အသင်းရဲ့ အဓိကတိုက်စစ်မှူး အူဘာမီယန်ရဲ့ တန်ကြေးကို သတ်မှတ်ပေးလိုက်တဲ့ အာဆင်နယ်

Premier League

အသင်းရဲ့ အဓိကတိုက်စစ်မှူး အူဘာမီယန်ရဲ့ တန်ကြေးကို သတ်မှတ်ပေးလိုက်တဲ့ အာဆင်နယ်
——————-



[unicode]

အာဆင်နယ်အသင်းကတော့ သူတို့အသင်းရဲ့ အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အူဘာမီယန် ရဲ့ ပြောင်းရွှေ့ကြေးကို တန်းဖိုးသတ်မှတ်လိုက်တယ်လို့ Dail Express ကဖော်ပြခဲ့ပါတယ်။ အာဆင်နယ်အသင်းက ဂါဘွန်သားရဲ့ တန်ကြေးကို ပေါင်သန်း ၅၀ သတ်မှတ်ခဲ့တာဖြစ်ပြီး အသင်းမှာ စာချူပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် အဆင်အပြေတာကြောင့် ရောင်းထုတ်သွားဖို့ စီစဉ်လာခဲ့တာလည်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းက အူဘာမီယန်ကို ရောင်းချလိုခြင်းမရှိပေမယ့်လည်း လာမယ့် နွေရာသီမှာ လက်လွှတ်သွားရဖွယ်ရှိနေပါတယ်။

ဒီတိုက်စစ်မှူးကို ဘာစီလိုနာအသင်းက စောင့်ကြည့်နေတာဖြစ်ပြီး တိုက်စစ်မှူး ဆွာရက်ဇ်ရဲ့နေရမှာအစားထိုးဖို့ ခေါ်ယူချင်နေတာဖြစ်ပါတယ်။အာဆင်နယ်အသင်းသာ ချန်ပီယံလိဂ် ဝင်ခွင့်ကိုလာမယ့်ရာသီမှာသာ ဆက်လက်ဆုံးရှုံးခဲ့မယ်ဆိုရင် အူဘာမီယန်းကို သေချာပေါက်လက်လွှတ်ရမယ့်အရေးနဲ့ကို ရင်ဆိုင်ရနိုင်တာဖြစ်ပြီး လက်ရှိရာသီမှာလည်း အမှတ်ပေးဇယားအဆင့် ၉ နေရာမှာ ရပ်တည်နေပြီး အမှတ်ပေးဇယားအဆင့် ၄ နေရာက အသင်းနဲ့ ၈မှတ်ကွာဟနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *