လာမည့်ရာသီ မှာ မန်စီးတီးအသင်း လက်ထဲမှ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ရန် ကြိုးစားသွားမည်ဟု ဆာလာ ပြောကြား

Premier League

လာမည့်ရာသီ မှာ မန်စီးတီးအသင်း လက်ထဲမှ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ရန် ကြိုးစားသွားမည်ဟု ဆာလာ ပြောကြား
——————————-



[unicode]

လီဗာပူးလ်အသင်း၏ အီဂျစ်တိုက်စစ်မှူး ဆာလာက လာမည့်ရာသီတွင် မန်စီးတီးအသင်း လက်ထဲမှ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူ နိုင်ရန် ကြိုးစားသွားမည်ဟု ပြောကြားလိုက်ပါတယ်။Sky Sports ရုပ်သံနှင့် တွေ့ဆုံရာ၌ ဆာလာက ” ကျွန်တော်တို့ ဒီရာသီမှာ အစွမ်း ရှိသလောက် ကြိုးစားကစားခဲ့ပါတယ်။ ကျွန်တော်တို့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ရှုံးပွဲတစ်ပွဲပဲ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ရမှတ်(၉၇)မှတ်အထိ ရယူနိုင်ခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ချန်ပီယံအဖြစ် ဗိုလ်စွဲသွားခဲ့တဲ့ မန်စီးတီးအသင်းကိုတော့ ကျွန်တော်တို့ ချီးကျူးပါတယ်။ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ကျွန်တော်တို့ ဆက်ပြီးတိုက်ပွဲဝင်ဦးမယ်ဆိုတာ အသိပေး ချင်ပါတယ်”ဟု ပြောကြားခဲ့ပါတယ်။ယခုရာသီတွင် ရှုံးပွဲ တစ်ပွဲသာရှိခဲ့သည့် လီဗာပူးလ်အသင်းသည် ချန်ပီယံဆုအတွက် ရာသီပိတ်ပွဲစဉ်အထိ မန်စီးတီးအသင်းနှင့်အပြိုင်ကြိုးစားခဲ့သော်လည်း မန်စီးတီးအသင်းက ရမှတ် (၁)မှတ်အသာဖြင့် (၂)နှစ်ဆက်ချန်ပီယံဆုကိုရယူနိုင်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *