ယူႏိုက္တက္ရဲ႕ က်ရႈံးခန္းမွာ ေပါ့ဂ္ဘာတစ္ေယာက္ထဲသာ ဇာတ္လုိက္ျဖစ္ေနတာမဟုတ္ပါဘူး #ေမာ္ရင္ဟို

Premier League

ယူႏိုက္တက္ရဲ႕ က်ရႈံးခန္းမွာ ေပါ့ဂ္ဘာတစ္ေယာက္ထဲသာ ဇာတ္လုိက္ျဖစ္ေနတာမဟုတ္ပါဘူး #ေမာ္ရင္ဟို
—————————-

ယူႏုိက္တက္နည္းျပေဟာင္း ေမာ္ရင္ဟိုက ယူႏိုက္တက္ရဲ႕ က်ရႈံးမႈအတြက္ ကြင္းလယ္လူ ေပါ့ဂ္ဘာတစ္ဦးသာ တာ၀န္ရွိတာ မဟုတ္ဘူး လို႔ ေျပာသြားခဲ့ပါတယ္။မန္ယူအသင္းဟာ ျပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလက ရလဒ္ေတြ ဆိုးရြားေနခဲ့တာေၾကာင့္ ေမာ္ရင္ဟိုကို ထုတ္ပယ္ခဲ့တာ ျဖစ္ပါတယ္။ ေပါ့ဂ္ဘာက ယူႏိုက္တက္မွာ အဓိက ျပႆနာလားဆိုတဲ့ ေမးခြန္းကို “အသင္းမွာ ျပႆနာေတြ ရွိေနပါတယ္။ ကစားသမား ေတြ၊ အဖြဲ႕အစည္းေတြ၊ ရည္မွန္းခ်က္ေတြ မွာ ျပႆနာရွိေနတယ္လို႔ ခင္ဗ်ား ေျပာလို႔ရပါတယ္။ ဒါေပမယ့္ ေပါ့ဂ္ဘာတစ္ဦးတည္းက တာ ၀န္ရွိတာလားဆိုတဲ့ ေမးခြန္းကိုေတာ့ ကြ်န္ေတာ္က ႏိုးလို႔ပဲ ေျပာခ်င္ပါတယ္ လို႔ ေမာ္ရင္ဟိုက ေျပာခဲ့ပါတယ္။

ေမာ္ရင္ဟိုထြက္ခြာျပီးေနာက္ပိုင္း ဆိုးလ္ရွားက ယာယီနည္းျပအျဖစ္ အေကာင္းဆံုး စြမ္းေဆာင္ႏိုင္ခဲ့ေပမယ့္ အျမဲတန္းနည္းျပအျဖစ္ ခန္႔ အပ္ျပီးတဲ့အခ်ိန္မွာေတာ့ ရလဒ္ေတြ ဆိုးရြားလာခဲ့ျပီး ပရီးမီယားလိဂ္မွာလည္းအဆင့္၆ေနရာမွာ သာ ရပ္တည္ႏိုင္ခဲ့ပါတယ္။ေမာ္ရင္ဟိုက ပရီးမီးယားလိဂ္မွာ မန္ယူအသင္းနဲ႔အတူ ဒုတိယရရွိခဲ့ျခင္းက နည္းျပဘ၀မွာ အေကာင္းဆံုးေအာင္ျမင္မႈလို႔ ေျပာခဲ့ဖူးပါတယ္။ ဆက္လက္ ၿပီး ေမာ္ရင္ဟိုက ကြ်န္ေတာ္ လြန္ခဲ့တဲ့ ၁၀လေလာက္တုန္းက ယူႏိုက္တက္နဲ႔ အတူ ဒုတိယေနရာ ရရွိခဲ့တာက ကြ်န္ေတာ္ရဲ႕ အေအာင္ျမင္ ဆံုး ရလဒ္လို႔ ေျပာခဲ့ပါတယ္။အခုေတာ့ လူေတြ နားလည္ၾကမွာပါ။ ကြ်န္ေတာ္ ယူႏိုုက္တက္အသင္းအေၾကာင္းကို ထုတ္ေဖာ္ေျပာစရာမ လိုပါဘူး။ အခ်ိန္က ရွင္းျပသြားပါလိမ့္မယ္။ ယူႏိုက္တက္နဲ႔ ပတ္သက္ျပီး ေျပာခ်င္တာ ၂ခုပဲ ရွိပါတယ္။တစ္ခုက အခ်ိန္က စကားေျပာသြား မွာပါ။ ေနာက္တစ္ခုကေတာ့ ျပႆနာေတြ ရွိေနတုန္းပါပဲ လို႔ ေျပာသြားခဲ့ပါတယ္။

[unicode]

ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုက ယူနိုက်တက်ရဲ့ ကျရှုံးမှုအတွက် ကွင်းလယ်လူ ပေါ့ဂ်ဘာတစ်ဦးသာ တာဝန်ရှိတာ မဟုတ်ဘူး လို့ ပြောသွားခဲ့ပါတယ်။မန်ယူအသင်းဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ရလဒ်တွေ ဆိုးရွားနေခဲ့တာကြောင့် မော်ရင်ဟိုကို ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ ပေါ့ဂ်ဘာက ယူနိုက်တက်မှာ အဓိက ပြဿနာလားဆိုတဲ့ မေးခွန်းကို “အသင်းမှာ ပြဿနာတွေ ရှိနေပါတယ်။ ကစားသမား တွေ၊ အဖွဲ့အစည်းတွေ၊ ရည်မှန်းချက်တွေ မှာ ပြဿနာရှိနေတယ်လို့ ခင်ဗျား ပြောလို့ရပါတယ်။ ဒါပေမယ့် ပေါ့ဂ်ဘာတစ်ဦးတည်းက တာ ဝန်ရှိတာလားဆိုတဲ့ မေးခွန်းကိုတော့ ကျွန်တော်က နိုးလို့ပဲ ပြောချင်ပါတယ် လို့ မော်ရင်ဟိုက ပြောခဲ့ပါတယ်။မော်ရင်ဟိုထွက်ခွာပြီးနောက်ပိုင်း ဆိုးလ်ရှားက ယာယီနည်းပြအဖြစ် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပေမယ့် အမြဲတန်းနည်းပြအဖြစ် ခန့် အပ်ပြီးတဲ့အချိန်မှာတော့ ရလဒ်တွေ ဆိုးရွားလာခဲ့ပြီး ပရီးမီယားလိဂ်မှာလည်းအဆင့်၆နေရာမှာ သာ ရပ်တည်နိုင်ခဲ့ပါတယ်။မော်ရင်ဟိုက ပရီးမီးယားလိဂ်မှာ မန်ယူအသင်းနဲ့အတူ ဒုတိယရရှိခဲ့ခြင်းက နည်းပြဘဝမှာ အကောင်းဆုံးအောင်မြင်မှုလို့ ပြောခဲ့ဖူးပါတယ်။ ဆက်လက် ပြီး မော်ရင်ဟိုက ကျွန်တော် လွန်ခဲ့တဲ့ ၁၀လလောက်တုန်းက ယူနိုက်တက်နဲ့ အတူ ဒုတိယနေရာ ရရှိခဲ့တာက ကျွန်တော်ရဲ့ အအောင်မြင် ဆုံး ရလဒ်လို့ ပြောခဲ့ပါတယ်။အခုတော့ လူတွေ နားလည်ကြမှာပါ။ ကျွန်တော် ယူနိုက်တက်အသင်းအကြောင်းကို ထုတ်ဖော်ပြောစရာမ လိုပါဘူး။ အချိန်က ရှင်းပြသွားပါလိမ့်မယ်။ ယူနိုက်တက်နဲ့ ပတ်သက်ပြီး ပြောချင်တာ ၂ခုပဲ ရှိပါတယ်။တစ်ခုက အချိန်က စကားပြောသွား မှာပါ။ နောက်တစ်ခုကတော့ ပြဿနာတွေ ရှိနေတုန်းပါပဲ လို့ ပြောသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *