ကိုပင်ဟေဂင်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ယူနိုက်တက် ကစားသမားတစ်ဦးကို ထုတ်ဖော်ချီးကျူးခဲ့ကြတဲ့ ကစားသမားဟောင်းများ

ကိုပင်ဟေဂင်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ယူနိုက်တက် ကစားသမားတစ်ဦးကို ထုတ်ဖော်ချီးကျူးခဲ့ကြတဲ့ ကစားသမားဟောင်းများ ————————– မန်ချက်စတာယူနိုက်တက် အသင်းက ကိုပင်ဟေဂင်အသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ယူနိုက်တက် တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ မာရှယ်ကို အသင်းရဲ့ ကစားသမားဟောင်းတွေဖြစ်ကြတဲ့ ဟားဂရေ့ဗ်၊ ဗန်ပါစီ၊ ပေါလ်စခိုး တို့ အသီးသီးမှတ်ချက်ပေးချီးကျူးသွားခဲ့ကြတယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ အဆိုပါပွဲစဉ်မှာ ကိုပင်ဟေဂင်အသင်းဘက်ကို ဂိုးပေါက် ကန်သွင်းမှု ၁၄ ကြိမ်ပြုလုပ်ခဲ့ပေမယ့် ကိုပင်ဟေဂင် ဂိုးသမားကတော့ ၁၃ ကြိမ်တိုင်အောင် ကာကွယ်မှုပြုလုပ်နိုင်ခဲ့တာကြောင့် ယူနိုက်တက် တို့ဟာ အချိန်ပိုအထိ ခရီးဆက်ခဲ့ရတာလည်းဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ယူနိုက်တက် တိုက်စစ်မှူးတွေဖြစ်တဲ့ မာရှယ် ရက်ရှ်ဖို့ဒ်တို့ဟာ ခြေစွမ်းပုံမှန်အောက်ရောက်နေခဲ့ပေမယ့်လည်း မာရှယ်ရဲ့ တစ်ဖက်သင်းနောက်ခံလူတွေအပေါ် အလုပ်များစေခဲ့သလို ဂိုးကန်သွင်းမှုတွေလည်းပြုလုပ်ခဲ့တာကြောင့် သူတို့က ချီးကျူးခဲ့ကြတာလည်းဖြစ်ပါတယ်။ မာရှယ်နဲ့ ပတ်သက်လို့ […]

Continue Reading

လီဗာပူးလ်အသင်းထံကို တရားဝင်ရောက်ရှိခဲ့ပြီဖြစ်တဲ့ ကို့စတပ် ဆီမီကပ်စ် 

လီဗာပူးလ်အသင်းထံကို တရားဝင်ရောက်ရှိခဲ့ပြီဖြစ်တဲ့ ကို့စတပ် ဆီမီကပ်စ် ———————— ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးလ်အသင်းဟာ ဂရိကလပ် အိုလံပီယာကော့စ်အသင်းရဲ့ နောက်ခံလူတစ်ဦးဖြစ်တဲ့ ကို့စတပ် ဆီမီကပ်စ် ကိုအပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။အသက်၂၄နှစ်အရွယ် ဂရိသားဟာ ၂၀၁၅ခုနှစ် ဒီဇင်ဘာလတွင် အိုလံပီယာကော့စ်အတွက် ပထမဆုံးပွဲထွက်ခဲ့ပြီး ပြိုင်ပွဲစုံ ၈၆ပွဲ ပါဝင်ကစားပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီကလည်း အသင်းအတွက် ပြိုင်ပွဲစုံ ၄၆ ပွဲအထိ ပါဝင် ကစားပေးခဲ့ပြီး အသင်းဖော်တွေ အတွက် ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ် ပေးထားနိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ကို့စတပ် ဆီမီကပ်စ် ဟာ လီဗာပူးလ်အသင်းမှာ ကျောနံပါတ် ၂၁ ကိုဝတ်ဆင်ကစားသွားမှာလည်းဖြစ်ပါတယ်။ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ခဲ့ခြင်းအပေါ် ကို့စတပ် ဆီမီကပ်စ် က” ပရီးမီးယားလိဂ်က ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိဂ်တစ်ခုဖြစ်လို့ ကျွန်တော်နှစ်သက်ပါတယ်။ လီဗာပူးလ်အသင်းက ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး […]

Continue Reading

လေဗာကူဆင်ကို အနိုင်ယူပြီး ချန်ပီယံခြေစွမ်းမျိူးပြသခဲ့တဲ့ အင်တာမီလန်

လေဗာကူဆင်ကို အနိုင်ယူပြီး ချန်ပီယံခြေစွမ်းမျိူးပြသခဲ့တဲ့ အင်တာမီလန် ———————– အင်တာမီလန်အသင်းနဲ့ လေဗာကူဆင်အသင်းတို့ရဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်ကတော့ နာမည်ကြီး အင်တာမီလန်အသင်းက လေဗာကူဆင်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ပြည်တွင်းဖလားအောင်မြင်မှုမရရှိခဲ့တဲ့ ကွန်တီဟာ ယူရိုပါလိဂ်ကို အဓိက ပစ်မှတ်ထားလာခဲ့ပြီး ကစားသမားအစုံအလင်နဲ့ အကောင်းဆုံးပြင်ဆင်လာခဲ့တာကိုတွေ့ရပါတယ်။ အင်တာမီလန်အသင်းဟာ ဒီပွဲမှာ တိုက်စစ်၊ ခံစစ် ဟန်ချက်ညီခဲ့ပြီး လေဗာကူဆင်အသင်းကို ခပ်မာမာရင်ဆိုင်သွားခဲ့တာကိုတွေ့ရပါတယ်။ လေဗာကူဆင်အသင်းက ဘောလုံးကိုင်ကစားပြီး ပွဲကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှု အသာရတာကလွဲပြီး အမှားအယွင်းတွေများနေခဲ့ပါတယ်။ အင်တာမီလန်အသင်းဟာ ပွဲစပြီဆိုတာနဲ့ အင်တိုက် အားတိုက် အရှိန်အဟုန်ကောင်းကောင်းနဲ့ တိုက်စစ်အားပြုကစားခဲ့ပြီး ပွဲချိန် ၁၅ မိနစ် အရောက်မှာပဲ ဘာရယ်လာရဲ့ သွင်းဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။ အင်တာမီလန်အသင်းဟာ တောက်လျှောက်ဆိုသလိုပဲ […]

Continue Reading

ယူနိုက်တက် ရဲ့ ယူရိုပါလိဂ်အိမ်မက်လမ်းကို ပုခုံးထမ်းတင်ခဲ့ပြန်တဲ့ ဘရူနိုဖာနန်ဒက်စ် 

ယူနိုက်တက် ရဲ့ ယူရိုပါလိဂ်အိမ်မက်လမ်းကို ပုခုံးထမ်းတင်ခဲ့ပြန်တဲ့ ဘရူနိုဖာနန်ဒက်စ် ————————- မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကိုပင်ဟေဂင် အသင်းတို့ရဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်ကတော့ သာမန် ပွဲချိန်အတွင်းမှာ နှစ်သင်းစလုံး ဂိုးသွင်းနိုင်ခြင်းမရှိတာကြောင့် အချိန်ပိုအထိ ဆက်ကစားခဲ့ရပြီး မန်ချက်စတာယူနိုက်တက် အသင်းက အချိန်ပိုရရှိတဲ့ ပင်နယ်တီသွင်းဂိုးတစ်ဂိုးနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။ ဒီပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ တောင့်တင်းတဲ့ လူစာရင်းနဲ့ ပွဲထွက်လာခဲ့တာဖြစ်ပေမယ့်လည်း ဂရင်းဝုဒ်ရဲ့သွင်းဂိုးတစ်ဂိုးကို VAR နဲ့ ပယ်ဖျက်ခဲ့မှု ရက်ရှ်ဖို့ဒ် မာရှယ်တို့ ပုံမှန်ခြေစွမ်းအောက်ကို ရောက်ရှိနေမှုတွေကြောင့် သာမန် ပွဲချိန်အတွင်းမှာ အနိုင်မရရှိခဲ့ပဲ အချိန်ပိုအထိ ဆက်ကစားခဲ့ရတာလည်းဖြစ်ပါတယ်။ ကိုပင်ဟေဂင်အသင်းကတော့ ခံစစ်အသားကစားဟန်ကို အားပြုခဲ့တာဖြစ်ပြီး တန်ပြန်တိုက်စစ်တွေကနေ ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ယူနိုက်တက် ဂိုးပေါက်ကို ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေမပြုလုပ်နိုင်ခဲ့ပါဘူး။ ယူနိုက်တက်ရဲ့ ဂိုးကန်သွင်းမှုတွေကို ကိုပင်ဟေဂင် […]

Continue Reading

အသင်းသားတစ်ဦးက အသင်းအခြားတစ်ယောက်ထက် ဂိုးတွေပိုသွင်းဖို့တွေးနေတာမျိူး ကျွန်တော်မလိုချင်ပါဘူး#ဆိုးလ်ရှား

အသင်းသားတစ်ဦးက အသင်းအခြားတစ်ယောက်ထက် ဂိုးတွေပိုသွင်းဖို့တွေးနေတာမျိူး ကျွန်တော်မလိုချင်ပါဘူး#ဆိုးလ်ရှား ————————- မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ ဆိုးလ်ရှား ကတော့ ကိုပင်ဟေဂင် နဲ့ ယူရိုပါလိဂ် ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ဒီရာသီ ယူနိုက်တက်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမားနှစ်ဦး ဖြစ်တဲ့ မာရှယ် နဲ့ ရက်ရှ်ဖို့ဒ် တို့ကို သတိပေးစကားပြောကြား သွားခဲ့တယ်လို့သိရပါတယ်။ ဒီတိုက်စစ်မှူးနှစ်ဦးဟာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၄၂ ပွဲ ကစားပြီး သွင်းဂိုး ၂၂ ဂိုးစီသွင်းယူထားခဲ့ကြပေမယ့် ပြီးခဲ့တဲ့ LASK နဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ မာရှယ်က လူစားဝင်ပြီးတစ်ဂိုးသွင်းယူခဲ့တာကြောင့် ၂၃ ဂိုးဖြစ်ခဲ့ပြီး ရက်ရှ်ဖို့ဒ် ထက် တစ်ဂိုးအသာရရှိနေပေမယ့်လည်း ရက်ရှ်ဖို့ဒ် ကတော့ ၎င်းရဲ့ တွစ်တာမှာ ” တိုနီ နိုင်ရင်၊ […]

Continue Reading

အသင်းက တိုက်စစ်မှူးတစ်ဦးကို ထုတ်ဖော်ချီးကျူးလိုက်တဲ့ ဆိုးလ်ရှား

အသင်းက တိုက်စစ်မှူးတစ်ဦးကို ထုတ်ဖော်ချီးကျူးလိုက်တဲ့ ဆိုးလ်ရှား ————————— မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ အိုလေဂန်နာဆိုးလ်ရှားကတော့ အသင်းရဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်သူ အန်တိုနီ မာရှယ်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။ မာရှယ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ဒီရာသီ ပြိုင်ပွဲစုံသွင်းဂိုး ၂၃ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီး အသင်းကိုလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ကူညီပေထားးနိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ အသင်းအတွက် နောက်ဆုံးကစားပေးထားတဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာလည်း လူစားဝင်ကစားသမားအဖြစ် သွင်းဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပြီး ယူနိုက်တက် ကိုလည်း ယူရိုပါလိဂ်ကွာတားဖိုင်နယ်ကို တက်လှမ်းစေခဲ့ပါတယ်။ ဆိုးလ်ရှားက ခြေစွမ်းပြနေတဲ့ မာရှယ်ရဲ့ ခန္ဓာကိုယ်ကာယအပိုင်းဟာ အကောင်းဆုံးအနေအထားကို ရောက်ရှိနေပြီ ထုတ်ဖော်ချီးကျူးခဲ့ပြီး ပြင်သစ်သားရဲ့ ကာယပိုင်းအားထုတ်မှုအပေါ်မှာလည်း အသိအမှတ်ပြုခဲ့ပါတယ်။ ဆိုးလ်ရှားကပြောကြားခဲ့ရာမှာတော့” အန်တိုနီ က ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် အားကစားခန်းမမှာ ကြိုးစားအားထုတ်မှုတွေ အတော်လေးပြုလုပ်ခဲ့တာကိုတွေ့ရပြီး အခုဆိုရင် သူရဲ့ ကာယပိုင်းက […]

Continue Reading

ဘာနာဒိုဆေးဗား ကိုခေါ်ယူဖို့ ငွေသားအပြင် အသင်းက ကစားသမားတစ်ဦးကိုပါ အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေတဲ့ ဘာစီလိုနာ

ဘာနာဒိုဆေးဗား ကိုခေါ်ယူဖို့ ငွေသားအပြင် အသင်းက ကစားသမားတစ်ဦးကိုပါ အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေတဲ့ ဘာစီလိုနာ ——————————- Telegraph ရဲ့ ဖော်ပြချက်အရ စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ မန်ချက်စတာစီးတီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ ဘာနာဒိုဆေးဗားကို ခေါ်ယူဖို့အတွက် အသင်းက ကစားသမားတစ်ဦးကိုပါ အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာ အသင်းက နောက်ခံလူ နယ်လ်ဆင် ဆီမီဒို ကို အလိုက်ပေးပြီး ဘာနာဒိုဆေးဗားကို ကမ်းလှမ်းဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။ မန်စီးတီး အသင်းကလည်း ဆီမီဒို အလိုရှိနေတဲ့အတွက် ဘာစီလိုနာအသင်းက ငွေသားအပါအဝင် ဆီမီဒိုကိုပါ အလိုက်ပေးဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက ဘာနာဒိုဆေးဗား ကိုအလိုရှိပေမယ့်လည်း ဆေးဗား ဟာ မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ်ရှိနေတာကြောင့် ခက်ခဲဖွယ်ရှိနေပေမယ့် ဘာစီလိုနာကို ကိုင်တွယ်ခဲ့ဘူးတဲ့ နည်းပြ ဂွာဒီယိုလာကြောင့်တော့ […]

Continue Reading

ပရီးမီးယားလိဂ်ရဲ့ ပြောင်းရွှေ့ကြေးအမြင့်မားဆုံး ကစားသမားဖြစ်လာဖွယ်ရှိနေတဲ့ ကိုင်ဟာဗက်

ပရီးမီးယားလိဂ်ရဲ့ ပြောင်းရွှေ့ကြေးအမြင့်မားဆုံး ကစားသမားဖြစ်လာဖွယ်ရှိနေတဲ့ ကိုင်ဟာဗက် ——————- RMC Sports ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ လေဗာကူဆင်အသင်း ကွင်းလယ်လူ ကိုင်ဟာဗက်ကို ပြောင်းရွှေ့ကြေးပေါင် သန်း ၉၀ နဲ့ ခေါ်ယူပြီး ငါးနှစ်စာချူပ်ချူပ်ဆိုနိုင်ခဲ့တယ်ဆိုတဲ့ သတင်းကို ဗြိတိန်မီဒီယာတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေကြပါတယ်။ RMC Sports ကဖော်ပြခဲ့တဲ့ ပြောင်းရွှေ့ကြေးအတိုင်းဆိုရင် ပရီးမီးယားလိဂ်ရဲ့ ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ကစားသမားတစ်ဦးဖြစ်လာဖွယ်လည်းရှိနေပါတယ်။ လက်ရှိမှာတော့ ကလပ်နှစ်သင်းဟာ ဟာဗက် ရဲ့ အပြောင်အရွှေ့ကို အပြီးသတ်နိုင်ဖို့ ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ကစားသမားနှစ်ဦးအထိခေါ်ယူနိုင်ခဲ့ပြီဖြစ်ပေမယ့်လည်း ဟာဗက်စ်အပြင်နောက် ခံလူတစ်ဦးလည်း ခေါ်ယူဖို့ ရှာဖွေနေဆဲဖြစ်ပါတယ်။ လက်ရှိပရီးမီးယားလိဂ်ရဲ့ ပြောင်းရွှေ့ကြေးအမြင့်ဆုံးကစားသမားမှာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကွင်းလယ်ကစားသမားပေါ့ဘာဖြစ်ပြီး ၈၉ သန်းဖြစ်ပါတယ်။ ဟာဗက်ဟာ လေဗာကူဆင်အသင်းအတွက် […]

Continue Reading

အိုလံပီယာကော့စ် နောက်ခံလူကို ၄ နှစ်စာချူပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ လီဗာပူးလ်

အိုလံပီယာကော့စ် နောက်ခံလူကို ၄ နှစ်စာချူပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ လီဗာပူးလ် —————————– ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးလ်အသင်းဟာ ဂရိကလပ် အိုလံပီယာကော့စ်အသင်းရဲ့ နောက်ခံလူတစ်ဦးဖြစ်တဲ့ ကို့စတပ် ဆီမီကပ်စ် ကို ပေါင် ၁၁.၇၅ သန်းနဲ့ ခေါ်ယူပြီး လေးနှစ်စာချူပ် ချူပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ The Guardian ကဖော်ပြသွားခဲ့ပါတယ်။ အန်ဖီးလ်ကလပ်ဟာ ကို့စတပ် ဆီမီကပ်စ် ရဲ့ အပြောင်းအရွှေ့ကိစ္စတွေအလုံးစုံပြီးမြောက်ပြီး မာဆေးဆိုက်ရဲ့ ခိုင်မာတဲ့ သတင်း အရင်း အမြစ်တွေ အရ အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ ဆေးစစ်မှု ခံယူဖို့ လီဗာပူးကိုတောင် ရောက်နေပြီလို့ သိရပါတယ်။ လီဗာပူးလ် နည်းပြကြီး ယာဂင် ကလော့ပ် ဟာ နော့ဝှစ် ဘယ်နောက်ခံလူ ဂျမယ်လီဝစ်ကို ခေါ်ယူဖို့ […]

Continue Reading

ဆန်ချိူရဲ့ ပြောင်းအရွှေ့ကိစ္စတွေကို နောက်ဆုံးရက်မှာ ကြိုးစားခွင့်ရှိနေတဲ့ ယူနိုက်တက် နဲ့ အင်္ဂလန် ကို ဆန်ချိူပြန်သွားခြင်းအပေါ် စိုးရိမ်ခြင်းမရှိတဲ့ ဒေါ့မွန်

ဆန်ချိူရဲ့ ပြောင်းအရွှေ့ကိစ္စတွေကို နောက်ဆုံးရက်မှာ ကြိုးစားခွင့်ရှိနေတဲ့ ယူနိုက်တက် နဲ့ အင်္ဂလန် ကို ဆန်ချိူပြန်သွားခြင်းအပေါ် စိုးရိမ်ခြင်းမရှိတဲ့ ဒေါ့မွန် —————————- မန်ချက်စတာယူနိုက်တက် အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဒေါ့မွန်အသင်းရဲ့ တောင်ပံကစားသမား ဆန်ချိူဟာ မွေးရပ်မြေ အင်္ဂလန် ကိုပြန်သွားခြင်းအပေါ်မှာ ဒေါ့မွန်အသင်းက စိုးရိမ်ပူပန်ခြင်းမရှိဘူးလို့ Goal. com ကဖော်ပြသွားခဲ့ပါတယ်။ အသက် ၂၀ အရွယ် ဆန်ချိုဟာ ယခုတစ်ပတ်အတွင်း အင်္ဂလန် ကိုပြန်လာခဲ့ပြီး ပါတီပွဲတက်တဲ့ ဗီဒီယိုဖိုင်တွေကို လူမှုမီဒီယာပေါ်တွေမှာ တင်ခဲ့ခြင်းနဲ့ ပတ်သက်တဲ့ စာချူပ်စာတမ်းတွေဟာ ဒီနေ့မှာနောက်ဆုံးလုပ်ဆောင်ဖို့ ပြောဆိုထားပြီးဖြစ်လို့ အသင်းကလည်း ရာသီကြိုပြင်ဆင်မှုအဖြစ် ဆွစ်ဇာလန်နိုင်ငံကို ရာသီကြိုပြင်ဆင်မှုအတွက် လေ့ကျင့်ရေးအစီအစဉ် ထွက်ခွာမှာဖြစ်ပါတယ်။ ဆန်ချိူ အခုလို အင်္ဂလန် ကိုပြန်သွားတာနဲ့ ပတ်သက်လို့လည်း ပြဿနာမရှိကြောင်းနဲ့ ဆန်ချိူအနေနဲ့ COVID-19 […]

Continue Reading