“သုညဘဝက ျပန္စဖို႔ ဝန္မေလးေသာ သန္းႀကြယ္သူေငွးႀကီး၏ လြယ္ကူေသာ စီးပြားရွာနည္း”

KNOWLEDGE

“သုညဘဝက ျပန္စဖို႔ ဝန္မေလးေသာ သန္းႀကြယ္သူေငွးႀကီး၏ လြယ္ကူေသာ စီးပြားရွာနည္း”
—————————————————————–
ဟိုတယ္တြင္ လခစား လုပ္ကိုင္ေနေသာ လူငယ္တစ္ေယာက္သည္ စီးပြားေရးစာအုပ္မ်ား သူေငွးျဖစ္နည္းစာအုပ္မ်ားကို အျမဲဖတ္ေန  ေသာ္ လည္း တကယ္ႀကီးပြားေအာင္ မည္သို႔ စျပီးလုပ္ရမွန္းမသိ ျဖစ္ေနသည္။တစ္ေန႔၌ ခရီးသြားလုပ္ငန္း ဦးေဆာင္ေနေသာ သန္း ႀကြယ္ သူေငွးႀကီးသည္ အမွတ္မထင္ သူေငွးျဖစ္နည္းစာအုပ္ဖတ္ေနေသာ လူငယ္အား ‘ေကာင္ေလး’ မင္း တစ္ရက္ တစ္သိန္းစုရင္ ႏွစ္ေပါင္း သံုးဆယ္ဆိုရင္ မင္းဘယ္ေလာက္ပိုင္ျပီလဲ?လူငယ္က အတန္ႀကာ တြက္ခ်က္ေနခိုက္သူးေငွးႀကီး က တစ္ရက္ တစ္သိန္း ႏွစ္ေပါင္း သံုးဆယ္ဆိုရင္ သိန္းတစ္ေသာင္းေက်ာ္ ဆိုေတာ့ မင္း အသက္ အခု ႏွစ္ဆယ္ပဲဆိုရင္ ေနာက္အသက္ ငါးဆယ္ေလာက္မွ ဒီပိုက္ဆံ ပိုင္ဆိုင္ရမွာ။ဒါေတာင္ သန္းႀကြယ္သူေငွး မျဖစ္ႏိုင္ေသးဘူး။ေကာင္ေလးက ဒါဆိုက်ေနာ္ ဘာလုပ္ရမလဲ?တစ္ရက္ တစ္သိန္းမေျပာနဲ႔ တစ္လတစ္သိန္းေတာင္ မစုႏိုင္ဘူး။အလုပ္ထြက္ရမွာလား။မင္းအလုပ္မထြက္ေသးပါနဲ႔။သူေငွးႀကီးက မင္းတစ္လ ငါးေသာင္း တစ္ႏွစ္ ငါးသိန္းေလာက္ ပဲ စုႏိုင္အုန္း။ မင္းလုပ္ငန္းတစ္ခုစလို႔ ရျပီ ။ဟုတ္ျပီ မင္းရွိတဲ႔ ငါးသိန္းေလးနဲ႔ ကြမ္းယာဆို္င္ေလး ပဲ ဖြင့္မလား ။စိတ္ခ်ရတဲ႔ လူယံုရွိရင္ လြဲေပးလိုက္ ။လစဥ္ အျမတ္ေငြ သြားေကာက္ရံုပဲ။’အလုပ္ဟူသမ်ွ ဂုဏ္ရွိစြ တဲ႔ကြ’မင္းဆုိင္က ရတဲ႔အျမတ္ေငြနဲ႔ ထပ္လုပ္ခ်င္ေသးတယ္ ဆိုရင္ အျခားအလုပ္ ျဖစ္တဲ႔ ဆိုင္ကယ္ Taxiေထာင္ျပီ း ကိုယ္တိုင္ မဆြဲရင္ေတာင္ owner ေႀကးေလးယူျပီး ငွားစားေပါ့ကြာ။မင္းအစီးေရ အမ်ားႀကီး ငွားထားေပးရင္ သူမ်ားေတြကိုလညိးကူညီ ရာေရာက္ တယ္ ကိုယ့္အတြက္ လည္း အဆင္ေျပရာ ေရာက္တာေပါ့။ကဲ ထပ္လုပ္အုန္းမယ္ကြာ မိတၱဴ စက္ေလးတစ္လံုးေလာက္ ဝယ္ထားလိုက္ ဆယ္သိန္းပဲ ထားပါ အုန္း ေက်ာင္းစာေမးပြဲရွိရင္ ခဏေလးနဲ႔ အရင္းေက်တယ္ စက္တစ္လံုးကေန ႏွစ္လံုး ျပီးေတာ့ ကြန္ပ်ဴတာေလးေထာင္ စာေရး မေလး ငွားထားလိုက္ ေတာ္ေတာ္ေလး ေအာင္ျမင္လာျပီဆိုရင္ မင္းအျမတ္ေငြေတြ မင္းလုပ္ငန္းအစံုက လိုက္ေကာက္ရံုပဲ။မင္းကို မီွျပီး ေနထိုင္ ရတဲ႔ မိသားစု ဘယ္ေလာက္ေတာင္မ်ားသြားျပီလဲ။မင္းဖတ္ေနတဲ႔ စီးပြားေရးစာအုပ္ထဲက အတိုိင္း’ျခင္တစ္လံုးထဲ ႀကက္ဥေတြ အားလံုးမ ထည့္နဲ႔’ဆိုတဲ႔ အတိုင္း ေပါ့ကြာ။လုပ္ငန္းေတြမ်ားလာေတာ့ တစ္ခုပ်က္စီးလည္း မေႀကာက္ရေတာ့ဘူးေပါ့။ စီးပြားေရးလုပ္တယ္ဆိုတာ အဆတိုးပြားနည္းနဲ႔ လုပ္ရတယ္။ဒီလိုမရွာနဲ႔1+2+3+4+5+6+7+8+9=45ဒီလိုရွာ 1×2=2×2=4×4=16×16=256×256=65536 ကဲ ငါေတာ့ကြာ ဒီလိုအေသးအဖြဲေလးေတြ မလုပ္ေတာ့ဘူး အႀကီးႀကီးေတြပဲ ခ်ေတာ့မယ္ဆိုလည္း ေလ့လာ ေပါ့ကြာ ေက်ာက္ျမတ္ရတ နာေရာင္း ဝယ္ခ်င္တာလား ေက်ာက္ အေႀကာင္း ေကာင္းေကာင္းသိရ မွာေပါ့ကြာ ။ခရီးသြားလုပ္ငန္းပဲ လုပ္ကိုင္ေတာ့မွာလား.? ခရီးစဥ္ေတြ အေႀကာင္း တိတိက်က် တြက္ခ်က္ ေျပာဆိုႏိုင္ရမွာေပါ့ကြာ။ သူေငွးက အေျပာႀကီးလိုက္တာ သုညက ျပန္စဆိုလည္း ျပန္စဖို႔ အဆင္သင့္ပါကြာ။မင္းအသက္ေလာက္က ငါ တိုက္ခန္းငါးခန္းေလာက္ ပိုင္ေနျပီ။မင္းေနာက္မက်ေသးပါဘူး။ေကာင္ေလး မင္းမွတ္ထား ရမွာက သူေငွး တစ္ေယာက္ျဖစ္ခ်င္ရင္ ဆံုးျဖတ္ရဲရမယ္ကြ!!!!မွတ္ခ်က္။ ။သန္းႀကြယ္သူေငွးႀကီး ေျပျပခဲ႔ေသာ စကားကို ႀကီးပြားခ်မ္းသာ ခ်င္ေသာ သူငယ္ခ်င္းမ်ားအတြက္ ေရးသားေဖာ္ျပသည္။ သိေစလိုေသာစိတ္ျဖစ္ေရးသားခဲ႔ေသာေႀကာင့္ မျပည့္စံုမႈ မွားယြင္းမႈ ရွိခဲ့ပါက က်ေနာ္ အျပစ္သာ ျဖစ္သည္။

Credit ; Aung Ko Latt ရာမညေျမ

[unicode]

ဟိုတယ်တွင် လခစား လုပ်ကိုင်နေသော လူငယ်တစ်ယောက်သည် စီးပွားရေးစာအုပ်များ သူငှေးဖြစ်နည်းစာအုပ်များကို အမြဲဖတ်နေ သော် လည်း တကယ်ကြီးပွားအောင် မည်သို့ စပြီးလုပ်ရမှန်းမသိ ဖြစ်နေသည်။တစ်နေ့၌ ခရီးသွားလုပ်ငန်း ဦးဆောင်နေသော သန်း ကြွယ် သူငှေးကြီးသည် အမှတ်မထင် သူငှေးဖြစ်နည်းစာအုပ်ဖတ်နေသော လူငယ်အား ‘ကောင်လေး’ မင်း တစ်ရက် တစ်သိန်းစုရင် နှစ်ပေါင်း သုံးဆယ်ဆိုရင် မင်းဘယ်လောက်ပိုင်ပြီလဲ?လူငယ်က အတန်ကြာ တွက်ချက်နေခိုက်သူးငှေးကြီး က တစ်ရက် တစ်သိန်း နှစ်ပေါင်း သုံးဆယ်ဆိုရင် သိန်းတစ်သောင်းကျော် ဆိုတော့ မင်း အသက် အခု နှစ်ဆယ်ပဲဆိုရင် နောက်အသက် ငါးဆယ်လောက်မှ ဒီပိုက်ဆံ ပိုင်ဆိုင်ရမှာ။ဒါတောင် သန်းကြွယ်သူငှေး မဖြစ်နိုင်သေးဘူး။ကောင်လေးက ဒါဆိုကျနော် ဘာလုပ်ရမလဲ?တစ်ရက် တစ်သိန်းမပြောနဲ့ တစ်လတစ်သိန်းတောင် မစုနိုင်ဘူး။အလုပ်ထွက်ရမှာလား။မင်းအလုပ်မထွက်သေးပါနဲ့။သူငှေးကြီးက မင်းတစ်လ ငါးသောင်း တစ်နှစ် ငါးသိန်းလောက် ပဲ စုနိုင်အုန်း။ မင်းလုပ်ငန်းတစ်ခုစလို့ ရပြီ ။ဟုတ်ပြီ မင်းရှိတဲ့ ငါးသိန်းလေးနဲ့ ကွမ်းယာဆိုင်လေး ပဲ ဖွင့်မလား ။စိတ်ချရတဲ့ လူယုံရှိရင် လွဲပေးလိုက် ။လစဉ် အမြတ်ငွေ သွားကောက်ရုံပဲ။’အလုပ်ဟူသမျှ ဂုဏ်ရှိစွ တဲ့ကွ’မင်းဆိုင်က ရတဲ့အမြတ်ငွေနဲ့ ထပ်လုပ်ချင်သေးတယ် ဆိုရင် အခြားအလုပ် ဖြစ်တဲ့ ဆိုင်ကယ် Taxiထောင်ပြီ း ကိုယ်တိုင် မဆွဲရင်တောင် owner ကြေးလေးယူပြီး ငှားစားပေါ့ကွာ။မင်းအစီးရေ အများကြီး ငှားထားပေးရင် သူများတွေကိုလညိးကူညီ ရာရောက် တယ် ကိုယ့်အတွက် လည်း အဆင်ပြေရာ ရောက်တာပေါ့။ကဲ ထပ်လုပ်အုန်းမယ်ကွာ မိတ္တူ စက်လေးတစ်လုံးလောက် ဝယ်ထားလိုက် ဆယ်သိန်းပဲ ထားပါ အုန်း ကျောင်းစာမေးပွဲရှိရင် ခဏလေးနဲ့ အရင်းကျေတယ် စက်တစ်လုံးကနေ နှစ်လုံး ပြီးတော့ ကွန်ပျူတာလေးထောင် စာရေး မလေး ငှားထားလိုက် တော်တော်လေး အောင်မြင်လာပြီဆိုရင် မင်းအမြတ်ငွေတွေ မင်းလုပ်ငန်းအစုံက လိုက်ကောက်ရုံပဲ။မင်းကို မှီပြီး နေထိုင် ရတဲ့ မိသားစု ဘယ်လောက်တောင်များသွားပြီလဲ။မင်းဖတ်နေတဲ့ စီးပွားရေးစာအုပ်ထဲက အတိုင်း’ခြင်တစ်လုံးထဲ ကြက်ဥတွေ အားလုံးမ ထည့်နဲ့’ဆိုတဲ့ အတိုင်း ပေါ့ကွာ။လုပ်ငန်းတွေများလာတော့ တစ်ခုပျက်စီးလည်း မကြောက်ရတော့ဘူးပေါ့။ စီးပွားရေးလုပ်တယ်ဆိုတာ အဆတိုးပွားနည်းနဲ့ လုပ်ရတယ်။ဒီလိုမရှာနဲ့1+2+3+4+5+6+7+8+9=45ဒီလိုရှာ 1×2=2×2=4×4=16×16=256×256=65536 ကဲ ငါတော့ကွာ ဒီလိုအသေးအဖွဲလေးတွေ မလုပ်တော့ဘူး အကြီးကြီးတွေပဲ ချတော့မယ်ဆိုလည်း လေ့လာ ပေါ့ကွာ ကျောက်မြတ်ရတ နာရောင်း ဝယ်ချင်တာလား ကျောက် အကြောင်း ကောင်းကောင်းသိရ မှာပေါ့ကွာ ။ခရီးသွားလုပ်ငန်းပဲ လုပ်ကိုင်တော့မှာလား.? ခရီးစဉ်တွေ အကြောင်း တိတိကျကျ တွက်ချက် ပြောဆိုနိုင်ရမှာပေါ့ကွာ။ သူငှေးက အပြောကြီးလိုက်တာ သုညက ပြန်စဆိုလည်း ပြန်စဖို့ အဆင်သင့်ပါကွာ။မင်းအသက်လောက်က ငါ တိုက်ခန်းငါးခန်းလောက် ပိုင်နေပြီ။မင်းနောက်မကျသေးပါဘူး။ကောင်လေး မင်းမှတ်ထား ရမှာက သူငှေး တစ်ယောက်ဖြစ်ချင်ရင် ဆုံးဖြတ်ရဲရမယ်ကွ!!!!မှတ်ချက်။ ။သန်းကြွယ်သူငှေးကြီး ပြေပြခဲ့သော စကားကို ကြီးပွားချမ်းသာ ချင်သော သူငယ်ချင်းများအတွက် ရေးသားဖော်ပြသည်။ သိစေလိုသောစိတ်ဖြစ်ရေးသားခဲ့သောကြောင့် မပြည့်စုံမှု မှားယွင်းမှု ရှိခဲ့ပါက ကျနော် အပြစ်သာ ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *