ရီးယဲလ္မက္ဒရစ္ ကို ေျပာင္းေရႊ႕လိုေနတဲ့ ဟာဇက္ ရဲ႕ ဆႏၵ နဲ႔ပတ္သက္ၿပီး ခ်ယ္လ္ဆီးအသင္းကို လမ္းပတ္ မွတ္ခ်က္ေပး

Premier League

ရီးယဲလ္မက္ဒရစ္ ကို ေျပာင္းေရႊ႕လိုေနတဲ့ ဟာဇက္ ရဲ႕ ဆႏၵ နဲ႔ပတ္သက္ၿပီး ခ်ယ္လ္ဆီးအသင္းကို လမ္းပတ္ မွတ္ခ်က္ေပး
—————————

ဒါဘီအသင္းတြင္ နည္းျပအျဖစ္ေဆာင္ရြက္ေနသည့္ ခ်ယ္လ္ဆီးကြင္းလယ္လူေဟာင္း လမ္းပတ္က ခ်ယ္လ္ဆီးအသင္းအေနျဖင့္ ဟာ ဇက္ ၏ ဆႏၵကိုေလးစားရမည္ျဖစ္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။အသက္ (၂၈)ႏွစ္အရြယ္ရွိ ဘယ္လ္ဂ်ီယံအသင္းေခါင္းေဆာင္ ဟာ ဇက္ သည္ လာမည့္ေႏြရာသီအေျပာင္းအေရႊ႕တြင္ ရီးယဲလ္မက္ဒရစ္အသင္းသို႔ ေျပာင္းေရႊ႕မည္ဟု မီဒီယာမ်ားက ေဖာ္ျပေနၾကၿပီး၊ ၿပီးခဲ့ သည့္ရက္ပိုင္းက ျပင္သစ္သတင္းစာ L’Equipe က ယူရိုပါလိဂ္ၿပိဳင္ပြဲအၿပီးတြင္ ဟာဇက္အားေခၚယူနိုင္ၿပီျဖစ္ေၾကာင္း ရီးယဲလ္မက္ဒရစ္ အသင္းေၾကညာမည္ဟု ေဖာ္ျပထားခဲ့ပါတယ္။ထို႔ျပင္ ဟာဇက္ကိုယ္တိုင္ကလည္း ရီးယဲလ္မက္ဒရစ္အသင္းတြင္ ကစားလိုသည္ဟု ဝန္ ခံထားသလို၊ ခ်ယ္လ္ဆီးနည္းၿပ ဆာရီကလည္း ဟာဇက္ကို တားဆီးရန္ မျဖစ္နိုင္ေၾကာင္း ေျပာၾကားခဲ့ဖူးပါတယ္။လမ္းပတ္က ခ်ယ္လ္ဆီး အသင္းအေနျဖင့္ ဟာဇက္ကို ဆုံးရႈံးခဲ့ရပါက နစ္နာမည္ျဖစ္ေသာ္လည္း ကစားသမား၏ ဆႏၵကိုအေလးထားသင့္သည္ဟု ေျပာၾကာခဲ့ ျခင္းျဖစ္ ပါတယ္။

လမ္းပတ္ကေျပာၾကားခဲ့ရာမွာေတာ့ ” ခ်ယ္လ္ဆီးအသင္းမွာ (၇)ႏွစ္ၾကာ ကစားခဲ့တဲ့ ဟာဇက္ရဲ့ေျခစြမ္းကို အကဲျဖတ္မယ္ဆိုရင္ သူဟာ အသင္းရဲ့သမိုင္းမွာ အေကာင္းဆုံးေတြထဲက တစ္ေယာက္ျဖစ္ပါတယ္။ ကြင္းအတြင္းမွာ ဟာဇက္စြမ္းေဆာင္ခဲ့တာေတြကို ဘယ္လိုမွ မ်က္ကြယ္ျပဳလို႔မရပါဘူး။ ဒီလိုကစားသမားမ်ိဳးကို ဆုံးရႈံးရမွာက ခ်ယ္လ္ဆီးအသင္းအတြက္အရမ္းနစ္နာပါတယ္။ ဒါေပမဲ့ လူတစ္ေယာက္ ရဲ့ ဆႏၵနဲ႔ အာသီသကို ကၽြန္ေတာ္တို႔ ေလးစားရမွာပါ။ ဟာဇက္အေနနဲ႔ ခ်ယ္လ္ဆီးအသင္းမွာ ဆက္ေနမလား။ အသင္းက ထြက္ခြာမလား ဆို တာေတာ့ ကၽြန္ေတာ္တိတိက်က်မသိပါဘူး။ ဒါေပမဲ့ ကစားသမားရဲ့ဆႏၵကိုေတာ့ ခ်ယ္လ္ဆီးအသင္းက လိုက္ေလ်ာသင့္ပါတယ္။ ကၽြန္ ေတာ္ဟာ ဟာဇက္နဲ႔ ရင္းႏွီးၿပီးသူ႔ကိုသေဘာက်ပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္ကေတာ့ ဟာဇက္ဘယ္လိုပဲဆုံးျဖတ္ပါေစ၊ ကၽြန္ေတာ္သ ေဘာ တူပါတယ္” ဟုေျပာၾကားခဲ့ပါတယ္။ဟာဇက္သည္ ၂၀၁၂ ခုႏွစ္က ျပင္သစ္ကလပ္ လိုင္လီအသင္းမွ ခ်ယ္လ္ဆီးအသင္းသို႔ ေပါင္ (၃၂)သန္းျဖင့္ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ၿပီး အသင္းအတြက္ (၇)ရာသီအတြင္း ၿပိဳင္ပြဲစုံ (၃၅၁)ပြဲတြင္ (၁၀၈)ဂိုး သြင္းယူေပးထားသူျဖစ္ၿပီး ယခုရာသီတြင္လည္း ခ်ယ္လ္ဆီးအသင္းအတြက္ ေျခစြမ္းျပကာ ပရီးမီးယားလိဂ္တြင္ (၁၆)ဂိုးအထိသြင္းယူခဲ့သလို၊ ၿပိဳင္ပြဲစုံ (၅၁)ပြဲတြင္ (၁၉)ဂိုးအထိသြင္းယူေပးထားသူတစ္ေယာက္ျဖစ္ပါတယ္။

[unicode]

ဒါဘီအသင်းတွင် နည်းပြအဖြစ်ဆောင်ရွက်နေသည့် ချယ်လ်ဆီးကွင်းလယ်လူဟောင်း လမ်းပတ်က ချယ်လ်ဆီးအသင်းအနေဖြင့် ဟာ ဇက် ၏ ဆန္ဒကိုလေးစားရမည်ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။အသက် (၂၈)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဟာ ဇက် သည် လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့မည်ဟု မီဒီယာများက ဖော်ပြနေကြပြီး၊ ပြီးခဲ့ သည့်ရက်ပိုင်းက ပြင်သစ်သတင်းစာ L’Equipe က ယူရိုပါလိဂ်ပြိုင်ပွဲအပြီးတွင် ဟာဇက်အားခေါ်ယူနိုင်ပြီဖြစ်ကြောင်း ရီးယဲလ်မက်ဒရစ် အသင်းကြေညာမည်ဟု ဖော်ပြထားခဲ့ပါတယ်။ထို့ပြင် ဟာဇက်ကိုယ်တိုင်ကလည်း ရီးယဲလ်မက်ဒရစ်အသင်းတွင် ကစားလိုသည်ဟု ဝန် ခံထားသလို၊ ချယ်လ်ဆီးနည်းပြ ဆာရီကလည်း ဟာဇက်ကို တားဆီးရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။လမ်းပတ်က ချယ်လ်ဆီး အသင်းအနေဖြင့် ဟာဇက်ကို ဆုံးရှုံးခဲ့ရပါက နစ်နာမည်ဖြစ်သော်လည်း ကစားသမား၏ ဆန္ဒကိုအလေးထားသင့်သည်ဟု ပြောကြာခဲ့ ခြင်းဖြစ် ပါတယ်။လမ်းပတ်ကပြောကြားခဲ့ရာမှာတော့ ” ချယ်လ်ဆီးအသင်းမှာ (၇)နှစ်ကြာ ကစားခဲ့တဲ့ ဟာဇက်ရဲ့ခြေစွမ်းကို အကဲဖြတ်မယ်ဆိုရင် သူဟာ အသင်းရဲ့သမိုင်းမှာ အကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ကွင်းအတွင်းမှာ ဟာဇက်စွမ်းဆောင်ခဲ့တာတွေကို ဘယ်လိုမှ မျက်ကွယ်ပြုလို့မရပါဘူး။ ဒီလိုကစားသမားမျိုးကို ဆုံးရှုံးရမှာက ချယ်လ်ဆီးအသင်းအတွက်အရမ်းနစ်နာပါတယ်။ ဒါပေမဲ့ လူတစ်ယောက် ရဲ့ ဆန္ဒနဲ့ အာသီသကို ကျွန်တော်တို့ လေးစားရမှာပါ။ ဟာဇက်အနေနဲ့ ချယ်လ်ဆီးအသင်းမှာ ဆက်နေမလား။ အသင်းက ထွက်ခွာမလား ဆို တာတော့ ကျွန်တော်တိတိကျကျမသိပါဘူး။ ဒါပေမဲ့ ကစားသမားရဲ့ဆန္ဒကိုတော့ ချယ်လ်ဆီးအသင်းက လိုက်လျောသင့်ပါတယ်။ ကျွန် တော်ဟာ ဟာဇက်နဲ့ ရင်းနှီးပြီးသူ့ကိုသဘောကျပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဟာဇက်ဘယ်လိုပဲဆုံးဖြတ်ပါစေ၊ ကျွန်တော်သ ဘော တူပါတယ်” ဟုပြောကြားခဲ့ပါတယ်။ဟာဇက်သည် ၂၀၁၂ ခုနှစ်က ပြင်သစ်ကလပ် လိုင်လီအသင်းမှ ချယ်လ်ဆီးအသင်းသို့ ပေါင် (၃၂)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် (၇)ရာသီအတွင်း ပြိုင်ပွဲစုံ (၃၅၁)ပွဲတွင် (၁၀၈)ဂိုး သွင်းယူပေးထားသူဖြစ်ပြီး ယခုရာသီတွင်လည်း ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြကာ ပရီးမီးယားလိဂ်တွင် (၁၆)ဂိုးအထိသွင်းယူခဲ့သလို၊ ပြိုင်ပွဲစုံ (၅၁)ပွဲတွင် (၁၉)ဂိုးအထိသွင်းယူပေးထားသူတစ်ယောက်ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *