ဘာစီလိုနာအသင်းနဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေကို တုန့်ပြန်သွားတဲ့ လာကာဇက်တီ

Premier League

ဘာစီလိုနာအသင်းနဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေကို တုန့်ပြန်သွားတဲ့ လာကာဇက်တီ
——————————



[unicode]

အာဆင်နယ်အသင်းရဲ့တိုက်စစ်မှူး လာကာဇက်တီကတော့ အသင်းမှာပျော်ရွှင်နေပြီး ဒုတိယရာသီကိုဖြတ်သန်းနေပါတယ်။ အဆိုပါပြင် သစ် သားဟာ ဒီရာသီအသင်းအတွက်ပြိုင်ပွဲစုံ ၁၉ ဂိုး အထိ သွင်းယူပေးခဲ့ပြီး အသင်းကို ဖိုင်နယ်ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ တာဖြစ်ပါတယ်။လက်ရှိဒီရာသီအသင်းနဲ့ပြသခဲ့တဲ့ခြေစွမ်းကောင်းတွေကြောင့် ဘာစီလိုနာအသင်းရဲ့ စိတ်ဝင်စားမှုခြင်းကို ခံခဲ့ရတာဖြစ်ပါ တယ်။ ဘာစီလိုနာအသင်းဟာ အခုရာသီမှာ ချန်ပီယံလိဂ်ကနေထွက်ခွာခဲ့ရပြီးနောက်ပိုင်း ဘာကာအသင်းဟာ လာမယ့်ရာသီ အသင်း ရဲ့တိုက်စစ်ပိုင်းကိုပြင်ဆင်ဖို့အတွက် စီစဉ်နေပါတယ်။တိုက်စစ်မှူး လာကာဇက်တီကာတော့ ဘာစီလိုနာ အသင်းနဲ့သတင်းတွေ ထွက် ပေါ် မှုအတွက် တယ်လီဖုန်းနဲ့ အင်တာဗျူးမှာ “အခုလိုဘာစီလိုနာအသင်းရဲ့စိတ်ဝင်စားမှုကိုကြားရတာ ဝမ်းသာမိပါတယ်”လို့ ဖြေကြား ခဲ့ပါတယ်။အာာဆင်နယ်အသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဗလန်စီယာအသင်းကို ၂ကျော့ပေါင်းရလဒ် ၇-၃ဂိုးနဲ့ဖိုင်နယ်ကို တက်ရောက် နိုင်ခဲ့တာဖြစ်ပါတယ်။တိုက်စစ်မှူး လာကာဇက်တီဟာ ပြီးခဲ့တဲ့ရာသီက အက်သလက်တီကို အသင်းနဲ့ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း ပါဝင်ကစားခဲ့ တာဖြစ်ပါတယ်။နည်းပြ အမ်မရီကတော့ ၎င်းရဲ့အသင်းကို ယူရိုပါလိဂ်ဖလားရယူပြီး ချန်ပီယံလိဂ်ခွင့်ရယူနိုင်ဖို့ အလိုရှိနေပါတယ်။“နည်းပြ အမ်မရီကအသင်းကိုအကောင်းဆုံး ပုံစံတစ်ခုရရှိအောင်စွမ်းဆောင်ပေးနိုင်တယ်လို့ထင်ပါတယ်”လို့ လာကာဇက်တီက နည်းပြ အမ်မရီ အပေါ်သူ့ရဲ့အမြင်ကိုပြောကြားခဲ့ပါတယ်။“ဖိုင်နယ်မှာကျွန်တော်တို့ဗိုလ်စွဲနိုင်ဖို့အတွက်ပြင်ဆင်နေပါတယ်။ လာမယ့်ရာသီချန်ပီယံ လိဂ် ဝင်ခွင့်ရဖို့ အရေးကြီးပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ ကျွန်တော်တို့ ဖိုင်နယ်တက်ရောက်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။ ဒီရာသီမှာတော့ မနှစ် ကလိုမဖြစ်အောင်ကြိုးစားသွားမှာပါ”လို့ လာကာဇက်တီက ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *