဲ႕ဆႏၵအမွန္ကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

အခုလက္ရွိထြက္ေပၚလာတဲ့သတင္းေတြေၾကာင့္ ဘာစီလိုနာအသင္းဟာ အက္သလက္တီကိုမက္ဒရစ္ တိုက္စစ္မွဴး ဂရက္ဇ္မန္းကို ဒုတိ ယအၾကိမ္ထပ္မံကမ္းလွမ္းဖို႔စီစဥ္ေနပါတယ္။တိုက္စစ္မွဴး ဂရက္ဇ္မန္းရဲ႕တန္ေၾကးဟာ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ယူရိုသန္း ၂၀၀ အထိ ရွိေနေပမယ့္ ဇူလိုင္လ ၁ ရက္ေန႔မွာေတာ့ ယူရို ၁၂၀ သန္း အထိေလ်ာ့က်သြားမွာျဖစ္ပါတယ္။အဆိုပါအခ်က္ေၾကာင့္ တကယ္လို႔သာ အက္သလက္တီကိုအသင္းအေနနဲ႔ ျပင္သစ္သားကို ဘာစီလိုနာအသင္းထံ ေရာင္းခ်ျဖစ္ပါက ယူရို ၉၆ သန္းသာ ရရွိမွာျဖစ္ကာ ရီးရဲလ္ ဆိုစီဒက္အသင္းကေတာ့ ေျပာင္းေရႊ႕ေၾကးရဲ႕ ၂၀ ရာခိုင္ႏႈန္းကိုရရွိသြားမွာျဖစ္ပါတယ္။သတင္းေတြကေတာ့ အက္သလက္တီကို မက္ဒ ရစ္ အသင္းရဲ႕ေၾကညာခ်က္ကို အတည္ျပဳထားၿပီး ဘာစီလိုနာ အသင္းရဲ႕ကမ္းလွမ္းမႈကိုသာေစာင့္ၾကည့္ဖို႔လိုအပ္ေတာ့တယ္လို႔ ေဖာ္ျပ ပါတယ္။

[unicode]

ကလပ်အသင်းကရာသီအကုန်မှာ တိုက်စစ်မှူး ဂရက်ဇ်မန်းကို ရောင်းချမယ်လို့အတည်ပြုပြီးနောက် လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။ဘာစီလိုနာအသင်းရဲ့ပစ်မှတ်ကစားသမား ဂရက်ဇ်မန်းဟာ စပိန်ကလပ်ဆီကို ပြီးခဲ့တဲ့နှစ်က ပြောင်းရွှေ့ဖို့ အတွက် နီးစပ်ခဲ့သေးတာဖြစ်ကာ အခုခါမှာတော့ ပိုမိုနီးစပ်လာခဲ့ပါတယ်။ကလပ်အသင်းကတော့ အဆိုပါကြေညာချက်ကို အင်္ဂါနေ့ညနေ ပိုင်းက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။သူဟာ နည်းပြ ဆီမြွန်နီ ၊အမှုဆောင် မီဂွယ် အိန်ဂျယ် မာရင်တို့နဲ့တွေ့ဆုံခဲ့ပြီး လာမယ့်နွေရာသီမှာ အ သင်းသစ်တစ်ခုမှာ စွန့်စားခန်းဖွင့်ချင်တယ်လို့ ၎င်းရဲ့ဆန္ဒအမှန်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။အခုလက်ရှိထွက်ပေါ်လာတဲ့သတင်းတွေကြောင့် ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဂရက်ဇ်မန်းကို ဒုတိ ယအကြိမ်ထပ်မံကမ်းလှမ်းဖို့စီစဉ်နေပါတယ်။တိုက်စစ်မှူး ဂရက်ဇ်မန်းရဲ့တန်ကြေးဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ယူရိုသန်း ၂၀၀ အထိ ရှိနေပေမယ့် ဇူလိုင်လ ၁ ရက်နေ့မှာတော့ ယူရို ၁၂၀ သန်း အထိလျော့ကျသွားမှာဖြစ်ပါတယ်။အဆိုပါအချက်ကြောင့် တကယ်လို့သာ အက်သလက်တီကိုအသင်းအနေနဲ့ ပြင်သစ်သားကို ဘာစီလိုနာအသင်းထံ ရောင်းချဖြစ်ပါက ယူရို ၉၆ သန်းသာ ရရှိမှာဖြစ်ကာ ရီးရဲလ် ဆိုစီဒက်အသင်းကတော့ ပြောင်းရွှေ့ကြေးရဲ့ ၂၀ ရာခိုင်နှုန်းကိုရရှိသွားမှာဖြစ်ပါတယ်။သတင်းတွေကတော့ အက်သလက်တီကို မက်ဒ ရစ် အသင်းရဲ့ကြေညာချက်ကို အတည်ပြုထားပြီး ဘာစီလိုနာ အသင်းရဲ့ကမ်းလှမ်းမှုကိုသာစောင့်ကြည့်ဖို့လိုအပ်တော့တယ်လို့ ဖော်ပြ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *