တွစ်တာပေါ်ကနေ ပရိသတ်တွေရဲ့ အာရုံကိုဖမ်းစားလိုက်ပြန်တဲ့ ပေါ့ဂ်ဘာ

တွစ်တာပေါ်ကနေ ပရိသတ်တွေရဲ့ အာရုံကိုဖမ်းစားလိုက်ပြန်တဲ့ ပေါ့ဂ်ဘာ ——————— မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ပေါ့ဂ်ဘာကတော့ ၎င်း ရဲ့ တွစ်တာ အကောင့်မှာ ‘Tomorrow’ မနက်ဖြန်ဆိုတဲ့ စာသားကို ရေးသားခဲ့ပြီး ယူနိုက်တက် ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားလိုက်ပါတယ်။ ပေါ့ဂ်ဘာ ဟာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ စာချူပ်သက်တမ်း ၁ နှစ်ကျန်ရှိနေသေးပြီး သက်တမ်းတိုးစာချူပ်ချူပ်ဆိုဖို့ မန်ချက်စတာယူနိုက်တက် အသင်းဘက်ကတော့ ကမ်းလှမ်းထားပါတယ်။ ယခုလို လူမှုမီဒီယာပေါ်မှာ တင်ထားခဲ့တဲ့စာသားကြောင့် ပေါဂ်ဘာတစ်ယောက် အသင်းနဲ့ စာချူပ်သက်တမ်းတိုးတော့မှာလားဆိုတဲ့ သို့လောသို့လောလေးတွေလည်း ပရိသတ်တွေကြားမှာဖြစ်ပေါ်လို့နေပါတယ်။ ပေါ့ဂ်ဘာကတော့ ဒီရာသီ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ပွဲစဉ်တော်တော်များကို ခြေချင်းဝတ်ဒဏ်ရာကြောင့် လွဲချော်ခဲ့ရသူဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်အလွန် ပွဲစဉ်တွေမှာတော့ အသင်းထံ အသစ်ရောက်ရှိလာတဲ့ ဘရူနိုဖာနန်ဒက်စ်နဲ့ တွဲဖက်ပြီး အကောင်းဆုံးခြေစွမ်းပြကစားထားခဲ့သလို […]

Continue Reading

လာကာဇက်တီအတွက် ငွေသားအပြင် ကစားသမား ၃ ဦးထဲက တစ်ဦးနဲ့ အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေတဲ့ ဂျူဗင်တပ်စ်

လာကာဇက်တီအတွက် ငွေသားအပြင် ကစားသမား ၃ ဦးထဲက တစ်ဦးနဲ့ အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေတဲ့ ဂျူဗင်တပ်စ် ———————- စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်စ်အသင်းဟာ အာဆင်နယ်အသင်းကနေထွက်ခွာဖို့ သတင်းတွေထွက်ပေါ်ထားတဲ့ လာကာဇက်တီကို ခေါ်ယူဖို့ ငွေသားအပြင် အသင်းက ဝါရင့်တိုက်စစ်မှူး ဟီဂူအင်၊ ဒေါက်ဂလပ်ကော်စတာ နဲ့ နောက်ခံလူ ခရစ်စတီယန် ရိုမီရို တို့ သုံးဦးထဲက တစ်ဦးကို အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ Daily Mail ကဖော်ပြသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းကလည်း အူဘာမီယန် ကို စာချူပ်သက်တမ်းတိုးပြီးတာနဲ့ လာကာဇက်တီကို ရောင်းချသွားမယ်လို့ သတင်းတွေထွက်ပေါ်ထားတာကြောင့် ဂျူဗင်တပ်စ်အသင်းက အခုလို စီစဉ်လာခဲ့တာပါ။ အိုးလေဒီ တွေဟာ လာမယ့်ရာသီ အသင်းရဲ့ တိုက်စစ်ပိုင်းကို ပြန်လည်ပြုပြင်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး အဆိုပါ ၃ ဦးကတော့ နည်းပြသစ်ပီယာလို […]

Continue Reading

ဆန်ချိူကို လက်မလျှော့သေးတာကြောင့် ဒမ်ဘီလီ ကို တရားဝင်ကမ်းလှမ်းမှု မပြုလုပ်သေးတဲ့ ယူနိုက်တက်

ဆန်ချိူကို လက်မလျှော့သေးတာကြောင့် ဒမ်ဘီလီ ကို တရားဝင်ကမ်းလှမ်းမှု မပြုလုပ်သေးတဲ့ ယူနိုက်တက် ———————— Daily Mail ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘာစီလိုနာ တောင်ပံကစားသမား ဒမ်ဘီလီကို တရားမဝင်ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ ယူနိုက်တက် တို့ဟာ ညာတောင်ပံတိုက်စစ်နေရာအတွက် ဒေါ့မွန်အသင်းက ဆန်ချိူကို ခေါ်ယူဖို့ မဖြစ်နိုင်တော့တဲ့ အချိန်မှာ ဘာစီလိုနာမှာ ပုံမှန် ပွဲထွက်မရရှိတဲ့ အသက် ၂၃ အရွယ် ဒမ်ဘီလီကို ပြောင်းလဲပစ်မှတ်ထားနေတယ်လို့သိရပါတယ်။ ဒမ်ဘီလီ နဲ့ ဘာစီလိုနာ တို့ရဲ့ စာချူပ်သက်တမ်းဟာ ၂ နှစ်ကျန်ရှိနေသေးပြီး ဘာစီလိုနာအသင်းကလည်း ဒမ်ဘီလီကို ပြန်လည်ရောင်းချချင်နေတာဖြစ်ပါတယ်။ သို့သော်လည်း နောက်ဆုံးထွက်ပေါ်ထားတဲ့ သတင်းတွေမှာတော့ ယူနိုက်တက် တို့ဟာ ဆန်ချိူကို ခေါ်ယူဖို့ လက်မလျော့သေးတာကြောင့် ပြင်သစ်သားကို တရားဝင်ကမ်းလှမ်းမှုမပြုလုပ်သေးတာလို့ […]

Continue Reading

ယူနိုက်တက် ကို ချီးကျူးသွားခဲ့ပြီး အနိုင်ယူဖို့အဆင်သင့်ဖြစ်နေပြီလို့  လိုပက်တီဂွီ ထုတ်ဖော်ပြောကြား

ယူနိုက်တက် ကို ချီးကျူးသွားခဲ့ပြီး အနိုင်ယူဖို့အဆင်သင့်ဖြစ်နေပြီလို့  လိုပက်တီဂွီ ထုတ်ဖော်ပြောကြား ——————— မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ဆီဗီလာအသင်းတို့ဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာတွေ့ဆုံနေကြတာဖြစ်ပြီး ဆီဗီလာနည်းပြ ဖြစ်သူ လိုပက်တီဂွီက မန်ချက်စတာယူနိုက်တက်အသင်းကို ချီးကျူးစကားပြောဆိုသွားခဲ့ပြီး သူတို့အသင်းဟာ ယူနိုက်တက် ကို အနိုင်ရရှိဖို့အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဆီဗီလာအသင်းဟာ ကွာတားဖိုင်နယ်မှာ ဝုဗ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့သလို မန်ချက်စတာယူနိုက်တက် အသင်းကလည်း ကိုပင်ဟေဂင်ကို အချိန်ပိုမှာ ၁-၀ နဲ့ အနိုင်ရရှိပြီး ဒီနှစ်သင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာတွေ့ဆုံနေတာလည်းဖြစ်ပါတယ်။ အခုလို မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တွေ့ဆုံနေမှုအပေါ်မှာ လိုပက်တီဂွီက” ကျွန်တော်တို့ ကစားရမယ့်အသင်းက ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းတစ်သင်းပါပဲ၊ ဒါကြောင့်သူတို့ရင်ဆိုင်ဖို့ ကျွန်တော်အကောင်းဆုံးပြင်ဆင်ထားပါတယ်။ ဒီနောက်ပိုင်းပွဲတွေမှာ သူတို့အသင်းရလဒ်တွေတော်တော်လေးကောင်းမွန်လာခဲ့တာကိုတွေ့ရပြီး ကျွန်တော်တို့အတွက် ခက်ခဲမယ်ဆိုတာသိပါတယ်။ ဒီပွဲအတွက် ကျွန်တော်တို့ အာရုံစိုက်ထားသလို အရင်လိုပဲ ကျွန်တော်တို့ အကောင်းဆုံးပုံစံနဲ့ […]

Continue Reading

အာရွန် ဝမ်ဘစ်ဆာကာရဲ့ အားနည်းချက်ကို သတိပေးပြောဆိုလိုက်တဲ့ တိုနီကတ်စ် ကာရီနို

အာရွန် ဝမ်ဘစ်ဆာကာရဲ့ အားနည်းချက်ကို သတိပေးပြောဆိုလိုက်တဲ့ တိုနီကတ်စ် ကာရီနို ———————- အိုင်ယာလန် လက်ရွေးစင်တစ်ဦးဖြစ်တဲ့ တိုနီကတ်စ်ကာရီနို ကတော့ မန်ချက်စတာယူနိုက်တက် နောက်ခံကစားသမားတစ်ဦးဖြစ်တဲ့ အာရွန်ဝမ်ဘစ်ဆာကာ ကို လုံလောက်တဲ့ ဘောလုံးစွမ်းရည်မပြသနိုင်သေးဘူးလို့ The Times ကိုပြောဆိုသွားပါတယ်။ ဝမ်ဘစ်ဆာကာ ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ပေါင် သန်း ၅၀ နဲ့ ယူနိုက်တက် တို့ ခေါ်ယူထားတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး ခံစစ်ပိုင်းမှာ စိတ်ချရတဲ့ ကစားသမားတစ်ဦးဖြစ်ပေမယ့် တိုက်စစ်ကို ပံ့ပိုးမှုအပိုင်းမှာတော့ အားနည်းနေဆဲဖြစ်ပါတယ်။ ကာရီနို က ဘစ်ဆာကာ ရဲ့ အားနည်းချက်နဲ့ ပတ်သက်လို့ အခုလိုပဲ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ကာရီနို ကပြောကြားခဲ့ရာမှာတော့” ပြိုင်ဘက်တိုက်စစ်မှုးတွေနဲ့ တစ်ယောက်ချင်းယှဉ်ပြိုင်ရတဲ့အခါမှာ အာရွန်က အကောင်းဆုံး ခံစစ်ကစားသမားလို့ ပြောလို့ ရပါတယ်။ ကျွန်တော်သိသလောက် ဆွန်ဟောင်မင်၊ […]

Continue Reading

ကီပါကို ဖိအားပေးနိုင်မယ့် ဂိုးသမားတစ်ဦးကို ရှာဖွေနေတဲ့ ချယ်လ်ဆီး

ကီပါကို ဖိအားပေးနိုင်မယ့် ဂိုးသမားတစ်ဦးကို ရှာဖွေနေတဲ့ ချယ်လ်ဆီး ———————– ပရီးမီးယားလိဂ် ချယ်လ်ဆီးအသင်းဟာ အသင်းမှာ လက်စွမ်းမတည်ငြိမ်တဲ့ ဂိုးသမားကီပါ ကို ဖိအားပေးနိုင်မယ့် ဂိုးသမားတစ်ဦးရှာဖွေနေတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းမှာ အငှားကစားနေတဲ့ ပီအက်စ်ဂျီအသင်းရဲ့ ဂိုးသမား အာရီအိုလာက ချယ်လ်ဆီးအသင်းရဲ့ ပစ်မှတ်စာရင်းထဲမှာပါဝင်လာတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်မြူးနစ်အသင်းကိုကို နှစ်ကျော့ပေါင်း ၇-၁ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဒီရာသီ ပြိုင်ပွဲစုံ ပေးဂိုး ၇၉ဂိုးထိရှိ လာခဲ့ပြီး တစ်ပွဲပျမ်းမျှပေးဂိုး ၁.၄၄ဂိုးအထိရှိနေခဲ့ပါတယ်။ဒါဟာ ၁၉၉၀-၉၁ခုနှစ်တုန်းက တစ်ပွဲပျမ်းမျှ ၁.၆၄ဂိုး အချိုးနှုန်း ပြီးရင် ပေးဂိုးနှုန်း အများဆုံးနှစ်လည်း ဖြစ်လာခဲ့ပါတယ်။ ချယ်လ်ဆီးအသင်း ကီပါကိုခေါ်ယူခဲ့စဉ်က စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၇၁) သန်း အထိပေးချေခဲ့ရပေမယ်လည်း ကီပါကတော့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ လက်စွမ်းမျိူးကို ပြသနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ […]

Continue Reading

ရာအူးလ် ဂျေမီနက်ဇ် ပင်နယ်တီမဝင်ခဲ့ခြင်းနဲ့အတူ ယူရိုပါလိဂ်ကနေ နှုတ်ထွက်ခဲ့ရတဲ့ ဝုလ်ဗ်

ရာအူးလ် ဂျေမီနက်ဇ် ပင်နယ်တီမဝင်ခဲ့ခြင်းနဲ့အတူ ယူရိုပါလိဂ်ကနေ နှုတ်ထွက်ခဲ့ရတဲ့ ဝုလ်ဗ် ———————- ဝုလ်ဗ်အသင်းနဲ့ ဆီဗီလာအသင်းတို့ရဲ့ပွဲစဉ်မှာတော့ ဆီဗီလာအသင်းက ဝုလ်ဗ် အသင်းကို ၀-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ဝုလ်ဗ်အသင်းဟာ ဒီပွဲကို ဂျေမီနက်ဇ်၊ ထရာအိုရေး၊ နာဗက်၊ မော်တင်ဟို အစရှိတဲ့ အကောင်းဆုံးစုဖွဲ့မှုနဲ့ ပွဲထွက်လာခဲ့တာဖြစ်ပြီး ဆီဗီလာအသင်းရဲ့ ပွဲထွက်စာရင်းမှာလည်း အိုကမ်ပို့စ်၊ ဆူဆို၊ အန်နက်ဆရီ၊ ရယ်ဂီလွန်တို့လို အဓိကကစားသမားတွေ ပါဝင်လာခဲ့တာကိုတွေ့ရပါတယ်။ ဆီဗီလာ အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာ နဲ့ ဝုလ်ဗ်အသင်းကို ဖိအားပေးကစားခဲ့ပေမယ့် ဝုလ်ဗ်အသင်းရဲ့ ခံစစ်ကြောင်းကိုတော့ ထင်သလောက် ဖိအားပေးနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဝုလ်ဗ်အသင်းက တန်ပြန်တိုက်စစ်တွေကနေဂိုးရဖို့အားထုတ်ခဲ့ပြီး ပွဲချိန် (၁၃) မိနစ်မှာ ထရာအိုရေးကို ဒီယေဂိုကားလို့စ် ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ဝုလ်ဗ် အသင်း ပင်နယ်တီ […]

Continue Reading

သူအားနည်းတဲ့အပိုင်းကို ထုတ်ဖော်ပြောဆိုခဲ့ပြီး အသင်းနဲ့အတူ ယူရိုပါလိဂ် ဖလားကိုင်မြှောက်ချင်ကြောင်း ဂရင်းဝုဒ် ဖွင့်ဟ

သူအားနည်းတဲ့အပိုင်းကို ထုတ်ဖော်ပြောဆိုခဲ့ပြီး အသင်းနဲ့အတူ ယူရိုပါလိဂ် ဖလားကိုင်မြှောက်ချင်ကြောင်း ဂရင်းဝုဒ် ဖွင့်ဟ ———————- မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ မေဆင်ဂရင်းဝုဒ်ကတော့ သူ့အနေနဲ့ လက်ရှိမှာ အသင်းအတွက် ခေါင်းတိုက်သွင်းဂိုးတွေ ပိုမိုသွင်းယူနိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောဆိုခဲ့သလို အသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားရယူနိုင်ဖို့ ရည်မှန်းထားတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ ဒီရာသီဆိုးလ်ရှားလက်အောက်မှာတောက်ပလာတဲ့ လူငယ်လေးတစ်ဦးဖြစ်ပြီး အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေကိုလည်း သွင်းယူပေးနတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဂရင်းဝုဒ်ဟာ ဂိုးသွင်းယူရာမှာ ဘယ်ခြေညာမရွေးသွင်းယူနိုင်သူတစ်ဦးဖြစ်ပြီး ခေါင်းတွေသွင်းဂိုးတွေသွင်းယူရာမှာတော့ အားနည်းနေဆဲဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဂရင်းဝုဒ်က” ကျွန်တော် ခေါင်းတိုက်သွင်းဂိုးတွေပိုပြီသွင်းယူနိုင်ဖို့ လိုနေအပ်ပါတယ်။ ဒီရာသီမှာဆိုရင် ကျွန်တော်ခေါင်းတိုက်သွင်းယူနိုင်တာ တစ်ဂိုးပဲရှိသေးတဲ့အတွက် ယူရိုပါလိဂ်ပြိုင်ပွဲမပြီးဆုံးခင် ခေါင်းတိုက်သွင်းဂိုးကို သွင်းယူနိုင်ဖို့ မျှော်လင့်ပါတယ်။ အသင်းနဲ့အတူ ယူရိုပါလိဂ် ဖလားကို လည်း ကိုင်မြှောက်ချင်ပါတယ်လိုံ” ပြောဆိုသွားခဲ့ပါတယ်။ […]

Continue Reading

ဘာကာယိုကို ကို အရှုံးခံပြီးရောင်းချဖို့ စီစဉ်နေတဲ့ ချယ်လ်ဆီး

ဘာကာယိုကို ကို အရှုံးခံပြီးရောင်းချဖို့ စီစဉ်နေတဲ့ ချယ်လ်ဆီး —————— ပရီးမီးယားလိဂ် ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဘာကာယိုကို ပြန်လည်ရောင်းချသွားဖို့ စီစဉ်နေတယ်လို့ Metro က ဖော်ပြသွားပါတယ်။ ဘာကာယိုကို ဟာ ချယ်လ်ဆီးအသင်းကို ကွန်တီကိုင်တွယ်ခဲ့စဉ်အခါက မိုနာကိုအသင်းထံကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းနဲ့ အံဝင်ခြင်းမရှိပဲ ခြေစွမ်းမပြနိုင်တာကြောင့် အေစီမီလန်၊ မိုနာကိုအစရှိတဲ့ အသင်းထံကို အငှားချခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။ အဆိုပါအသင်းတွေကလည်း ဘာကိုယိုကို အား အပြီးသတ်ဝယ်ယူဖို့ မရှိတဲ့အတွက် ချယ်လ်ဆီးအသင်းက ပေါင်သန်း ၂၀ လောက်နဲ့ ပြန်လည်ရောင်းချဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဘာကာယိုကို ဟာ လက်ရှိ အငှားချထားတဲ့ မိုနာကိုအသင်းမှာ ထင်သလောက်ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့ပဲ ပြိုင်ပွဲစုံ ၂၀ ကစားခဲ့ရာမှာတော့ သွင်းဂိုး တစ်ဂိုး နဲ့ […]

Continue Reading

ကွင်းလယ်ကနေ အသင်းကိုပြန်ပြီးတည်ဆောက်ချင်နေတဲ့ ပီယာလိုအတွက် ပေါ့ဂ်ဘာက အကောင်းဆုံးလက်ဆောင်ပါ #လူကာတိုနီ

ကွင်းလယ်ကနေ အသင်းကိုပြန်ပြီးတည်ဆောက်ချင်နေတဲ့ ပီယာလိုအတွက် ပေါ့ဂ်ဘာက အကောင်းဆုံးလက်ဆောင်ပါ #လူကာတိုနီ —————————- ဂျူဗင်တပ်စ်အသင်းနည်းပြသစ်ဖြစ်တဲ့ အင်ဒရီ ပီယာလို ကို အသင်းဖော်ဟောင်းတစ်ဦးဖြစ်တဲ့ လူကာတိုနီက မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ပေါ့ဂ်ဘာကို အသင်းထံပြန်လည်ခေါ်ယူပေးဖို့ တောင်းဆိုခဲ့တယ်လို့ Goal. com ကဖော်ပြသွားခဲ့ပါတယ်။ ပေါ့ဂ်ဘာ ဟာ ပီယာလို နဲ့ တွဲဖက်ပြီး ၃ နှစ်ကြာကစားခဲ့ကြသူတွေဖြစ်သလို ဆုဖလား ၈ လုံးဆွတ်ခူးနိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ အဲ့ဒီနောက် ၂၀၁၆ ခုနှစ်မှာတော့ ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက် အသင်းထံကို ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပါတယ်။ လူကာတိုနီကပြောကြားခဲ့ရာမှာတော့” အသင်းကို ပြန်လည်တည်ဆောက်ဖို့ ကွင်းလယ်က စတင်ရမယ်ဆိုတာ အင်ဒရီ ကကောင်းကောင်းသိထားပါတယ်။ ဒီနေရာအတွက် အကောင်းဆုံး လက်ဆောင်ကိုပြောပါဆိုရင်တော့ ယူနိုက်တက် က ပေါ့ဘာ ပါပဲ၊ ဒါပေမယ် ဖြစ်လာခြင်း […]

Continue Reading